ကိုယ်ခံအားနည်းခြင်း။ ဆီးချိုလို ရောဂါရှိနေခြင်း၊ စတီးရွိုက်ဆေးများ၊ ကင်ဆာဆေးများနဲ့ ကုသမှုခံယူနေရခြင်း စတဲ့အခြေအနေတွေ ပါဝင်ပါတယ်။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Abscessed Tooth (သွားပြည်တည်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။
သွားသန့်ရှင်းမှုအားနည်းခြင်း။ သွားနဲ့သွားဖုံးတွေကို သေချာစွာ ဂရုမစိုက်ရင် (တနေ့ကို သွားနှစ်ကြိမ်တိုက်ခြင်း၊ သွားကြားထိုးခြင်း စသည်တို့မလုပ်ရင်) သွားများပျက်စီးပြီး ပြည်တည်ကာ နောက်ဆက်တွဲပြသနာတွေ ဝင်ရောက်နိုင်ခြေ များပါတယ်။
အချိုဓါတ်များတဲ့ စားသောက်ဖွယ်ရာတွေ (သကြားလုံး၊ ဆိုဒါရည်) ဟာ သွားများမှာ အခေါင်းပေါက်များ ဖြစ်လာစေပြီး သွားပြည်တည်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Abscessed Tooth (သွားပြည်တည်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
သွားဆရာဝန်ဟာ စမ်းသပ်ကိရိယာများနဲ့ စမ်းသပ်ကြည့်ရှု ပါလိမ့်မယ်။ သွားပြည်တည်ခြင်းရှိနေရင် ဆရာဝန်က သင့်သွားကို ခေါက်တဲ့အခါ နာပါလိမ့်မယ်။ သွားနဲ့တခုခုကို ကြိတ်ဝါးရင်၊ အံကြိတ်ထားရင် နာကျင်မှု ပိုဆိုးလာခြင်း ရှိမရှိ မေးပါလိမ့်မယ်။ သွားဖုံးတွေ နီရဲရောင်ရမ်းနေရင် ဆရာဝန်ဟာ သွားပြည်တည်ခြင်းကို သံသယ ရှိပါလိမ့်မယ်။
ပြည်တည်တဲ့နေရာဝန်းကျင်က သွားတွေရဲ့ အခြေအနေကို သိရအောင် ဓါတ်မှန်လည်း ရိုက်နိုင်ပါတယ်။
Abscessed Tooth (သွားပြည်တည်ခြင်း) ကို ဘယ်လိုကုသပါသလဲ
ပိုးဝင်ခြင်းကို ပျောက်ကင်းစေဖို့၊ သွားကို မပျက်စီးစေဖို့၊ နောက်ဆက်တွဲပြသနာတွေကို ကာကွယ်နိုင်ဖို့ စတာတွေဟာ ကုသခြင်းရဲ့ ရည်မှန်းချက်တွေပဲ ဖြစ်ပါတယ်။ ပိုးဝင်ခြင်းကို ပျောက်ကင်းဖို့ ပြည်တွေကို ဖောက်ထုတ်ဖို့ လိုပါတယ်။ သွားအရင်းကို အပေါက်ဖောက်ပြီး စီးထွက်စေတဲ့နည်းကို သုံးပါတယ်။ ပိုးဝင်ခြင်း ပျောက်ကင်းသွားပြီးတဲ့အခါ မကောင်းတော့တဲ့ အသားတွေကို ဖယ်ထုတ်ဖို့ ခွဲစိတ်ရတတ်ပါတယ်။ ပြီးရင်တော့ သွားကို ဖုံးပါတယ်။
သွားကိုနုတ်ပြီး အောက်ခြေက ပြည်တွေကို စီးထွက်စေတာလည်း ရှိပါတယ်။
ရောဂါပိုးဝင်တာပျောက်အောင် ပဋိဇီဝဆေးတွေလည်း ပေးပါတယ်။ နာကျင်မှုကို သက်သာအောင် ဆားရည်နွေးနွေးနဲ့ အာလုတ်ကျင်းတာ၊ မိမိဖာသာ ဝယ်သောက်နိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေ သုံးစွဲတာ စတာတွေ ပြုလုပ်နိုင်ပါတယ်။
ရောင်ရမ်းမှု နာကျင်မှုတွေကို သိပ်အားမပြင်းတဲ့ လေဆာနဲ့ ကုသနိုင်ပါတယ်။ လူနာကို နာကျင်မှုလျော့စေပြီး သက်တောင့်သက်သာ ဖြစ်စေပါတယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက သွားပြည်တည်ခြင်းအတွက် အထောက်အကူ ပြုသလဲ
ဆားရည်နွေးနွေးနဲ့ အာလုတ်ကျင်းပါ။
အကိုက်အခဲပျောက်ဆေးဝါးများ သောက်ပါ။
ဖလူအိုရွိုက်ပါဝင်သော သောက်ရေသောက်ပါ။
ဖလူအိုရွိုက်ပါဝင်တဲ့ သွားတိုက်ဆေးနဲ့ တနေ့ကို သွားနှစ်ကြိမ်တိုက်ပါ။
သွားကြားထဲ သန့်ရှင်းတဲ့ ပိုးချည်မျှင်ကို သုံးပြီး နေ့စဉ် သန့်ရှင်းပါ။
၃-၄ လ ကြာတိုင်း သွားပွတ်တံကို လဲလှယ်ပါ။
အချိုဓါတ်များတဲ့ သရေစာတွေကို လျှော့ချပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးပါ။
သွားဆရာဝန်ဆီ ပုံမှန်ပြသပါ။
ပိုးသေစေတဲ့ ဖလူအိုရိုက်ပါတဲ့ ဆေးရည်များနဲ့ အာလုတ်ကျင်းပြီး သွားများပျက်စီးခြင်းကနေ ကာကွယ်နိုင်ပါတယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။