backup og meta

Crooked Teeth (သွားမညီညာဖြစ် ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Crooked Teeth (သွားမညီညာဖြစ် ခြင်း) ကဘာလဲ။

ဘာတွေကြောင့် တစ်ချို့သော သူတွေရဲ့ သွားတွေဟာ စောင်းနေတာတွေ၊မညီညာတာတွေ၊ ထပ်နေတာတွေ၊ လိမ်နေတာတွေ ဖြစ်ပြီးကြီးထွားလာရတာလဲ ဆိုတဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ တစ်ချို့သူတွေရဲ့ ပါးစပ်ဟာ သွားတွေအားလုံးညီညီ ညာညာရှိနိုင်ဖို့ အတွက် အရမ်းသေးနေတဲ့အတွက် သွားတွေကို တစ်ခုနဲ့ တစ်ခု ကျပ်ညှပ်နေစေတာမျိုး ၊နေရာလွဲသွားတာမျိုးကို ဖြစ်စေနိုင်ပါတယ်။ တစ်ချို့တွေမှာကျတော့ အပေါ်မေးရိုးနဲ့ အောက်မေးရိုးဟာ အရွယ်အစားမတူ ခြင်း(သို့) ပုံမမှန်ခြင်း ဖြစ်နေတဲ့အတွက် အပေါ် မေးရိုးက အရှေ့ကို အလွန်အကျွံထွက်နေရင် overbite လို့ခေါ်တဲ့ အပေါ်သွားတွေကို အောက်သွားတွေထက် အရှေ့ရောက်နေတာမျိုး၊ အောက်မေးရိုးက အရှေ့ကို ပိုထွက်နေရင် underbite လို့ခေါ်တဲ့ ပေါ်သွားတွေထက်အောက်သွားတွေက ပိုပြီး ရှေ့ရောက်နေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် မညီညာတဲ့ သွားတွေဟာ အောက်ပါ အချက်အလက်တွေကို ဖြစ်စေနိုင်ပါတယ်။

  • ကောင်းကောင်းမွန်မွန် မဝါးနိုင်အောင် နှောက်ယှက်နိုင်ခြင်း။
  • သွားသန့်ရှင်းရေး ကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်ဖို့ ပိုခက်ခဲတဲ့အတွက် သွားပိုးစားတာတွေ၊ သွားဖုံးရောင်တာတွေ၊ သွားအပေါက်ဖြစ်တာတွေကို ပိုဖြစ်နိုင်ချေများစေပါတယ်။
  • မေးရိုးကြွက်သားတွေနဲ့ သွားတွေကို ဒဏ်ဖြစ်စေပြီး သွားကျိုးနိုင်ဖို့ ဖြစ်နိုင်ချေကိုပိုများစေနိုင်ပါတယ်။
  • သွားတွေမညီတဲ့အတွက် မိမိကိုယ်ကို ယုံကြည်မှုလည်း ကျဆင်းစေနိုင်ပါတယ်။

သွားတွေဟာ မညီညာတဲ့အခါမှာ လုပ်ဆောင်ချက်တွေ ကောင်းကောင်း မလုပ်ဆောင်နိုင်တော့ပါဘူး။ ဒီပြသနာအခြေအနေ နဲ့ ဘယ်လိုကုသနိုင်တယ်၊ သင့်ပါးစပ်နဲ့ အစာလမ်းကြောင်း တွေကျန်းမာအောင် ဘယ်လို ကာကွယ်ရမယ်ဆိုတာတွေနဲ့ ပတ်သတ်ပြီး ဆက်လက်လေ့လာကြပါစို့။

Crooked Teeth (သွားမညီညာဖြစ် ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

သွားမညီမညာ ဖြစ်ခြင်း ဟာ အဖြစ်များတဲ့ပြဿနာတစ်ခုပါ။

ဒါပေမယ့် ဒီလိုသွားမညီမညာ ဖြစ်တာကို ဖြစ်ဖို့ အားပေးနေတဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် ထိန်းချုပ်နိုင်ပါတယ်။ နောက်ထပ် အချက်အလက်တွေ အတွက် ဆရာဝန်နဲ့ ဆက်လက် ဆွေးနွေးနိုင်ပါတယ်။

လက္ခဏာများ

Crooked Teeth (သွားမညီညာဖြစ် ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

သွားမညီညာခြင်း အမျိုးအစားအပေါ်မူတည်ပြီး ရောဂါ လက္ခဏာတွေက သာမာန်မှ ပြင်းထန်အထိဖြစ်နိုင်ပါတယ်။ အဖြစ်များတဲ့ ရောဂါ လက္ခဏာတွေကတော့

  • သွားတစ်ခုနဲ့ တစ်ခု ညီညာမှုမရှိခြင်း။
  • မျက်နှာ အသွင်အပြင် ပြောင်းလဲသွားခြင်း။
  • လျှာ(သို့) ပါးအတွင်းဘက် ကို ခဏခဏ ကိုက်မိခြင်း။
  • ကိုက်တဲ့အခါ(သို့) ဝါးတဲ့အချိန်မှာ မသက်မသာ ဖြစ်ခြင်း။
  • စကားပြောဆိုခြင်းနဲ့ ပတ်သတ်ပြီ်း အခက်အခဲ ဖြစ်နေခြင်း။ စကား သံမပီခြင်း။
  • နှာခေါင်းမှ အသက်ရှုခြင်းထက်စာရင် ပါးစပ်မှ ပိုရှုခြင်း။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစောသိပြီး ကုသမှုခံယူတာက သင့်ရဲ့ကျိုးပဲ့ပျက်စီးနေတဲ့သွားတွေကို ပိုဆိုးတဲ့ အခြေအနေမဖြစ်သွားအောင် ကာကွယ်ပေးနိုင်တဲ့အတွက် ဆရာဝန်နဲ့စော နိုင်သမျှ စောစော တွေ့ဖို့က အရေးကြီးပါတယ်။

တကယ်လို့ သင့်မှာ အထက်ပါ ရောဂါ လက္ခဏာတွေ ဖြစ်လာပြီဆိုရင် (သို့)သိလိုတဲ့ အချက်တွေရှိနေရင် တော့ ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ်ဟာ တစ်ဦးနဲ့ တစ်ဦးတုံ့ပြန်မှုချင်း မတူပါဘူး။ ဒါကြောင့် သင့်အခြေအနေအတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာကို သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ အမြဲတမ်းဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Crooked Teeth (သွားမညီညာဖြစ် ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

သွားမညီမညာဖြစ်ခြင်း ဟာ မျိုးရိုးလိုက်တတ်ပါတယ်။ ဆိုလိုတာက မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ ကူးပြောင်းပေးနိုင်ပါတယ်။

မေးရိုး ရဲ့ ပုံစံနဲ့ တည်ဆောက်ပုံ ကို ပြောင်းလဲနိုင်တဲ့ အခြေအနေတစ်ချို့၊ နေထိုင်မှုပုံစံ တစ်ချို့ကို ဆက်လက်ဖော်ပြပါမယ်။

  • နှုတ်ခမ်းကွဲခြင်း၊ အာခေါင်ကွဲခြင်း။
  • အသက် ၃နှစ်ကျော်မှာ တွေ ခဏခဏ ချိုလိမ်တွေ အသုံးပြုခြင်း။
  • ငယ်ရွယ်စဉ်ကလေးဘဝမှာ ကြာရှည် စွာနို့ဘူးဖြင့်နို့တိုက်ကျွေးခြင်း။
  • ကလေးဘဝမှာ လက်မ စုပ်ခြင်း။
  • မေးရိုး မညီမညာဖြစ်စေနိုင်လောက်တဲ့ ထိခိုက်မှု၊ ဒဏ်ရာရရှိခြင်း။
  • ပါးစပ်(သို့) မေးရိုးမှာ အကျိတ်ဖြစ်ပေါ်ခြင်း။
  • ပုံစံမမှန်သော(သို့) ထိခိုက်ဒဏ်ရာရထားသောသွားများ။
  • ပုံစံမမှန်သောသွားဖာခြင်း၊ သွားတုစွပ် ခြင်း စတဲ့ သွားဆေးကုသမှုညံ့ဖျင်းခြင်း။
  • ဓါတ်မတည့်မှု၊ အာသီးကြီးလာမှု စတာတွေကြောင့် ဖြစ်တတ်တဲ့ အသက်ရှုရန်လေပေါက် ပိတ်သွားခြင်း။ ထို့ကြောင့် ပါးစပ်ဖြင့် အသက်ရှုရခြင်း။

ဖြစ်နိုင်ခြေများ

Crooked Teeth (သွားမညီညာဖြစ် ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဖြစ်ဖို့ အားပေးနေတဲ့အချက်တွေကတော့ အခုချိန်ထိ မသိကြသေးပါဘူး။ ဒါပေမယ့် သိပံ ပညာရှင်တွေကတော့ မိဘတွေဆီက မျိုးရိုးလိုက်ပြီး လက်ခံရရှိလာတာလို့ ယုံကြည်ထားကြပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Crooked Teeth (သွားမညီညာဖြစ် ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သွားမညီမညာ ဖြစ်ခြင်းတွေကို ပုံမှန် သွား စစ်ဆေးတဲ့ စစ်ဆေးချက်တွေနဲ့ပဲ ရောဂါ အမည်သတ်မှတ်နိုင်ပါတယ်။ သင့် ရဲ့ သွားဆရာဝန်က သွားတွေကို စစ်ဆေးပြီး သွားတွေက ကောင်းကောင်းမွန်မွန်စီစီရီရီ ရှိနေ၊ မနေ သိနိုင်အောင်လို့ သွား ဓါတ်မှန်ရိုက်ယူနိုင်ပါတယ်။ ကျိုးပဲ့ပျက်စီးနေတဲ့သွားတွေ တွေ့ရှိပါက အမျိုးအစားနဲ့ ဘယ်လောက်ပြင်းထန်တယ်ဆိုတာ ခွဲခြားသတ်မှတ်ရပါမယ်။ အဓိက အားဖြင့် သွားကျိုးပဲ့ခြင်း အမျိုးအစား ၃ ခုရှိပါတယ်။

  • Class 1- အမျိုးအစား ၁ : အပေါ်သွားနဲ့ အောက်သွားထပ်နေခဲ့ရင် ဒီအမျိုးအစားဆိုပြီးသိနိုင်ပါတယ်။ ဒီအမျိုးအစားမှာဆိုရင်တော့ သွားစိရင် ပုံမှန်အတိုင်းပဲညီပြီး သွားထပ်နေတာက အနည်းငယ်ရှိနိုင်ပါတယ်။ ဒီ class 1 အမျိုးအစားက သွားကျိုးပဲ့ပျက်စီးခြင်းတွေထဲမှာ အဖြစ်များဆုံး ပဲဖြစ်ပါတယ်။
  • Class 2 – အမျိုးအစား ၂ : အပေါ်သွားက ရှေ့ကို တအား ထွက်နေရင် ဒီအမျိုးအစားလို့သတ်မှတ်နိုင်ပါတယ်။ အဲဒီ အခြေအနေကို အပေါ်မေးရိုးရှေ့သို့ရောက်နေခြင်းလို့ခေါ်ပါတယ်။ အဲဒီအခြေအနေမှာ အပေါ်သွားနဲ့မေးရိုးဟာ အောက်သွားနဲ့မေးရိုးထက် ရှေ့ကို ပိုပြီးငေါထွက်နေပါတယ်။
  • Class 3- အမျိုးအစား ၃ : အောက်သွားက ရှေ့ကို တအား ထွက်နေရင် ဒီအမျိုးအစားလို့သတ်မှတ်နိုင်ပါတယ်။ အဲဒီ အခြေအနေကို အောက်မေးရိုးရှေ့သို့ရောက်နေခြင်းလို့ခေါ်ပါတယ်။ အဲဒီအခြေအနေမှာ အောက်သွားနဲ့မေးရိုးဟာ အပေါ်သွားနဲ့မေးရိုးထက် ရှေ့ကို ပိုပြီးငေါထွက်နေပါတယ်။

Crooked Teeth (သွားမညီညာဖြစ် ခြင်း) ကို ဘယ်လိုကုသပါသလဲ

သိပ်မပြင်းထန်တဲ့သွားမညီညာခြင်း ဖြစ်နေတဲ့ သူအများစုမှာ ကုသမှုခံယူဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် သင့်သွားမညီမညာ ဖြစ်တာ ကဆိုးရွားတယ်ဆိုရင်တော့ သွားဆရာဝန်က သွားနှင့် မေးရိုး ဆိုင်ရာ အထူးပြုဆရာဝန်ဆီ လွှဲပေးနိုင်ပါတယ်။ သွားမညီမညာ ဖြစ်ခြင်းရဲ့ အမျိုးအစားပေါ်မူတည်ပြီး သွားနှင့်မေးရိုးဆိုင်ရာဆရာဝန်က မတူညီတဲ့ ကုသမှုတွေ ညွှန်ကြားနိုင်ပါတယ်။ အဲဒီကုသမှုတွေကတော့

  • သွားတွေ နေရာမှန်အောင် သွားဖုံးစွပ်တပ်ခြင်း။
  • သွားတွေထပ်နေတာကို ပြုပြင်ဖို့ အတွက် သွားနှုတ်ခြင်း။
  • သွားကြားကို ဖြည့်ခြင်း၊ သွားပုံပြုပြင်ခြင်း၊ သွားအစွပ်တပ်ခြင်း။
  • မေးရိုးကို ခွဲစိတ်ကုသပြုပြင်ခြင်း။
  • မေးရိုးငြိမ်စေရန် ကြိုးဖြင့်ဆွဲခြင်း။

ဒီလို ပုံမမှန်တဲ့သွားတွေကို ကုသမှုခံယူလိုက်တာကြောင့် နောက်ဆက်တွဲဆိုးကျိုးတစ်ချို့ကို ဖြစ်စေနိုင်ပါတယ်။

  • သွားဆွေးမြေ့ခြင်း။
  • နာကျင်ခြင်း၊ မသက်မသာ ဖြစ်ခြင်း။
  • သွားစွပ်တွေ အသုံးပြုတဲ့အတွက် ပါးစပ်ထဲတွင် နေမထိထိုင်မသာ ဖြစ်ခြင်း။
  • ကုသမှုခံယူနေစဉ် အတွင်းမှာ အစာဝါးရာတွင်(သို့) စကားပြောရာတွင် ခက်ခဲမှုရှိခြင်း။

နေထိုင်မှုပုံစံပြောင်းလဲခြင်းများနှင့်အိမ်သုံးဆေးနည်းလမ်း

ဒီလို သွားမညီညာခြင်းတွေက မျိုးရိုးလိုက်ခြင်းကြောင့် အဖြစ်များတဲ့ အတွက်မဖြစ်လာအောင် ကာကွယ်ဖို့ဆိုတာ ခက်ခဲပါတယ်။ ကလေးငယ်ငယ်ရှိတဲ့မိဘတွေဆိုရင်တော့ မေးရိုးပြောင်းလဲသွားတာမျိုး ဖြစ်တာကို လျှော့ချနိုင်အောင် ကူညီ်ဖို့ အတွက် ချိုလိမ်တို့ နို့မှုန့်ဘူးတို့ အသုံးပြုတာကို လျှော့ချသင့်ပါတယ်။ သွားကျိုးပဲ့ပျက်စီးနေခြင်း ကိုစောစောသိခြင်းက ချို့ယွင်းနေတာတွေကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်တဲ့ကုသမှုတွေရဲ့ ကြာချိန်ကာလကို လျော့နည်းစေနိုင်ပါတယ်။

သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Crooked teeth.

http://www.webmd.com/oral-health/guide/crooked-teeth-misaligned-bites#1.Accessed 19 Feb, 2017.
Crooked teeth.

http://www.healthline.com/health/malocclusion-of-teeth#Overview1.Accessed 19 Feb, 2017.
Crooked teeth.

https://en.wikipedia.org/wiki/Malocclusion.Accessed 19 Feb, 2017.

ယခုပုံစံ

14/02/2018

Khine Phoo Ngon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘယ်လိုအခြေအနေမျိုးမှာ သွားနဲ့မေးရိုးခွဲစိတ်မှု လုပ်ဖို့ လိုမလဲ။

သားသားမီးမီးတို့ရဲ့ သွားကျန်းမာရေး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Khine Phoo Ngon မှ ရေးသားသည်။ · 14/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement