backup og meta

အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ

    ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်တယ်ဆိုတာ ရောဂါကုသရေးမှာ အရေးအကြီးဆုံးနဲ့ အလွယ်ကူဆုံးအဆင့်တစ်ခု ဖြစ်ပါတယ်။ ရောဂါတိုင်းက စောစောရှာဖွေနိုင်လေ ပျောက်ကင်းအောင်ကုသဖို့လွယ်ကူလေဖြစ်တဲ့အတွက် ကျန်းမာရေးကြိုတင် စစ်ဆေးမှုတွေကို တစ်ခုခုနေထိုင်မကောင်းဖြစ်မှ မဟုတ်ဘဲ နှစ်စဉ် (ဒါမှမဟုတ်) နှစ်အပိုင်းအခြား တစ်ခုအလိုက်ပြုလုပ်ဖို့ လိုအပ်တာဖြစ်ပါတယ်။ အခုတစ်ခေါက်မှာတော့ အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ အကြောင်း ပြောပြချင်ပါတယ်။

    အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ

    အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ ကတော့

    အသက် ၄၀ ကျော်အမျိုးသားတိုင်း အနည်းဆုံး တစ်နှစ်တစ်ကြိမ် သွေးပေါင်ချိန်တိုင်းသင့်ပြီး သွေးပေါင်ချိန်က အပေါ်သွေး ၁၂၀ နဲ့ အောက်သွေး ၈၀ မကျော်ရင်အကောင်း ဆုံးဖြစ်ပါတယ်။ အခုခေတ်မှာသွေးပေါင်ချိန် အလွယ်တကူတိုင်းလို့ရတဲ့စက်တွေလည်း ရှိနေပြီဖြစ်တဲ့အတွက် ကိုယ့်ဖာသာသွေးပေါင်ချိန်မှန်မှန်စစ်ဆေးသင့်ပါတယ်။ အဖြစ်များလာတဲ့သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေကို သွေးပေါင်ချိန်စစ်ဆေးပြီး ကြိုတင်ရှာဖွေနိုင်တဲ့အတွက် သွေးပေါင်ချိန်တိုင်းခြင်းက လွယ်ကူပြီးထိရောက်တဲ့ကျန်းမာရေးစစ်ဆေးမှုတစ်ခု ဖြစ်ပါတယ်။

    အနည်းဆုံး (၃) နှစ်တစ်ကြိမ်ဆီးချိုအတွက် HBA1c နဲ့ Lipid profile စစ်ဆေးမှုတွေပြုလုပ် သင့်ပြီး မိသားစုဆွေမျိုးထဲမှာ ဆီးချိုရောဂါဖြစ်တဲ့သူရှိရင်တော့ အသက် (၄၀) မပြည့်ခင်ထဲကစတင် စစ်ဆေးသင့်ပါတယ်။

    ကိုယ့်ကိုယ်ကို ဆီးချိုရောဂါရှိမှန်းမသိဘဲ နေထိုင်မိရင် နှလုံးပြဿနာ၊ ကျောက်ကပ်ပြဿနာ၊ လေဖြတ်ခြင်းလိုနောက်ဆက်တွဲ ပြဿနာတွေခဏလေးနဲ့ခံစားရနိုင်ပါတယ်။ သွေးတွင်းအဆီဓာတ်တွေများနေရင်တော့ သွေးကြောထဲမှာ အဆီတွေပိတ်လာပြီး နှလုံးသွေးကြောနဲ့ လေဖြတ် ရောဂါခံစားရဖို့များပါတယ်။

    အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ HIV နဲ့ ကာလသားရောဂါပိုးစစ်ဆေးခြင်း တွေကို ကိုယ့်ရဲ့နေထိုင်မှုပုံစံနဲ့ အလုပ်အကိုင်အပေါ်မူတည်ပြီး မကြာခဏစစ်ဆေးသင့်ပါတယ်။ တကယ်လို့ ကိုယ်က ပျော်တတ်ပါးတတ်တယ် (ဒါမှမဟုတ်) လိင်တူချစ်သူတစ်ယောက် ဖြစ်နေခဲ့တယ်ဆိုရင် ကူးစက်ရောဂါရှိနေဖို့ ပိုအခွင့်အလမ်းများပါတယ်။ အပေါ်က ကူးစက်ရောဂါ (၄) ခုစလုံးကို ထိန်းချုပ်နိုင်တဲ့ ဆေးဝါးတွေပေါ်နေပြီဖြစ်တဲ့အတွက် စောစောသိလေ ရောဂါကို ပိုကောင်းကောင်းထိန်းချုပ်နိုင်လေပါဘဲ။

    အရင်တုန်းက အသက်(၅၀) ကျော်မှဖြစ်ပွားနိုင်တယ်လို့ ယူဆခဲ့ကြပေမယ့် (၄၀) ကျော်လောက်နဲ့ အူမကြီးကင်ဆာဖြစ်ပွားသူတွေ တွေ့နေရပါပြီ။ လက်ရှိအချိန်မှာ ဒုတိယသေဆုံးမှုအများဆုံး ကင်ဆာရောဂါလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူလည်း ကင်ဆာရောဂါဖြစ်လို့ အဆင့်နိမ့်ရင် ပိုပြီးကုသရလွယ်ကူပါတယ်။ အူမကြီးကင်ဆာကို စစ်ဆေးဖို့ အသုံးအများဆုံးနည်းကတော့ အူမကြီးမှန်ပြောင်းကြည့်စစ်ဆေးနည်းပါ။ အူမကြီးထဲမှာကင်ဆာဖြစ်ရင် တခြားအစိတ်အပိုင်းတွေကိုပါ ကင်ဆာဆဲလ်တွေပျံ့နှံ့သွားနိုင်တဲ့အတွက် စောစောရှာဖွေပြီး လိုအပ်တဲ့ကုသမှုလုပ်သင့်တဲ့ ရောဂါတစ်ခုလို့သတ်မှတ်ပါတယ်။

    ယောကျ်ားတွေမှာအဖြစ်အများဆုံးကင်ဆာထဲမှာ ဆီးကျိတ်ကင်ဆာပါဝင်ပါတယ်။ လျင်လျင်မြန်မြန်ပျံ့နှံ့တဲ့ ဆီးကျိတ်ကင်ဆာအမျိုးအစားတွေရှိသလို ဖြေးဖြေးချင်းကြီးထွားလာတဲ့ ကင်ဆာကျိတ်တွေလည်းရှိပါတယ်။ ဘယ်လိုပဲပြောပြော ဆီးကျိတ်ကင်ဆာကို ဘာလက္ခဏာမှမပြခင် စောစောတွေ့ပြီး ကင်ဆာမှုခံယူလိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။

    • ဝှေးစေ့ကင်ဆာစစ်ဆေးခြင်း

    အဖြစ်နည်းတဲ့ကင်ဆာရောဂါတစ်ခုဖြစ်ပေမဲ့ မိသားစုဝင်တစ်ယောက်ယောက်မှာ ရောဂါရာဇဝင်ရှိနေရင်တော့ စစ်ဆေးမှုခံယူသင့်ပါတယ်။

    • မျက်စိစစ်ဆေးခြင်း

    အသက် (၄၀) ကျော် အမျိုးသားတိုင်း အနည်းဆုံးတစ်နှစ်ကိုတစ်ကြိမ် မျက်စိစစ်ဆေးမှု ခံယူသင့်ပါတယ်။ ဒီလိုစစ်ဆေးပေးခြင်းက အမြင်ဝေဝါးမှုတွေကို ရှာဖွေပေးနိုင်ရုံသာမက မျက်လုံးတိမ်စွဲခြင်းလို ပိုအန္တရာယ်များတဲ့ မျက်စိပြဿနာတွေကိုပါကုသဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။

    • နှလုံးစစ်ဆေးခြင်း

    ဒီစစ်ဆေးမှုကတော့ မိသားစုထဲမှာရောဂါရာဇဝင်ရှိသူတွေ ပိုပြုလုပ်သင့်ပါတယ်။ နှလုံး၊ သွေးတိုးနဲ့ ဆီးချိုရောဂါလို နာတာရှည်ရောဂါတချို့က မျိုးရိုးလိုက်ပြီး ဖြစ်ပွားတတ်တဲ့အတွက် နှလုံးအထူးကု နဲ့ပြသပြီး လိုအပ်ရင် နှလုံးစက်ဆွဲခြင်း (ECG)၊ နှလုံးအက်ကိုးရိုက်ခြင်းတွေပြုလုပ်ပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။ နှလုံးမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုခုတွေ့ရှိခဲ့ရင် လိုအပ်တဲ့ကုသမှုတွေ ဆက်ပြီးလုပ်ဆောင်ဖို့ပါ အကြံပေးချင်ပါတယ်။

    Dr.Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement