brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရင်သားဖွံ့ထွားနေတဲ့ အမျိုးသားများ ဖတ်ရန်

ရင်သား ဖွံ့ထွားတာက အမျိုးသမီးတွေအတွက် အလှတရား ဆိုပေမယ့် အမျိုးသားတွေအတွက်ကတော့ ရင်သားဆူဆူ ဖွံ့ဖွံ့ထွားထွားက အလှတရားတော့ ဟုတ်မနေဘူးပေါ့။ အလှတရားမဟုတ်တဲ့အပြင် တစ်ခါတလေမှာ ဒါက ရောဂါတစ်ခုခုကို ပြနေတဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရင်သားဖွံ့ထွားနေတဲ့ အမျိုးသားများ ဖတ်ရန် ဆောင်းပါးလေးကို ဖော်ပြပေးလိုက်တယ်နော်။

ရင်သားဖွံ့ထွားနေတဲ့ အမျိုးသားများ ဖတ်ရန်

ရင်သားဖွံ့ထွားမှုရဲ့ အဓိက ဇာတ်ဆောင် (သို့မဟုတ်) ဟော်မုန်း

ဟော်မုန်းတွေဆိုတာက ဂလင်းတွေနဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကက ထုတ်ပေးလိုက်တဲ့ ဓာတုပစ္စည်းတွေပါ။ သူတို့က ဆဲလ်အဖြစ် လုပ်ဆောင်ပေးသလို သွေးတွေကနေတဆင့် အရေပြားဆီကို ရောက်ရှိသလို ကြွက်သားတွေနဲ့ ခန္ဓာကိုယ် စနစ် အားလုံးဆီကို ပို့ဆောင်ပေးပါတယ်။ ဟော်မုန်းတွေက နည်းသွားတာ ဒါမှမဟုတ် များသွားတာက ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွကို ထိခိုက်စေနိုင်ပါတယ်။ 

အမျိုးသားတွေမှာ ဟော်မုန်းတွေ မျှခြေပျက်သွားချိန်မှာ ရင်သားက ပုံမှန် မဟုတ်ဘဲ ဆူထွားတာကို ဖြစ်စေနိုင်ပါတယ်။ 

ရင်သားဖွံ့ထွားနေတဲ့ အမျိုးသားများ ဖတ်ရန်

ရင်သား ဖွံ့ထွားနေတယ်ဆိုတာက အမျိုးသားတွေရဲ့ နို့ရည်ပြုဂလင်းတွေ ကြီးထွားလာတဲ့ အခြေအနေ တစ်ရပ်ပါ။ ဒီအခြေအနေကို အရွယ်ရောက်ပြီးတဲ့ အမျိုးသား ၇၀% လောက်မှာ ခံစားရနိုင်သလို အသက် ၄၀ ကျော် အမျိုးသားတွေမှာလည်း ၃၀%လောက် ခံစားရနိုင်ပါတယ်။

>> အမျိုးသားတွေမှာ ရင်သားဖွံ့ထွားနေရတဲ့ အကြောင်းအရင်းတွေက

အမျိုးသားတွေမှာ ရင်သားဖွံ့ထွားနေရတဲ့ အကြောင်းအရင်းကတော့ – 

  • ဟော်မုန်း မမျှတတာ
  • ဇီဝကမ္မဖြစ်စဉ် ကမောက်ကမဖြစ်တာ
  • ကိုယ်ခံအား နည်းတာ
  • ဟော်မုန်းစနစ် ပုံမှန် မဟုတ်တာ
  • သောက်သုံးနေရတဲ့ ဆေးဝါးတွေ (ဥပမာ ‌ဆီးဆေး၊ စတီးရွိုက်)
  • ဆေးခြောက်သုံးတာ
  • အသည်း ပြဿနာတွေ
  • မျိုးရိုးလိုက်တာ
  • ကိုယ်အလေးချိန် ပုံမှန်ထက် ပိုများနေတာတွေပါ။

ဒါ့ပြင် မွေးစကလေးငယ်တွေမှာ မိခင်ဆီက အီစထရိုဂျင်ဟော်မုန်းရထားတာကြောင့် ခဏလောက် ရင်သားဆူနိုင်သလို အသက်ကြီးလာတဲ့အမျိုးသားတွေမှာလည်း တက်စတိုစတီရုန်း နည်းသွားတာကြောင့် ဖြစ်နိုင်ပါတယ်။ 

>> သတိထားရမယ့် အစားအစာတွေ 

အမျိုးသားတွေမှာ ရင်သားတွေ ဖွံ့ထွားလာတာကို ဖြစ်စေနိုင်တဲ့ နောက်ထပ် အချက်တစ်ခုက နေ့စဉ် အစားအသောက်ပါ။ ဒါကြောင့် သတိထား ရှောင်ရမယ့် အစားအစာတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ အဓိကကတော့ အီစထရိုဂျင်ပါတဲ့ အစားအစာတွေ၊ ဟော်မုန်းစနစ်ကို ထိခိုက်စေနိုင်တဲ့ အစားအစာတွေပါ။ 

သတိထားရမယ့် အစားအစာတွေကတော့ – 

  • ပဲပိစပ်ကနေ ထုတ်ထားတဲ့ အစားအစာတွေ – ပဲပိစပ်ကနေ ထုတ်ထားတဲ့ အစားအစာတွေက အမျိုးသားတွေမှာ အီစထရိုဂျင်ဟော်မုန်း မြင့်တက်စေပြီး ရင်သားကြီးတာကို ဖြစ်စေနိုင်ပါတယ်။ 
  • ပြုပြင်ထားတဲ့ အစားအစာတွေပြုပြင်ထားတဲ့ အစားအစာတွေနဲ့ အသင့်စား အမြန်စား အစားအစာတွေကလည်း အမျိုးသားတွေမှာ ရင်သားထွားတာကို ဖြစ်စေနိုင်ပါတယ်။ 
  • အရက် နဲ့ ဘီယာ အရက်နဲ့ ဘီယာအပြင် စွဲလမ်းစေနိုင်တဲ့ အရာတွေက အမျိုးသားတွေမှာ ရင်သားဖွံ့ထွားတာကို ဖြစ်စေနိုင်ပါတယ်။ 
  • အဆီအအိမ့်များတဲ့ အစားအစာတွေ – အဆီအအိမ့်များတဲ့ အစားအစာတွေ၊ အချိုကဲ၊ အငန်ကဲတဲ့ အစားအစာတွေကလည်း အမျိုးသားတွေမှာ ရင်သားထွားတာကို ဖြစ်စေနိုင်ပါတယ်။
  • နို့ နဲ့ နို့ထွက်ပစ္စည်းတွေနို့ နဲ့ နို့ထွက် ပစ္စည်းတွေက ရင်သားတစ်ရှူးတွေကို ကြီးထွားစေပြီး ရင်သားထွားတာကို ဖြစ်စေနိုင်ပါတယ်။

>>> ရင်သား ထွားတာကို ဖြစ်နိုင်ခြေ လျှော့ချဖို့ ဘာတွေ စားရမလဲ!

အမျိုးသားတွေမှာ ရင်သားထွားတာကို ဖြစ်နိုင်ခြေ လျှော့ချဖို့ စားပေးသင့်တာလေးတွေကတော့ – 

  • ဟင်းသီးဟင်းရွက်တွေ အမျိုးသားတွေမှာ ရင်သားထွားတာကို သက်သာစေဖို့အတွက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း နဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ အသီးအရွက်တွေကို စားပေးပါ။ အသီးအရွက်တွေမှာ ပါတဲ့ အော်ဂဲနစ် အက်ဆစ်တွေနဲ့ essential oils တွေက ဟော်မုန်းပမာဏကို ဟန်ချက်ညီစေပါတယ်။ 
  • ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစားအစာတွေ – ဘယ်ရီသီးတွေ၊ ဘလူးဘယ်ရီသီးတွေ၊ ကညွတ်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊ ငရုတ်ပွတွေကို စားပေးတာကလည်း ရင်သားထွားတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ 
  • အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ – ပဲအမျိုးမျိုး၊ ဆန်၊ ဂျုံ၊ အုတ်ဂျုံ၊ ဘာလီ၊ အခွံမာသီးတွေ၊ အယ်လ်မွန်စေ့၊ သံလွင်သီးတို့ကလည်း အမျိုးသားတွေကို ရင်သား ဖွံ့ထွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ 

ဘယ်လို သက်သာအောင် လုပ်မလဲ!

ဝလို့၊ အသက်ကြီးလာလို့ ဟော်မုန်းအပြောင်းအလဲ‌ကြောင့် ဖြစ်တာဆိုရင်တော့ မဖြစ်မနေ ကုသစရာ မလိုပါဘူး။ ရင်သားဆူတာက ကိုယ့်အတွက်လည်း စိတ်အနှောင့်အယှက်လည်း မဖြစ်ဘူးဆိုရင်ပေါ့။

တကယ်လို့ ဆေးတစ်မျိုးမျိုး သောက်ပြီးမှ ဖြစ်တာဆိုရင်တော့ ဆရာဝန်နဲ့ ပြန်တိုင်ပင်ပြီး ဆေးပြောင်းနိုင်ပါတယ်။

ရင်သားဆူတာအပြင် တခြားသော လက္ခဏာတွေ (ဥပမာ ဖောတာ၊ အသားဝါတာ)ရှိနေရင်တော့ အသည်းရောဂါဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြသစစ်ဆေးပါ။ တခြားသော ဟော်မုန်းရောဂါတွေမှာလည်း ရင်သားဆူတာ ဖြစ်တတ်သေးတော့ ထူးခြားတဲ့ လက္ခဏာတစ်ခုခုနဲ့ တွဲနေရင် ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

ဒါတွေအပြင်

  • အရက် နဲ့ ဆေးလိပ်ဖြတ်ပါ
  • ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ
  • အာဟာရ မျှတပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပေးပါ။ ဒါဆိုရင် ရင်သားဆူတာ သက်သာလာပါလိမ့်မယ်။
Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/03/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။