အစာအာဟာရဖြစ်တာတွေကို မစားဘဲ ဆီများတဲ့ အစားအစာတွေ၊ အသင့်စား Fast Food အကြော်အလှော်တွေ မကြာခဏစားတာ၊ အထိုင်များပြီး လှုပ်ရှားမှုနည်းတာ၊ လေ့ကျင့်ခန်း မလုပ်တာတွေကြောင့် လူငယ်တွေမှာ အဝလွန်တဲ့ ပြဿနာခံစားနေရပါတယ်။
အဝလွန်တာဟာ ကျန်းမာရေးထိခိုက်စေတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း နည်းစေတယ်။ သိမ်ငယ်စိတ်တွေ၊ အားငယ်စိတ်တွေ အလွယ်တကူဝင်လာစေတယ်။
နောက်ဆက်တွဲအနေနဲ့ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါတွေ ဖြစ်နိုင်ခြေမြင့်တက်လာပါတယ်။ လိင်တံဆီ သွေးစီးဆင်းမှု တဖြည်းဖြည်း နည်းလာတာကြောင့် လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာတွေ ဖြစ်လာမယ်။ လိင်မှုကိစ္စမှာလည်း စိတ်ကျေနပ်မှု အပြည့်အဝမရနိုင်တာတွေ ဖြစ်နိုင်ပါတယ်။
၈။ မိမိရဲ့ ရုပ်လက္ခဏာကို မကောင်းမြင်ခြင်း
မှန်ကြည့်တဲ့အခါ ရုပ်ကဆိုးလိုက်တာ၊ ဝလိုက်တာ၊ ကြည့်မကောင်းလိုက်တာ အစရှိသဖြင့် ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်တဲ့ အကျင့်တွေဟာ လူငယ်တွေကြားမှာ အဖြစ်များပါတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် သဘောမကျတာ၊ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကိုရော ကိုယ့်ကို ဘယ်လိုသဘောကျနိုင်မှာလဲဆိုပြီး တွေးမိတတ်ပါတယ်။
အဲ့ဒီအတွေးတွေဟာ အိပ်ရာပေါ်က ချစ်စခန်းထိ ပါလာပြီး စိတ်အာရုံကို လွှမ်းမိုးလိုက်တဲ့အခါ လိင်တံကောင်းစွာ မထောင်မတ်နိုင်တာ၊ လိင်စိတ်ဆန္ဒ နည်းလာတာတွေ ဖြစ်လာနိုင်ပါတယ်။
၉။ လိင်စိတ်ဆန္ဒလျော့နည်းလာခြင်း
အမျိုးသားဆိုတာနဲ့ပဲ အမြဲ လိင်စိတ်ထကြွနေရမယ်လို့ ထင်ထားရင်တော့မှားပါလိမ့်မယ်။ မိမိကိုယ်မိမိ တန်ဖိုးမထားတတ်တာ၊ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်စရာတွေ၊ ဘဝ၊ အလုပ်ခွင်မှာ ကြုံတွေ့ရတဲ့ အဆင်မပြေမှုတွေအပြင် သောက်နေတဲ့ ရောဂါဆေးတချို့ကြောင့်လည်း လိင်စိတ်ဆန္ဒ လျော့နည်းစေနိုင်ပါတယ်။ လိင်စိတ်ဆန္ဒနည်းပြီဆိုတာနဲ့ သူ့နောက်ကနေ ပန်းသေပန်းညှိုးပြဿနာက အမြန်လိုက်လာပြီပေါ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။