backup og meta

သင်မသိသေးသော သင့်သွားပွတ်တံအကြောင်း

သင်မသိသေးသော သင့်သွားပွတ်တံအကြောင်း

မိမိတို့ရဲ့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် သွားပွတ်တံကို နေ့စဉ်နှင့်အမျှ အသုံးပြုကြပါတယ်။ ဒါပေမယ့် သွားပွတ်တံမှာ သင်မသိသေးသော အကျည်းတန်ကြောက်မက်ဖွယ် ကောင်းတဲ့အချက်တွေရှိနေပါတယ်။

သန်းပေါင်းများစွာသော ဘက်တီးရီးယားပိုးမွှားများဟာ ခံတွင်းအတွင်းမှာရှိပါတယ်။

ကြောက်မက်ဖွယ်ကောင်းပေမယ့်ဘယ်အချိန်ကြည့်ကြည့် သင့်ခံတွင်းအတွင်းမှာမျိုးစိတ်ပေါင်း၁၀၀- ၂၀၀ထိရှိသောဘက်တီးရီးယားပိုးမွှားများရှိနေပါတယ်။ သန့်ရှင်းရေးမလုပ်ရသေးတဲ့သင့်ခံတွင်းဟာ ရေချိုးခန်းမျက်နှာပြင်လိုပဲညစ်ပတ်နေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ သင်သွားပွတ်တံမှာလည်းStaphylococci နှင့် E.coliဘက်တီးရီးယားများအပါအဝင်သန်းပေါင်းများစွာသောဘက်တီးရီးယားပိုးမွှားများတည်ရှိနေနိုင်ပါတယ်။

သွားပွတ်တံပလစ်စတစ်အဖုံးဟာ သင်ထင်ထားသလို အကျိုးသက်ရောက်မှုမရှိပါ။

သွားတိုက်ပြီးတိုင်းသင့်သွားပွတ်တံကို အဖုံးဖုံးပါသလား။ ဒီလိုလုပ်ရင်တော့မှားယွင်းတဲ့အလေ့အကျင့်ဖြစ် ပါတယ်။ သွားပွတ်တံအဖုံးအသုံးပြုခြင်းဟာ သင့်သွားပွတ်တံကို ဖုန်မှုန့်များ ကပ်ညှိခြင်းမှ ကာကွယ်နိုင်တယ်လို့ သင်ထင်ကောင်းထင်မြင်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုပြုလုပ်ခြင်းဟာ ဘက်တီးရီးယားပိုးမွှားပေါက်ဖွားခြင်းကို ပိုမိုအားပေးပါတယ်။ ဒီလိုပဲ သွားပွတ်တံများကို တစ်နေရာတည်းစုဝေးထားခြင်းဟာ ဘက်တီးရီးယားပိုးမွှားပျံ့နှံ့ခြင်းကို ပိုမိုအားပေးပါတယ်။

ရေအိမ်နှင့်နီးရာမှာ သင့်သွားပွတ်တံကို မထားပါနှင့်။

အများစုသောရေချိုးခန်းများဟာ ကျဉ်းပါတယ်။ ဒါကြောင့် သွားပွတ်တံထားတဲ့နေရာဟာ ရေအိမ် (သို့) မျက်နှာသစ်ဘေစင်နှင့် နီးနေတတ်ပါတယ်။ ရေအိမ်ကို ရေဆွဲချတဲ့အခါမှာ ရေအိမ်ထဲရှိ ဘက်တီးရီးယားပိုးမွှား များဟာ သွားပွတ်တံဆီရောက်ရှိနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် သင့်သွားပွတ်တံကို ရေအိမ်နှင့် ရေစင်တို့နှင့် ဝေးရာမှာထားပါ။

သွားပွတ်တံကို မျှဝေသုံးစွဲခြင်းမပြုပါနှင့်။

သွားပွတ်တံပေါ်မှာ ဘက်တီးရီးယားပိုးမွှားများဟာ သုံး ရက်မှ ငါးရက်တိုင်အောင် အသက်ရှင်နေထိုင်နိုင်ပါ တယ်။ ဒါကြောင့် သင်ဖျားနာနေစဉ်သွားပွတ်တံကို အသုံးပြုရင် ဗိုင်းရပ်စ်ပိုးဟာ ငါးရက်ထိ သင့်သွားပွတ်တံပေါ်မှာ အသက်ရှင်နေထိုင်နိုင်ပါတယ်။ ဒါပေမယ့် သင်အသုံးပြုပြီးသွားပွတ်တံကို ထပ်သုံးလို့ သင်ပြန်ဖျားနာနိုင်တယ်လို့ ဆိုလိုတာမဟုတ်ပါ။ အဲဒီအစားသင့်သွားပွတ်တံကိုမျှဝေအသုံးပြုမယ်ဆိုရင် သင့်သွားပွတ်တံရှိ ဗိုင်းရပ်စ်ပိုးမွှားဟာ တစ်ပါးသူထံကူးစက်နိုင်ပြီး ထိုသူကိုဖျားနာစေနိုင်ပါတယ်။

ဘယ်အချိန်မှာ သွားပွတ်တံကို လဲဖို့လိုအပ်ပါသလဲ။

ယေဘူယျအားဖြင့် သုံးလ မှ လေးလကြာထိ အသုံးပြုပြီးသော သွားပွတ်တံများကို လဲလှယ်ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းဟာ အသစ်လဲလှယ်ဖို့အတွက် သတိမေ့နေတတ်ကြပါတယ်။ ဟောင်းနွမ်းနေတဲ့ သွားပွတ်တံဟာ သင်သွားကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးနိုင်မှာမဟုတ်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The Disgusting Truth About Your Toothbrush – http://www.huffingtonpost.com/2014/04/21/toothbrush-germs-_n_5127448.html Assessed January 7,2017

The Ugly Truth About Your Toothbrush – http://www.webmd.com/oral-health/healthy-mouth-15/your-healthy-mouth/the-ugly-truth-about-your-toothbrush Assessed January 7, 2017

THE UGLY TRUTH ABOUT YOUR TOOTHBRUSH – http://www.doctorsmagazineng.com/the-ugly-truth-about-your-toothbrush/ Assessed January 7,2017

ယခုပုံစံ

12/05/2020

Dr. Sandar Lin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လျှပ်စစ် သွားပွတ်တံတွေရဲ့ ကောင်းကျိုးဆိုးပြစ်တွေ

ခံတွင်းသန့်စင်ဆေးရည် နဲ့ ဆေးသင့်၊မဆေးသင့်။



Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement