backup og meta

မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးရိတ်ပြီးတိုင်း Aftershave သုံးရမှာလား။

မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးရိတ်ပြီးတိုင်း Aftershave သုံးရမှာလား။

မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးရိတ်ပြီးတိုင်း Aftershave သုံးရမှာလား။ ယောကျ်ားလေးတွေမှာ ကျားဟော်မုန်းတွေကြောင့် မိန်းကလေးတွေထက် အမွေးအမျှင်တွေ ပိုများပါတယ်။ တစ်ကိုယ်လုံးမှာရော၊ မျက်နှာမှာပါ နှုတ်ခမ်းမွေးမုတ်ဆိတ်မွေးတွေ စသဖြင့် ပေါက်ကြပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲ့ဒီလို အမွေးအမျှင်တွေ (အထူးသဖြင့် မျက်နှာက အမွေးအမျှင်တွေ) ကို ရိတ်ပြီးတဲ့အခါ အသားခြောက်ခြင်း၊ ယားယံခြင်း၊ ပွန်းပဲ့ခြင်း၊ ချွေးပေါက်ကျယ်ခြင်း စတဲ့ အဖြစ်များပြီး စိတ်အနှောင့်အယှက်အင်မတန်ဖြစ်စေတဲ့ အရေပြားပြသနာတွေကို ကာကွယ်ဖို့နဲ့ အသားအရေကို ဂရုစိုက်ဖို့အတွက် ဘယ်လို aftershave မျိုးကို ရွေးချယ်အသုံးပြုသင့်တယ် ဆိုတာလေးကို ပြောပြပေးသွားပါမယ်။

Aftershave ဆိုတာဘာလဲ။

Aftershave ဆိုတာကတော့ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး၊ ချိုင်းမွေး စတဲ့ ခန္ဓာကိုယ် တစ်နေရာရာက အမွေးအမျှင်တွေရိတ်ပြီးတဲ့အခါ အသားအရေကို ကောင်းမွန်အောင် ထိန်းသိမ်းပေးဖို့ လိမ်းနိုင်တဲ့ gel (သို့) cream (သို့) lotion (သို့) oil စတာတွေကို ခေါ်တာပါ။

မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးရိတ်ပြီးတိုင်း Aftershave သုံးရမှာလား။

မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးရိတ်ပြီးတိုင်း Aftershave သုံးရမှာလား။ ဆိုတော့ Aftershave ကို ရိတ်ပြီးတိုင်း မဖြစ်မနေသုံးမှ ရမယ့် essential ပစ္စည်းတော့ မဟုတ်ပါဘူး။

Aftershave cream တွေ gel တွေကို ဘာ့ကြောင့် သုံးသင့်လဲ။

အမျိုးသားတွေဟာ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး စသည်ဖြင့် အမွေးအမျှင်တွေကို မကြာခဏ ရိတ်ကြရပါတယ်။ အထူးသဖြင့် မျက်နှာက အမွေးအမျှင်တွေကို ဘရိတ်ဓား၊ ဂျုတ် စတာတွေနဲ့ ရိတ်ပြီးတဲ့အခါ အသားအရေ ကြမ်းတမ်းသွားတာ၊ ခြောက်သွေ့တာ၊ ယားတာ၊ နီလာတာ၊ ချွေးပေါက်ကျယ်တာ၊ ပွန်းပဲ့ ပြတ်ရှ ဒဏ်ရာဖြစ်သွားတာ စတဲ့ ပြသနာတွေ အများကြီးဖြစ်လေ့ရှိပါတယ်။

ဒီပြသနာတွေကြောင့် စိတ်အနှောက်အယှက်တွေ ဖြစ်ရသလို ဂရုမစိုက်ဘဲထားမယ်ဆိုရင်လည်း ကြာလာတဲ့ အခါ အသားအရေပျက်စီးသွားနိုင်တဲ့အပြင် အခန့်မသင့်ရင် ပိုးဝင်နိုင်ပါတယ်။ အဲလို ပြသနာတွေကို ကာကွယ်နိုင်ဖို့အတွက် aftershaveကို အသုံးပြုသင့်ပါတယ်။

Aftershaveကို အသုံးပြုမယ်ဆိုရင် ဘယ်လိုအမျိုးအစားကို ရွေးချယ်အသုံးပြုသင့်လဲ။

ကိုယ်သုံးတဲ့ aftershave gel or cream က ကိုယ့်အသားအရည်ကို ဘယ်လိုအကျိုးပြုနိုင်တယ်ဆိုတာကတော့ သူ့မှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေအပေါ်မှာပဲ မူတည်ပါတယ်။ ဒါ့ကြောင့် aftershave ကို ရွေးချယ်တဲ့အခါ ပါဝင်ပစ္စည်းတွေကို သေသေချာချာကြည့်ဖို့ အရေးကြီးပါတယ်။

၁။ alcohol ပါဝင်သော အမျိုးအစားတွေကို ရှောင်ပါ။

အရင်တုန်းကတော့ aftershave gel or cream ဝယ်တဲ့အခါ alcohol ပါတဲ့အမျိုးအစားတွေကို ပိုးသေအောင်ဆိုပြီး အများဆုံး ရွေးချယ်အသုံးပြုကြပါတယ်။ ဒီလို alcohol ပါဝင်တဲ့ ပစ္စည်းတွေက ပိုးမွှားတွေကိုရှင်းလင်းပေးနိုင်ပေမယ့် မကြာခဏ အသုံးပြုတဲ့အခါမှာ အသားအရေကို ခြောက်သွေ့သွားစေနိုင်ပါတယ်။

အစိုဓာတ်တွေဆုံးရှုံးသွားစေတဲ့အတွက် အရေပြားကို ထိခိုက်လွယ်ခြင်း၊ ယားယံစေခြင်း စတဲ့ပြသနာတွေကို ပိုဆိုးလာစေပါတယ်။ ဒါ့ကြောင့် မျက်နှာမှာဆိုရင် ပိုပြီးတော့တောင် မသုံးသင့်ပါဘူး။ ဒါ့အပြင် အသုံးပြုတာကြာတဲ့အခါမှာ ရလာတဲ့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေတာကြောင့် alcohol ပါတဲ့ အမျိုးအစားတွေကို ရှောင်သင့်ပါတယ်။

၂။ သဘာ၀ ပစ္စည်းများပါဝင်သော aftershave အမျိုးအစားတွေကို အသုံးပြုပါ။

ဥပမာ- Aloe vera (ရှားစောင်းလက်ပပ်)၊ jojoba oil ၊ coconut oil (အုန်းဆီ) အစရှိတဲ့ သဘာဝအဆီအနှစ်တွေနဲ့ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကတော့ အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်ရုံတင်မကဘဲ ချွေးပေါက်တွေထဲကို ပိုးမွှားတွေမဝင်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ပြင် ထိခိုက်ပြတ်ရှ ဒဏ်ရာတွေအတွက် အနာအကျက်မြန်အောင် ကူညီပေးခြင်း၊ ရိတ်ပြီးတဲ့အခါမှာ အဖြစ်များတဲ့ ယားယံတဲ့ပြသနာတွေ၊ ရောင်ရမ်းတဲ့ ပြသနာတွေကို သက်သာစေခြင်း စတဲ့ ကောင်းကျိုးတွေကို ရရှိစေပြီး အရေပြားကိုလည်း ကြည်လင် သန့်ရှင်းစေပါတယ်။

Essential oil တွေဖြစ်တဲ့ lavender oil ၊ eucalyptus oil တွေနဲ့ ဗီတာမင် E ၊ green tea (လက်ဖက်စိမ်း) ၊ oatmeal ၊ witch hazel စတဲ့ သဘာဝပစ္စည်းတွေပါဝင်တဲ့ aftershave လေးတွေကိုလည်း အသုံးပြုသင့်ပါတယ်။

၃။ Artificial scent ပါတဲ့ ပစ္စည်းတွေကို ရှောင်ပါ။

သဘာဝပစ္စည်းတွေမဟုတ်ဘဲ အခြားအမွှေးနံ့တွေ၊ ဓာတုပစ္စည်းတွေ ပါဝင်တဲ့ aftershave တွေ ဟာ အသားအရည်ကို အဆိပ်အတောက်ဖြစ်စေပြီး ပျက်စီးစေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

ဝက်ခြံဖြစ်တတ်တဲ့ အသားအရေရှိတဲ့သူတွေရော အသုံးပြုသင့်လား။

ဝက်ခြံရှိတဲ့သူတွေ ဆိုရင် အသားအရေက ရေဓာတ်ပြည့်ဝနေဖို့ ပိုပြီးတောင်လိုအပ်တဲ့အတွက် အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် ဝက်ခြံအတွက် ပိုးမွှားလေးတွေကိုပါသေစေနိုင်တဲ့ အစွမ်းရှိတဲ့ tea tree လို၊ witch hazel လို ပစ္စည်းလေးတွေပါဝင်တဲ့ aftershaveလေးတွေ ရွေးချယ်အသုံးပြုနိင်ပါတယ်။

ကောင်းမွန်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့နဲ့ အမွေးတွေကို ရိတ်ပြီးတဲ့အခါ အရေပြားပြသနာတွေ မဖြစ်ဖို့ Aftershaveအပြင် ရိတ်တဲ့အခါ အသုံးပြုတဲ့ ဓားတွေ၊ foam တွေ၊ မျက်နှာသစ်ဆေး တွေကိုလည်း ဂရုတစိုက်ရွေးချယ်အသုံးပြုသင့်ပါတယ်။

Hello ဆရာဝန်ပရိသတ်ကြီးထဲက အမျိုးသားတွေမှာလည်း အမွေးအမျှင်တွေရိတ်တဲ့အခါတိုင်း အရေပြားပြသနာတွေဖြစ်တတ်တယ်ဆိုရင် ဒီဆောင်းပါးလေးက အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ရေးသားသူ – Khine Phoo Ngon

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/beauty/features/men-shaving-grooming#1

https://www.healthline.com/health/what-does-aftershave-do

ယခုပုံစံ

21/11/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသားတွေမှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

အမျိုးသား တွေရဲ့ မျက်နှာအဆီပြန်ခြင်း ပြဿနာ ဒီလိုဖြေရှင်းပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement