backup og meta

စိတ်အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်စေနိုင်သော နည်းလမ်းများ

စိတ်အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်စေနိုင်သော နည်းလမ်းများ

လူအတော်များများသည် စာပေလေ့လာခြင်း၊ လုပ်ငန်းခွင်နှင့် ဖျော်ဖြေရေးကိစ္စများတွင်မှာပါ စိတ်အာရုံစူးစိုက်ရခက်ခဲခြင်းမျိုး ရှိတတ်ကြသည်။ အာရုံစူးစိုက်နိုင်စွမ်းမှာ ခန္ဓါကိုယ်တွင်းရော ပတ်ဝန်းကျင် အကြောင်းတရားများပေါ်မှာပါ မူတည်နေသည်။ သင်သည် စိတ်အာရုံစူးစိုက်မှု တိုးတက်စေနည်းများကို ရှာဖွေနေသော ကျောင်းသား (သို့မဟုတ်) ရုံးဝန်ထမ်းတစ်ဦးဆိုပါက ဤဆောင်းပါးကို ဖတ်ရှုကြည့်ပါ။

စိတ်အာရုံစူးစိုက်ရခက်ခဲခြင်းဆိုသည်မှာ

စိတ်အာရုံစူးစိုက်ရခက်ခဲခြင်းဆိုသည်မှာ အချိန်အကြာထိ အကြောင်းအရာတစ်ခုပေါ်တွင် အားရုံစူးစိုက်ထားနိုင်မှုအားနည်းလာခြင်း ဖြစ်သည်။ အာရုံစူးစိုက်မှာပြဿနာနှင့်တွဲဖက်၍ အခြားသောပြဿနာများလည်း ဖြစ်တတ်ပါသည်။ အိပ်မပျော်ခြင်း၊ စိတ်လိုက်မာန်ပါပြုတတ်ခြင်း၊ အတွေးနှင့် စိတ်ပူပန်မှုများလာခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အာရုံပျံ့လွင့်ခြင်း စသည်တို့ဖြစ်ကြသည်။

စိတ်အာရုံစူးစိုက်ရခက်ခြင်း၏အကြောင်းရင်းများ

မောပန်းနွမ်းနယ်ခြင်း

ပင်ပန်းနွမ်းနယ်မှုသည် အာရုံစူးစိုက်မှု၏အဆိုးဆုံး ရန်သူများဖြစ်ကြသည်။ သုတေသနတစ်ခုကဦးနှောက်သည် အချို့အခြေအနေများတွင် ကောင်းစွာဖွံ့ဖြိုးအလုပ်လုပ်ပြီး ပင်ပန်းနွမ်းနယ်လာသောအခါ ၎င်း၏စွမ်းဆောင်ရည်လည်း ကျဆင်းလာသည်ဟုဆိုသည်။ သုတေသနပါအညွှန်းကိန်းများအရ လူတစ်ဦးသည် တစ်ညခန့်အိပ်ရေးပျက်လျှင် အာရုံစူးစိုက်မှုလည်း ကျဆင်းပြီး နေ့စဉ်လုပ်နေကျတာန်များလည်း ပြုလုပ်ရန် အခက်အခဲရှိနိုင်သည်ဟုဆိုသည်။

အလုပ်တာဝန်များစွာထမ်းဆောင်ရခြင်း

အချို့လူများသည် အလုပ်တာဝန်များစွာထမ်းဆောင်နိုင်ကြောင်း ယုံကြည်မှုရှိကြသော်လည်း ထိုအရာသည် တကယ်တော့ မကောင်းပါ။ သုတေသန၏ဖော်ပြချက်တွင် ထိုသို့ပြုလုပ်ခြင်းဖြင့် လုပ်ငန်းအတွက်အကျိုးမရှိခြင်း၊ အမှားပိုများနိုင်ခြင်းအပြင် သင်၏ဦးနှောက်ကိုလည်း ထိခိုက်စေနိုင်သည်ဟု ဆိုသည်။ ထို့ပြင် နည်းပညာတိုးတက်မှု၊ ဂိမ်းတီထွင်မှု နှင့် လူမှုကွန်ယက်များမှ တုန့်ပြန်မှုတို့ကလည်း သင့်အာရုံတွင် အပြိုင်အဆိုင်ပေါ်လာတတ်ကြသည်။ ထိုအကြောင်းအချက်များက အာရုံတစ်ခုတည်းတွင် အချိန်ကြာကြာ စူးစိုက်မှုကို ပိုမိုခက်ခဲစေသည်။ အလုပ်လုပ်ရများလေလေ သင့်ဦးနှောက်က စူးစိုက်မှုနည်းလာလေလေ ဖြစ်ပါသည်။

အချို့သောကျန်းမာရေးပြဿနာများ

စိတ်နှင့်ခန္ဓါကိုယ်သည် ကြီးမားစွာ ဆက်စပ်လျက်ရှိရာ ခန္ဓါကိုယ်တွင် ရောဂါများဖြစ်ပွားပါက စိတ်အာရုံစူးစိုက်ရ ပို၍ခက်လာနိုင်သည်။ ဥပမာအားဖြင့် သိုင်းရွိုက်လည်ပင်းအကျိတ်ရောဂါ ၊သွေအားနည်းရောဂါ၊ဆီးချိုရောဂါ၊စိတ်ဓါတ်ကျခြင်း နှင့် စိတ်ပူပန်ခြင်းတို့ ဖြစ်သည်။

ဖြေရှင်းနည်းများ

စိတ်အာရုံစူးစိုက်ရခက်ခြင်း အကြောင်းရင်းများစွာရှိသော်လည်း အခြေအနေအလိုက် ဖြေရှင်းနည်းများလည်းရှိပါသည်။

အာရုံစူးစိုက်မှုရနေသော အခြားသူများကိုစောင့်ကြည့်ပါ

အာရုံစူးစိုက်မှုရနေသောသူများ၏ မျက်လုံး၊ သူတို့၏ ငြိမ်သက်မှု ဝင်သက်ထွက်သက် ဖြည်းညင်းမှန်ကန်မှုတို့ကို လေ့လာကြည့်ပါ။ ထိုပြင်ပသွင်ပြင်များကို ကြည့်၍ သင့်၏အာရုံစိုက်မှာ ပိုမိုကောင်းစေမည့်နည်းလမ်း များအတွက် သဲလွန်စရနိုင်သည်။

အာရုံများစွာက နှောင့်ယှက်ခြင်းကိုရှောင်ပါ

တစ်ပြိုင်နက် အလုပ်များစွာလုပ်ခြင်း၊ဆူညံသံများ၊အမြင်အာရုံလှုံ့ဆော်မှုများက သင်လက်ရှိလုပ်ကိုင်နေသော အလုပ်မှအခြားသို့ မကြာခဏဆွဲခေါ်သွားတတ်သည်။ ထို့ပြင် ထိုကဲ့သို့အခြေအနေများ၌ မကြာခဏအလုပ်လုပ်ရပါက အာရုံပျံ့လွင့်တတ်သည့် အလေ့ဖြစ်သွားတတ်ပြီး ဖျောက်ဖျက်ပစ်ရန်ခက်ခဲတတ်သည်။

မကြာခဏအနားယူပါ

အပြင်ထွက်၍ အနားယူခြင်း၊ တောတောင်ရေမြေသဘာဝကိုခံစားခြင်း၊ အသက်ဝဝရှူ၍ လမ်းသွက်သွက်လျှာက်ခြင်းတို့ ပြုလုပ်ပေးပါက စိတ်ကိုလန်းဆန်းစေပြီး လုပ်ငန်းခွင် ပြန်ဝင်သည့်အခါ အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်စေသည်။

အလုပ်တာဝန်များကို ဦးစားပေးအဆင့် ပေး၍ပြုလုပ်ပါ

ခက်ခဲကြီးမားသော အလုပ်များကို အရင်လုပ်၍ သေးငယ်ပေါ့ပါးသော အလုပ်များကို နောက်ဆုံးမှလုပ်ခြင်းဖြင့် အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်နိုင်သည်။ အရေးကြီးဆုံး အလုပ်များကို စာရင်းပြုစုပါ။ ထိုအလုပ်တို့ကို ထပ်၍ အမျိုးအစား ခွဲပါ။

ဥပမာ-(က)စာရင်းတွင် ယနေ့(သို့မဟုတ်)နက်ဖြန်တွင် ပြီးအောင်လုပ်ရမည့် အလုပ်များကိုထည့်ပါ။(ခ)တွင် နောက်အပတ်မှပြီးလည်းရသည့် အလုပ်တို့ကိုရေးမှတ်ပါ။ (ဂ)တွင် နောက်ဆုံးမှ အချိန်ရလျှင် လုပ်မည့်အလုပ်များ(ဥပမာ-အီးမေးလ်များကိုစစ်ခြင်း) တို့ကိုထည့်သွင်းပါ။

အခြားအာရုံပျက်စရာများကိုကန့်သတ်ပါ

အသံဖြင့်စာပို့ထားခြင်းများကိုစစ်ရန် နှင့် ဖြေကြားရန် အချိန်တစ်ခုသတ်မှတ်ပြီး အင်တာနက်သုံးစွဲမှုကို လျှော့ချပါ။ ထို့အပြင် စီမံကိန်းတစ်ခုချင်း၏ အရေးပါမှုကိုမူတည်၍ ကွန်ပျူတာသုံးစွဲခြင်းကိုရပ်ပါ။ သို့မဟုတ်ပါက အဆုံးမရှိသော အင်တာနက် ကွန်ရက်တွင် သင်မျောပါသွားလိမ့်မည်။

နေရာတစ်ခုတည်းတွင်သာအလုပ်လုပ်ပါ

Rego ဟူသောပုဂ္ဂိုလ်၏ အဆိုအရ အလုပ်ကို စာကြည့်တိုက်၊ အလုပ်ခွင်၊ အိမ် စသည်ဖြင့် တစ်နေ့နှင့် တစ်နေ့မတူဘဲ ပြောင်းလုပ်ပါက ပြင်ပနှောင့်ယှက်မှုဒဏ်ကို ပိုမိုခံရဖွယ်ရှိသည်ဟုဆိုသည်။ တစ်ဖက်မှာလည်း သင့်စိတ်နှင့် ကျွမ်းဝင်မှုရှိပြီးသား နေရာတွင်လုပ်ကိုင်ပါက အသားကျပြီး အလုပ်လုပ်ရာတွင် ပိုမိုအားတက်စေနိုင်သည် ဟုဆိုသည်။

အလုပ်လုပ်ရန်ဆိတ်ငြိမ်သောနေရာကိုရှာပါ

အလုပ်ခွင်တွင် အခြားသူများနှင့်တွဲဖက်လုပ်ကိုင်ရပါက ဖုန်းနှင့်အမေးအဖြေလုပ်၍ ရက်ချိန်းယူ ဆက်သွယ်ပြောကြားလုပ်ကိုင်ရသူထက် ကွန်ပျူတာနှင့်သာ အလုပ်လုပ်ကိုင်ရသူနှင့် တွဲဖက်လုပ်ကိုင်ပါ။

အချိန်သတ်မှတ်ပါ

လက်ရှိလုပ်ကိုင်သော အလုပ်မှ စိတ်အာရုံ အခြားသို့ရောက်သွားပါက လက်ရှိအလုပ်သို့စိတ်ပြန်လည်လာနိုင်စေသည့် အချိန်တစ်ခုကို သတ်မှတ်ကျင့်သုံးပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1.Concentration difficulty, https://www.healthgrades.com/right-care/brain- and-nerves/concentration-difficulty Accessed March 13, 2017.

2. 6 top concentration killer http://www.webmd.com/balance/guide/top-concentration- killers#1Accessed March 13, 2017.

3. 5 Surprising causes of memory loss, http://www.everydayhealth.com/news/5-surprising- causes-memory-loss/ Accessed March 13, 2017.

4. 5 reason you can’t concentrate http://www.foxnews.com/lifestyle/2012/05/30/5-reasons- cant-concentrate.html Accessed March 13,2017

5. 10 Ways to Increase Your Concentration https://www.ananda.org/meditation/meditation-support/articles/increase-your- concentration/Accessed March 13, 2017

6. 12 Ways to improve your concentration at work
http://www.health.com/health/gallery/0,,20709425,00.html#prioritize-tasks Accessed March 13, 2017.

ယခုပုံစံ

06/04/2022

Dr. Ye Pyae Hein မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Ye Pyae Hein မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement