backup og meta

သုက်လွှတ်မြန်တာ ဘယ်လိုလုပ်ရမလဲ

သုက်လွှတ်မြန်တာ ဘယ်လိုလုပ်ရမလဲ ! “ဆရာရေ…ကျွန်တော့် အခြေအနေကတော့ ဆေးကူမှရမယ်ထင်ပါတယ်…ဘယ်လောက်မှတောင်မကြာလိုက်ဘူး…”

“ဆရာရေ… ကျွန်တော်က စိတ်လှုပ်ရှားတတ်တယ်…တစ်ခါတလေ တစ်မိနစ်တောင် မကြာလိုက်ဘူး….”

အဲ့ဒီလိုမျိုး ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို သံသယဝင်တာတွေနဲ့ပတ်သက်ပြီး ဆွေးနွေး၊ တိုင်ပင်ပေးဖို့ခဏခဏ အကူအညီတောင်းခံရပါတယ်။ ယေဘုယျအားဖြင့်တော့ ကိုယ့်လက်တွဲဖော်နဲ့အတူနေတဲ့အချိန်က တစ်မိနစ်လောက်သာ ကြာတယ်ဆိုရင်တော့ ဒါကို သုက်လွှတ်မြန်ခြင်းလို့ပြောလို့ရပါတယ်။ သုက်လွှတ်မြန်တာ ဘယ်လိုလုပ်ရမလဲ ……….

သုက်လွှတ်မြန်တာ ဘယ်လိုလုပ်ရမလဲ

တချို့ကလည်း ရုပ်ရှင်တွေ အမွှမ်းတင်ထားတာတွေ ကြည့်ပါများပြီး နာရီ၀က်လောက်မှ မကြာရင်တော့ ကိုယ့်ကိုကိုယ် သုက်လွှတ်မြန်တဲ့ ရောဂါရှိတယ်လို့ ထင်တတ်ကြပါတယ်။ အကယ်၍ သင့်စွမ်းဆောင်ရည်က ၅ မိနစ်လောက် ဆိုရင်တော့ ပုံမှန်လို့ ပြောလို့ရပါတယ်။

သုက်လွှတ်မြန်တာ က အကြောင်းရင်း များစွာရှိတဲ့ အထဲမှာ ပထမ အကြောင်းအရင်းကတော့ ငယ်ငယ်ကတည်းက လိင်ကိစ္စနဲ့ဆိုင်တဲ့ အတိတ်ဆိုးတွေကြောင့်ပဲ ဖြစ်ပါတယ်။ လိင်မှုကိစ္စ အစ စောစော အစပြုတာ၊ လိင်ကိစ္စမှာ အသုံးချခံရတာ၊ ငယ်ဘဝမှာ တစ်ကိုယ်ရည်အာသာဖြေဖို့ လုံခြုံမှု မရှိတာတို့က အဓိက အကြောင်းအရင်းတွေ ဖြစ်ပါတယ်။

ဒုတိယ အကြောင်းအရင်း ကတော့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ အခြားပြင်ပ အခြေအနေတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ဥပမာ အလုပ်မှာ စိတ်ဖိစီးမှု များတာ၊ စိတ်ကျရောဂါဝင်နေတာ ၊ အရင်က ဖြစ်ဖူးတဲ့ သုက်လွှတ်မြန်တဲ့ ကိစ္စကိုပဲ အာရုံရောက်ပြီး ပူပန်နေတာ၊ အရက် အလွန်အကျွံ သောက်ခြင်းတို့ကြောင့် အဖြစ်များပါတယ်။ ရောဂါကြောင့် ဆိုရင်တော့ ဟော်မုန်းနဲ့ ပတ်သက်တဲ့ ရောဂါ၊ ဆီးကျိတ်ရောင် ရောဂါတို့ကြောင့် ဖြစ်တတ်ပါတယ်။

ကိုယ့်ကိုကိုယ့် သုက်လွှတ်မြန် တယ်လို့ သံသယရှိသူတွေကတော့ ဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးတာက အကောင်းဆုံးပါ။ ဒါမှ သုက်လွှတ်မြန်တာ ဖြစ်တတ်ကြတယ်ဆိုတာနားလည်သွားဖို့ရယ်၊ ‌‌ရောဂါအခံရှိနေရင်ရယ် ဖြစ်စေ စောစောစီးစီး ဆေးကုသမှု ခံယူနိုင်မှာပါ။

သုက်လွှတ်မြန်တာ ဒီလိုဖြေရှင်းပါ

‌သုက်လွှတ်မြန်တာ ဘယ်လို လုပ်ရမလဲ အောက်က နည်းလမ်း‌တွေ ကတော့ ဆေးမကူဘဲ ဖြေရှင်းလို့ ရတဲ့ နည်းလမ်းတွေ ဖြစ်တဲ့အတွက် မျှဝေပေးလိုက်ပါတယ်။

၁။ ချစ်ပွဲမဝင်ခင် ကြိုတင်ပြီး တစ်ကိုယ်ရည် အာသာဖြေခြင်းအားဖြင့်လည်း တကယ်တမ်း ဆက်ဆံတဲ့ အချိန်မှာ အရင်ကထက် ပိုမို ကြာလာစေနိုင်ပါတယ်။ စစ်မ‌‌ရောက်ခင် မြားမကုန်ဖို့တော့ ချိန်ဆဖို့ လိုအပ်ပါတယ်။

၂။ ကွန်ဒုံးထူထူ သုံးပေးခြင်းကလည်း အာရုံခံစားမှုကို အတော်အသင့် အဟန့်အတား ဖြစ်စေပြီး အချိန်ကို ဆွဲဆန့်နိုင်ပါတယ်။

၃။ သုက်လွှတ်ချင်စိတ် ပေါ်လာရင် လေကို ရှူသွင်းရှူထုတ် ပုံမှန် လုပ်ပေးခြင်းဖြင့်လည်း သုက်လွှတ်ချင်စိတ်ကို အတော်အသင့် ထိန်းနိုင်ပါတယ်။

၄။ တိုက်ပွဲ၀င်နေချိန် တခြား အကြောင်းအရာများ တွေးပေးခြင်းဖြင့်လည်း အာရုံလွှဲနိုင်ပါတယ်။ စိတ်ဖိစီးစရာတွေ မဖြစ်ဖို့တော့ အရေးကြီး ပါတယ်။

၅။ စိတ်ကျရောဂါ ရှိသူဆိုရင်တော့ ဆရာ၀န်နဲ့ ပြသပြီး စိတ်ကျရောဂါကို ဆေးကုသမှု ခံယူတာအကောင်းဆုံးပါ။

အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို အသုံးပြုပြီး သုက်လွှန်မြန်တာကို ဖြေရှင်းကြည့်လိုက်ဖို့ အကြံပြုလိုပါတယ်။

ရေးသားသူ – Dr. Z

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

20/10/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသားများ နောက်တစ်ကြိမ် သုက်လွှတ်ဖို့ ဘယ်လောက်ကြာတတ်လဲ

သုက်ပိုးနဲ့ပတ်သက်တဲ့ အလွဲတွေနဲ့ မျိုးဆက်ပွားကျန်းမာရေး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/10/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement