home

အရိုးနဲ့ကြွက်သားကျန်းမာရေး

ကျန်းမာရေးဗဟုသုတ

အရိုးနဲ့ကြွက်သားကျန်းမာရေး

အရိုးကင်ဆာက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ တင်ပဆုံရိုးနဲ့ အရိုးရှည်တွေဖြစ်ကြတဲ့ လက်မောင်းရိုးနဲ့ ခြေထောက်ရိုးတွေမှာ အဖြစ်များပါတယ်။ အရိုးကင်ဆာက ဖြစ်ခဲတဲ့ ကင်ဆာတစ်မျိုးဖြစ်ပြီး ကင်ဆာခံစားရသူ အယောက် ၁၀၀ မှာ ၁ ယောက်ပဲခံစားရလေ့ရှိတဲ့ ကင်ဆာ အမျိုးအစားပါ။ အရိုးကင်ဆာဖြစ်စေတဲ့ အကျိတ်တွေထက် ကင်ဆာမဟုတ်တဲ့အကျိတ်တွေက ပိုအဖြစ်များပါတယ်။ အရိုးကင်ဆာဆိုတဲ့နေရာမှာ အခြားနေရာမှာဖြစ်တဲ့ ကင်ဆာကနေ ကင်ဆာဆဲလ်တွေ အရိုးဆီပြန့်လာပြီး ဖြစ်ပွားတာမျိုး မဟုတ်ပါဘူး။ အရိုးမှစဖြစ်တဲ့ ကင်ဆာကို အရိုးကင်ဆာလို့ သတ်မှတ်တာပါ။ အရိုးကင်ဆာဖြစ်တဲ့အခါ အရိုးကင်ဆာဖြစ်တဲ့အခါ အကျိတ် ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ တစ်ရှူးစအစိုင်အခဲတွေ အရိုးမှာဖြစ်လာပါတယ်။ အရိုးကင်ဆာဖြစ်တဲ့အခါ ကင်ဆာဆဲလ်တွေက အလျင်အမြန်ကြီးထွားလာပြီး အခြားအစိတ်အပိုင်းတွေဆီကို ပြန့်သွားပါတယ်။ ဒီအခြေအနေကို ကင်ဆာလို့ သတ်မှတ်တာပါ။ အရိုးကင်ဆာဖြစ်တဲ့အခါ အရိုးတွေကနေစပြီး ကင်ဆာဆဲလ်တွေ ပြန်လာတဲ့ကင်ဆာကို (primary bone cancer) လို့ခေါ်ပြီး အခြားနေရာကနေဖြစ်တဲ့ ကင်ဆာဆဲလ်တွေ […]

အရိုးနဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးနဲ့ကြွက်သားကျန်းမာရေး နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အဆစ်ရောင်နာ

ကိုယ်ခန္ဓာရှိအဆစ်အမြစ်များအတွင်း သွေးယိုတဲ့ အခြေအနေ (Hemarthrosis) ကို ဆိုလိုပါတယ်။ ထိခိုက်ဒဏ်ရာရခြင်းကြောင့် ဖြစ်တတ်သလို ဟေမိုဖီးလျားခေါ် သွေးမတိတ်တဲ့ရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။ အရိုးအဆစ်များဟာ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတွေ ချောမွေ့စွာ လှုပ်ရှားနိုင်အောင် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ အကယ်၍ အဆစ်အတွင်းကို သွေးယိုစိမ့်ခဲ့ရင် ရောင်ရမ်းခြင်း၊ နာကျင်ခြင်းတွေဖြစ်တတ်ပါတယ်။ ထိရောက်စွာ မကုသရင် အမြဲတမ်းပျက်စီးသွားနိုင်ပါတယ်။ ဘာလက္ခဏာတွေရှိသလဲ အဆစ်အတွင်း သွေးယိုတဲ့အခါ ဖြစ်နိုင်တဲ့လက္ခဏာတွေကတော့ -              အဆစ်များ ရောင်ရမ်းခြင်း -              နာကျင်ကိုက်ခဲခြင်း -              နီရဲခြင်း -              အဆစ်များကို ဖိကြည့်လျှင် လေခိုသလိုဖြစ်နေခြင်း -              အဆစ်များတောင့်တင်းခြင်း -              သွေးခြည်ဥခြင်း -              ပုံမှန်လှုပ်ရှားနိုင်မှုမရှိခြင်း စတာတွေ ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်တတ်သလဲ အဆစ်အတွင်းသွေးယိုခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာများကတော့ -              ထိခိုက်ဒဏ်ရာရခြင်း၊ အရိုးကျိုးခြင်း၊ အရွတ်များစုတ်ပြဲခြင်း -              ခွဲစိတ်ကုသမှုခံယူခြင်း (မှန်ပြောင်းသုံး ခွဲစိတ်ခြင်း အပါအဝင်) -              သွေးယိုတတ်သောရောဂါများ (ဥပမာ ဟေမိုဖီးလျား) -              သွေးကျဲဆေးများ သောက်သုံးနေခြင်း -              ရောဂါပိုးဝင်ခြင်း -              […]

အရိုးကျန်းမာရေး

ချဉ်ချဉ်လေးစားရတာ ကြိုက်တယ်။ ချဉ်ပြုံးပြုံး အရသာလေးကို ခံတွင်းတွေ့တာ။ ချဉ်တဲ့အသီးတွေက အရမ်းစားကောင်းတာပဲ။ ချဉ်တာစားရမယ် ဗီတာမင် C ပါတယ်။ ကိုယ်ခံအား ကောင်းစေတယ်ဆိုပြီး ချဉ်တာတွေကို အားရပါးရ စားမိနေပြီလား။ ဒါဆိုရင်တော့ နည်းနည်းလောက် လျှော့စားပါလို့ ပြောပါရစေ။ အချဉ်တွေ အစားများတာက ကိုယ်တွင်းမှာ အက်ဆစ် ပမာဏ များစေပြီး အရိုးတွေကို ထိခိုက်စေပါတယ်။ အချဉ် စားတာ အရိုးပါးစေသလား။ အရိုးတွေ သန်မာကြံ့ခိုင်စေဖို့အတွက်  သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ များများစားပါ။ ပရိုတင်းကိုတော့ နည်းနည်းဆို လုံလောက်ပါပြီ လို့ ပြောတာ ကြားဖူးမှာပေ့ါ။ ကြွက်သားတွေ သန်မာဖို့ပဲ ပရိုတင်းကို လိုမှာလေလို့ ထင်ထားကြတာလေ။ တကယ်က အရိုးတွေ သန်မာစေဖို့လည်း ပရိုတင်းကို လိုအပ်ပါတယ်။ အချို့ကလည်း ပရိုတင်း များတာတွေက သွေးကြောတွေထဲမှာ အက်ဆစ် ပမာဏ များစေပြီး […]

အရိုးပွရောဂါ

အရိုးပွတာက အသက်အရွယ်ရလာသူ အတော်များများ ခံစားရတဲ့ ကျန်းမာရေးပြဿနာပါ။ အသက်အရွယ် ရလာတာနဲ့အမျှ အရိုးတွေရဲ့ သိပ်သည်းဆက နည်းလာပြီး အရိုးပွလာပါတယ်။ အရိုးပွလာတာက သေချာ ဂရုစိုက်ဖို့ လိုမယ့် ကျန်းမာရေးပြဿနာပါ။ အကြောင်းကတော့ အရိုးပွနေတာကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရိုးကျိုးလွယ်တာ၊ အရိုးအက်တာတွေကို ဖြစ်စေနိုင်လို့ပါ။ အရိုးပွတာက သေချာလေး ကုသမှု ခံယူဖို့ လိုသလို အစားအသောက်ကိုလည်း သေချာ ဂရုစိုက်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ အရိုးပွရောဂါ ခံစားနေရသူတွေအနေနဲ့ ဘာတွေကို သတိထား ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ အရိုးပွနေရင် ဒါတွေ မစားပါနဲ့။ အရိုးပွနေတဲ့အခါ ခံစားနေရတဲ့ ဝေဒနာကို ပိုဆိုး မသွားစေဖို့ ဒါတွေကို မစားဖို့ ပြောပါရစေ။ သကြား သကြားဆိုလို့ သကြားကိုပဲ မစားရတာ မဟုတ်ပါဘူး။ အချိုကဲတဲ့ အစားအစာတွေကိုပါ မစားရမှာပါ။ ဥပမာ ကိတ်မုန့်၊ […]

အရိုးကျန်းမာရေး

ဖနောင့်အတက်ထွက်ခြင်းဆိုတာကတော့ ခြေဖနောင့် ဒါမှမဟုတ် ဖဝါးရဲ့အောက်မှာ ကယ်လ်ဆီယမ်ဓာတ်များ စုပုံလာပြီး အရိုးကဲ့သို့ အတက်ဖြစ်လာခြင်းကို ဆိုလိုပါတယ်။ ခြေဖနောင့်ကို ဒဏ် ဒဏ်ဖြစ်လောက်တဲ့ အားစိုက်ထုတ်မှု၊ ပွတ်တိုက်ခြင်း၊ ဖိအား စတာတွေကြောင့် ခြေဖနောင့်အတက် ဖြစ်လာနိုင်ပါတယ်။ ဖနောင့်အတက်ဖြစ်စေဖို့ အားပေးတဲ့အရာတွေကတော့ - လေ့ကျင့်ခန်း (ပြေးခြင်း၊ လမ်းလျှောက်ခြင်း) - အထိုင်မကျသော ဖိနပ်များ၊ ဒေါက်မြင့်ဖိနပ်များစီးခြင်း - ခြေဖဝါးပြားလွန်းခြင်း (သို့) ခုံးလွန်းခြင်း - အဝလွန်ခြင်း - အဆစ်ရောင်ရောဂါရှိခြင်း စတာတွေ ဖြစ်ပါတယ်။ ခြေဖဝါးအတက်တချို့ဟာ မနာတတ်သလို သတိလည်းမပြုမိတတ်ကြပါဘူး။ အကယ်၍ ခြေဖဝါးအတက်ကြောင့် တချိန်လုံးနာကျင်ကိုက်ခဲနေမယ်ဆိုရင်တော့ ထိရောက်စွာ ကုသဖို့ လိုပါတယ်။ အကြောလျှောပလေ့ကျင့်ခန်းမျးလုပ်ခြင်း၊ လိုက်လျောညီထွေဖြစ်သော ဖိနပ်စီးခြင်း၊ ကာယကုသ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်း၊ ညအချိန်ခြေစွပ် (ankle splint) စွပ်ထားခြင်း စတဲ့နည်းလမ်းတွေနဲ့ သက်သာအောင် လုပ်နိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးနိုင်ပါတယ်။ အများစုဟာ အဆိုပါနည်းလမ်းများနဲ့ […]

အရိုးပွရောဂါ

အရိုးပွတာက အသက်အရွယ်ကြီးရင့်လာသူ အတော်များများ ရင်ဆိုင်ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အရိုးပွလာတဲ့အခါ အရိုးအက်တာ၊ အရိုးကျိုးလွယ်တာတွေ ဖြစ်သလို နာကျင်တဲ့ ဝေဒနာကိုလည်း ခံစားကြရပါတယ်။ ဒီတစ်ခေါက်တော့ အရိုးပွတာကြောင့် နာကျင်လာတဲ့အခါ သက်သာစေဖို့ ဘယ်လို လုပ်သင့်လဲဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေးသွားပါမယ်။ အရိုးပွလာတဲ့အခါ ခံစားရတဲ့ နာကျင်မှုကို သက်သာစေဖို့ အရိုးပွလာတဲ့အခါ အာဟာရကို ဂရုစိုက်ဖို့လိုသလို လိုအပ်တဲ့ ကုသမှုကို ခံယူဖို့လည်း လိုပါတယ်။ ဒီလို လုပ်ဆောင်မှုတွေနဲ့အတူ အရိုးပွတာကြောင့် နာကျင်မှုကို သက်သာစေဖို့ဆိုရင် ရေနွေးအိတ် ကပ်ပါ ရေနွေးအိတ်ကပ်တာ၊ ရေနွေးနဲ့ ရေချိုးတာက ကြွက်သားတွေကို ပြေလျော့စေသလို အရိုးပွတာကြောင့် နာကျင်မှုကိုလည်း သက်သာစေပါတယ်။ ဒါကြောင့် ရေနွေးနွေးလေးနဲ့ ရေချိုးတာ ဒါမှမဟုတ် ရေနွေးအိတ် ကပ်တာမျိုးလုပ်ပေးပါ။ ရေနွေးအိတ်ကပ်တဲ့အခါ ၁၅ မိနစ်ကပ်လိုက် နားလိုက် လုပ်ပေးပါ။ အသားလောင်မျိုး ဖြစ်စေနိုင်တာကြောင့်ပါ။ ရေခဲကပ်ပါ ရေခဲက အရောင်ကျစေနိုင်သလို နာကျင်မှုကို […]

အရိုးကျန်းမာရေး

အရွတ်များဟာ ကြွက်သားများနဲ့ အရိုးကို တွယ်ဆက်ပေးထားတဲ့ ခိုင်မာတောင့်တင်းတဲ့ တစ်ရှူးတွေပဲ ဖြစ်ပါတယ်။ ကြွက်သားများ ကျုံ့သွားတဲ့အခါ အရွတ်များဟာ အရိုးများကိုပါ ဆွဲယူပြီး အဆစ်တွေရဲ့ လှုပ်ရှားမှုကို ဖြစ်ပေါ်စေပါတယ်။ အဆိုပါ အရွတ်များဟာ အကြောင်းအမျိုးမျိုးကြောင့် စုတ်ပြဲခြင်း၊ ပျက်စီးခြင်း ဖြစ်တတ်ပါတယ်။ ကိုယ်ကာယပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် လှုပ်ရှားရရင်ဖြစ်စေ၊ ခြေလက်များက အလုပ်ပုံစံတမျိုးကိုပဲ ထပ်ကာထပ်ကာလှုပ်ရှားနေရရင်ဖြစ်စေ အရွတ်များကို ထိခိုက်လာစေပါတယ်။ အရွတ်များ ပျက်စီးလာတဲ့အခါ လှုပ်ရှားမှုတွေ ကောင်းစွာ မပြုလုပ်နိုင်တော့ပါဘူး။ ထိခိုက်ထားတဲ့နေရာမှာလည်း အားနည်းသွားပြီး နာကျင်ကိုက်ခဲလာတတ်ပါတယ်။ အရွတ်များထိခိုက်ပျက်စီးခြင်းကြောင့် နေ့စဉ်ဘဝမှာ လှုပ်ရှားသွားလာဖို့ ခက်ခဲနေရင်၊ နာကျင်ကိုက်ခဲမှုကို အမြဲခံစားနေရရင် ခွဲစိတ်ပြုပြင်ခြင်း ပြုလုပ်နိုင်ပါတယ်။ ခွဲစိတ်ပြုပြင်သင့်သော အကြောင်းများ အဆစ်များ ပုံမှန်လှုပ်ရှားမှု ပြန်လုပ်နိုင်အောင် ခွဲစိတ်ပြုပြင်သင့်ပါတယ်။ အရွတ်များ ထိခိုက်ပျက်စီးခြင်းဟာ ကိုယ်ခန္ဓာရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ ထိခိုက်မှုအများဆုံးနေရာတွေကတော့ ပခုံး၊ တံတောင်ဆစ်၊ […]

အရိုးနဲ့ကြွက်သားကျန်းမာရေး

အရိုးနဲ့ ကြွက်သားစနစ်လို့ ပြောပေမယ့် ဒါတွေအပြင် အရိုးနု၊ အဆစ်၊ အရွတ်၊ အရွတ်တွဲ၊ အာရုံကြောတွေလည်းပါဝင်ပါတယ်။ သူတို့ အချိတ်အဆက်မိမိ အလုပ်လုပ်မှသာ ခန္ဓာကိုယ်က ဟန်ချက်ညီညီလှုပ်ရှားနိုင်မှာပါ။ အရိုးက သူ့ဟာသူနေ၊ ကြွက်သားက ကျုံ့ချင်ကျုံ့၊ ဆန့်ချင်ဆန့်၊ အဆစ်တွေက ချောင်ဆိုရင် ကြည့်လို့ မကောင်းပါဘူး။ အထိုင်အထမှာ စမတ်ကျတဲ့ လူတစ်ယောက်ဖြစ်ဖို့ သူတို့တွေ ဘယ်လို အလုပ်လုပ်နေလဲဆိုတာ ကြည့်ကြရအောင်။ အရိုး အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အရိုးပေါင်း ၂၀၆ခုရှိပါတယ်။ အရိုးက အလုပ်၅ခု လုပ်ပါတယ်။ ခန္ဓာကိုယ်ကို ထောက်ကန်ပေးတယ်။ ဟန်ချက်ညီညီ မတ်တပ်ရပ်နိုင်အောင် ထိုင်နိုင်အောင် ကြွက်သားတွေ၊ အဆစ်တွေနဲ့ ပေါင်းပြီး ထောက်ကန်ပေးပါတယ်။ သတ္တုဓာတ်နဲ့ အဆီတွေ သိုလှောင်ပေးတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ ကယ်ဆီယမ်ရဲ့ ၉၉ရာခိုင်နှုန်းက အရိုးမှာရှိပါတယ်။ ခန္ဓာကိုယ်နဲ့ […]

အရိုးနဲ့ကြွက်သားကျန်းမာရေး

ကြွက်သားဆိုတာ အရိုးတွေမှာ လာတွယ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားနိုင်ဖို့ ကူညီပေးတယ်ဆိုတာ သိပြီးသာနေမှာပါ။ ဒါပေမယ့် ကြွက်သားတွေက ဒီထက့်ပိုပါတယ်။ မျက်တောင်ခတ်တာက စလို့ အသက်ရှင်ဖို့ နှလုံးခုန်နေရတာအထိ ကြွက်သားတွေ ပါပါတယ်။ နှလုံးခုန်တယ်ဆိုတာ နှလုံးကြွက်သား ညှစ်လို့ ခုန်တာပါ။ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေအကြောင်းကို နည်းနည်းလောက် လေ့လာကြည့်ကြမလား။ ကြွက်သားကို ဘာတွေနဲ့ လုပ်ထားတာလဲ။ သင့်ခန္ဓာကိုယ်မှာ ကြွက်သားပေါင်း ၆၀၀လောက်ရှိတယ်လို့ ပြောရင် အံ့သြသွားမလား မသိ။ သင်နေ့စဉ်အသက်ရှင်ဖို့ လှုပ်ရှားသွားလာဖို့ ဒီကြွက်သားတွေက အလုပ်ပေးရပါတယ်။ ကြွက်သားထုကြီးကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်ရင် ကြွက်သားမျှင်တွေနဲ့ လုပ်ထားတာကို တွေ့ရပါလိမ့်မယ်။ ကြွက်သားမျှင်ပေါင်း ထောင်ပေါင်းများစွာနဲ့ပါ။ ဒီကြွက်သားမျှင်တွေက သားရေကွင်းနဲ့ တူပါတယ်။ ကျုံ့တာရယ် ဆန့်တာရယ်ပဲ လုပ်ပါတယ်။ ဒီအကျုံ့အဆန့်ပဲ လုပ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားတာပါ။ ကြွက်သားတွေ ဘယ်လိုအလုပ်လုပ်သလဲ။ ကြွက်သားတွေ အလုပ်လုပ်ဖို့ Action […]

