brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အနံ့ပြင်းပြင်း စားစရာတွေကြောင့် ခံတွင်းနံ့ဆိုးတာကို သက်သာစေဖို့

အနံ့ပြင်းပြင်း စားစရာတွေကြောင့် ခံတွင်းနံ့ဆိုးတာကို သက်သာစေဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာကို သိပြီးပြီလား! တစ်ခါတလေမှာ ခံတွင်းနံ့ဆိုးတာက ခံတွင်း သန့်ရှင်းရေး အားနည်းလို့ မဟုတ်ဘဲ စားလိုက်တဲ့ အစားအစာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး အနံ့ပြင်းတဲ့ စားစရာတွေကြောင့် ခံတွင်းအနံ့ ဆိုးတာကို သက်သာအောင် လုပ်ဆောင်လို့ရမယ့် နည်းလမ်းလေးကို ပြောပြပေးပါရစေ။

အနံ့ပြင်းပြင်း စားစရာတွေကြောင့် ခံတွင်းနံ့ဆိုးတာကို သက်သာစေဖို့

ခံတွင်းနံ့ဆိုး စေတဲ့ စားစရာတွေက ဘာတွေလဲ။

ခံတွင်း အနံ့ဆိုးစေတဲ့ စားစရာတွေက

  • ကော်ဖီ
  • တညင်းသီး
  • ဆူးပုတ်ရွက်
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • အယ်လ်ကိုဟော
  • ရှီတာကီမှို စတာတွေပါ။
  • အနံ့ပြင်းပြင်း စားစရာတွေကြောင့် ခံတွင်းနံ့ဆိုးတာကို သက်သာစေဖို့

    အနံ့ပြင်းပြင်း စားစရာတွေကြောင့် ခံတွင်းနံ့ ဆိုးတာကို သက်သာစေဖို့ ဆိုရင်

    ရေသောက်ပါ

    ခံတွင်းနံ့ ဆိုးတာက ခံတွင်း ခြောက်တဲ့အခါမှာ ပိုဆိုးတတ် ပါတယ်။ ဒါကြောင့် ခံတွင်း အနံ့ဆိုးတာ သက်သာစေဖို့ ရေများများ သောက်ပါ။

    အရည်ရွှမ်းတဲ့ အသီးအနှံတွေ စားပါ

    ခံတွင်း အနံ့ဆိုးတာကို သက်သာစေဖို့ လုပ်လို့ ရတဲ့ နောက်ထပ် နည်းလမ်း တစ်ခုက အရည် ရွှမ်းတဲ့ အသီးအနှံတွေ ဖြစ်ကြတဲ့ ဖရဲသီး၊ သခွားသီး၊ တရုတ်နံနံ၊ ဆလတ်ရွက်၊ ခရမ်းချဉ်သီး စတာတွေ စားပေးပါ။

    လျှာကို သန့်စင်ပေးပါ

    လျှာမှာက စားကြွင်းစားကျန်တွေ၊ ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေ ကပ်တွယ်နေနိုင် ပါတယ်။ ဒါတွေက ခံတွင်း အနံ့ဆိုးတာကို ဖြစ်စေနိုင်ပါတယ်။

    ဒါကြောင့် သွားတိုက် တဲ့အခါ သွားပွတ်တံနဲ့ လျှာကို တိုက်ပါ။ အဝတ်စ သန့်သန့်လေးမှာ ရေနွေးနွေးလေး ဆွတ်ပြီး လျှာကို သန့်ပေးပါ။

    လေးညှင်းပွင့် ဝါးစားပါ

    လေးညှင်းပွင့်ကို ဝါးပေးတာ ကလည်း ခံတွင်း အနံ့ဆိုးတာကို သက်သာစေပါ တယ်။

    ပီကေ ဝါးပါ

    သကြား မပါတဲ့ ပီကေ ဝါးတာကလည်း ခံတွင်း နံ့ဆိုးတာကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းပါ။

    အယ်လ်ကိုဟော မပါတဲ့ ခံတွင်းသန့်ဆေး သုံးပါ

    အယ်လ်ကိုဟော မပါတဲ့ ခံတွင်းသန့် ဆေးရည်ကို သုံးပါ။ ဒါကလည်း ခံတွင်းနံ့ ဆိုးတာကို သက်သာစေနိုင် ပါတယ်။

    လိမ္မော်ခွံ ဒါမှ မဟုတ် သံပုရာခွံ ဝါးစားပါ

    ရေစင်အောင် ဆေးထားတဲ့ သံပုရာခွံ ဒါမှမဟုတ် လိမ္မော်ခွံ ခပ်ရွယ်ရွယ်လေးကို ဝါးစားပေးပါ။ ဒါက ခံတွင်းနံ့ ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူနိုင် ပါတယ်။

    မာလကာရွက်

    မာလကာရွက်ကို ရေစင်အောင် ဆေးပြီး ဝါးစားပေးပါ။ ဒါကလည်း ခံတွင်းနံ့ ဆိုးတာကို သက်သာစေနိုင် ပါတယ်။

    Baking Soda

    ရေနွေး နွေးနွေး တစ်ခွက်ထဲမှာ Baking Soda လက်ဖက်ရည် ဇွန်း ၂ ဇွန်းစာကို ထည့်မွှေပြီး ပလုတ်ကျင်း ပေးပါ။

    ဆားရည်

    ဆားရည်နဲ့ အာလုပ်ကျင်းတာ ကလည်း ခံတွင်းနံ့ကို သက်သာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

    ကဲ ….. အနံ့ပြင်းပြင်း စားစရာတွေကြောင့် ခံတွင်းနံ့ဆိုးတာကို သက်သာစေဖို့ ဒီနည်းလမ်းလေးတွေနဲ့ ဖြေရှင်းလိုက်ပါ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/12/2023 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။