အဆစ်ရောင်နာ

အဆစ်ဆိုတာ အရိုးနှစ်ခုကို ဆက်ထားပေးတဲ့ အစိတ်အပိုင်းပါ။ အဆစ်မရှိဘဲ အရိုးတွေချည်းပဲဆိုရင် လူက အတောင့်လိုက်ဖြစ်ပြီး လှုပ်ရှားလို့ရမှာ မဟုတ်ပါဘူး။ အဆစ်ရှိလို့ အကွေးအဆန့်လုပ်လို့ရပြီး လှုပ်ရှားသွားလာနိုင်တာပါ။ အဆစ်တွေ ထိခိုက်ထားရင် တိတိကျကျပြောရရင် ရောင်ရမ်းနေရင် သူ့ပုံမှန်အလုပ်ကို လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အဆစ်ရောင်ခြင်းအကြောင်းကို သိထားသင့်ပါတယ်။ အဆစ်ရောင်ခြင်း အမျိုးအစားနဲ့ အကြောင်းရင်းများ အဆစ်ရောင်ရောဂါက အမျိုးပေါင်း ၁၀၀လောက်ရှိပါတယ်။ ဒီထဲကမှ အဖြစ်များတဲ့ အဆစ်ရောင်ရောဂါတွေကို ပြောပြပေးပါ့မယ်။ အရိုးအဆစ်ရောင်ရောဂါ (Osteoarthritis) အရိုးအစွန်းမှာရှိတဲ့ အရိုးနုလေးတွေ ပွတ်တိုက်ပါများလို့ ပါးပြီး ပွန်းလာတဲ့ အခြေအနေပါ။ အရိုးနုတွေပါးလာတဲ့အခါ အရိုးအချင်းချင်းပွတ်ပြီး အဆစ်တွေ ရောင်လာပါတယ်။ အသက်ကြီးတဲ့သူတွေ၊ အဝလွန်တဲ့သူတွေမှာ အတွေ့ရများပါတယ်။ သွေးလေးဖက်နာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က မှားယွင်းပြီး အဆစ်တွေကို ပြန်တိုက်ခိုက်တဲ့အတွက် ရောင်ရမ်းလာရတာပါ။ နာတာရှည်ရောင်ရမ်းလာတဲ့အခါ အဆစ်ထဲမှာရှိတဲ့ အရိုးနဲ့ အရိုးနုတွေ […]

အရိုးနဲ့ကြွက်သားကျန်းမာရေး

အရိုးအဆစ်ပြဿနာဆိုတာ လူတိုင်းခံစားဖူးပါတယ်။ သာမန်ညောင်းတာကိုက်တာကစလို့ ဒူးနာ၊ ခါးနာအလယ် အရိုးကျိုးတဲ့အထိ မျိုးစုံဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်ကို အရိုးတွေ၊ ကြွက်သားတွေနဲ့ ဝန်းရံထားတာကြောင့် သူတို့နဲ့ ဆိုင်တဲ့ ရောဂါတွေကလည်း အများကြီးပါပဲ။ ဒီထဲကမှ အဖြစ်အများဆုံး ပြဿနာတွေကို ပြောပြပေးပါမယ်။ အဖြစ်အများဆုံး အရိုးအဆစ်ပြဿနာများ ထိခိုက်ဒဏ်ရာ  ဒါအများဆုံးပါပဲ။ ချော်လဲတာက စလို့ ပြုတ်ကျတာအလယ် ကားတိုက်၊ ဆိုင်ကယ်မှောက်၊ စက်ဘီးလဲ နေ့စဉ်နဲ့ အမျှ ဖြစ်နေပါတယ်။ အရိုးကျိုးတာ၊ အဆစ်လွဲတာတွေ ဖြစ်တတ်ပါတယ်။ အဆစ်ရောင်  အဆစ်ရောင်တာကလည်း အဖြစ်များတဲ့ ပြဿနာ တစ်ခုပါပဲ။ အရိုးနုလေးတွေ ပွန်းပြီး ဒူးဆစ်ရောင်တာက စလို့ ဂေါက်၊ ဆိုရီယေးစစ် လေးဖက်နာ ၊ သွေးလေးဖက်နာ အဆစ်ရောင် စသဖြင့် အမျိုးပေါင်း ၁၀၀လောက်ရှိတယ်လို့ ဆိုပါတယ်။ ဘာဆာရောင်ရမ်းခြင်း ( Bursitis)  ဘာဆာဆိုတာက အရိုးနဲ့ […]

အရိုးနဲ့ကြွက်သားကျန်းမာရေး ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy