အပြာရုပ်ရှင်ကားများကို စူးစမ်းကြည့်ခြင်း။
သင်ဟာ အပြာရုပ်ရှင်တွေကြည့်ရတာ ကြိုက်နှစ်သက်သူ တစ်ယောက်ဖြစ်မယ်ဆိုရင် ဒီလို ကြည့်တဲ့ အကျင့်ကနေ သင်ရဲ့ အိမ်ထောင်ရေးမှာ ကောင်းကျိုးတွေ ဖြစ်လာဖို့ အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။
အမျိုးသမီးကို ရွေးချယ်ခွင့်ပေးပါ။
အပြာဇာတ်ကားတွေကို အတူတကွ ကြည့်လိုတဲ့ စုံတွဲတွေအနေနဲ့ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ အမျိုးသားများဟာ လွယ်လွယ်ကူကူနဲ့ လိင်စိတ်ခံစားမှု တိုးမြှင့်နိုင်တာကြောင့် အရေးကြီးတာကတော့ အမျိုးသမီး ဘာကို ကြိုက်နှစ်သက်သလဲဆိုတာရှာဖွေဖို့လိုပါတယ်။
လုံခြုံရေးဟာ ပထမ။
အပြာရုပ်ရှင်ကားတွေမှာ အန္တရာယ်မကင်းတဲ့ လိင်မှုကိစ္စတွေကို လုပ်နေကြတာဟာ ပုံမှန်ဖြစ်ပါတယ်။ ဒါပေမဲ့ အိပ်ရာထဲမှာတော့ လုံခြုံစိတ်ချရတဲ့ လိင်မှုကိစ္စကိုသာပြုလုပ်သင့်ပါတယ်။
အချိန်နဲ့ ငွေကြေး။
အပြာရုပ်ရှင်ကားများအတွက် သင် ပိုက်ဆံ (သို့မဟုတ်) အချိန် အရမ်း အကုန်ခံနေပြီဆိုရင် သင့်မှာ အိမ်ထောင်ရေးပြဿနာတွေနဲ့ အလုပ်ပြုတ်သွားတာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
အပြာရုပ်ရှင်ကားများက စွဲလမ်းစေနိုင်သလား။
အပြာရုပ်ရှင်ကားများဟာ ဦးနှောက်အပေါ် အဆိပ်အတောက်ဖြစ်စေနိုင်ပြီး ကိုကင်း သုံးစွဲတဲ့ အခါ ဖြစ်ပေါ်တဲ့ စွဲလမ်းမှုမျိုးနဲ့ ဆင်တူပါတယ်။ စိတ်ပညာရှင်တစ်ယောက်ကတော့ အပြာရုပ်ရှင်ကားများကို ရေရှည်ကြည့်ရှုတဲ့ လူတစ်ယောက်ဟာ အဖွဲ့လိုက် လိင်ကိစ္စလုပ်ဆောင်ခြင်းကို ကြိုက်နှစ်သက်လာနိုင်ပြီး ညှင်းပန်းနှိပ်စက်ခြင်းဖြင့် ကာမသာယာမှုကို ကြိုက်နှစ်သက်နိုင်တဲ့ လူတစ်ယောက် (sadism) ဖြစ်လာနိုင်တဲ့အပြင် တိရစ္ဆာန်များနဲ့ လိင်စိတ်သာယာတတ်မှုတွေကိုပါ ခံစားချင်လာသူတစ်ယောက် ဖြစ်လာနိုင်တယ် လို့ဆိုပါတယ်။
အရင်ခေတ်ကာလတွေတုန်းကတော့ သင့်အနေနဲ့ အပြာရုပ်ရှင်၊ ဇာတ်လမ်းတွေကို ဖတ်ရှုလိုတယ်ဆိုရင် အိမ်အပြင်ထွက်ပြီး ငှားရမ်းကြည့်ရှုရတဲ့အတွက်ကြောင့် လူသားတွေရဲ့ အပြာရုပ်ရှင် ကြည့်ရှုတဲ့ အကျင့်ကို ကန့်သတ်ချက်တစ်ခုရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာ အပြာရုပ်ရှင်ကားကြည့်ရှုနိုင်တဲ့ Website တွေက သန်း ၅၀၀ နဲ့ အထက်ရှိနေပါတယ်။ ဒီတော့ အပြာရုပ်ရှင်ကြည့်ရှုရတာ စွဲလန်းနေတဲ့ လူတစ်ယောက်အနေနဲ့ Click တစ်ချက်နှိပ်လိုက်တာနဲ့ ကြည့်ရှုနိုင်တဲ့အတွက် ဖြတ်တောက်ဖို့ ပိုခဲယဉ်းပါတယ်။
အပြာရုပ်ရှင်ကား အလွန်အကျွံကြည့်ရှုတတ်တဲ့ လူတစ်ယောက်မှာ ပြဿနာတွေ အများကြီးရှိပါတယ်။ မြန်မာနိုင်ငံမှာ သိပ်ခေတ်မစားပေမဲ့ နိုင်ငံခြားမှာဆိုရင် အပြာရုပ်ရှင်တွေကို Credit card နဲ့ ကြည့်ရှုရတဲ့ အတွက် ပိုက်ဆံကုန်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ တာဝန်ပျက်ကွက်ခြင်းနဲ့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကိုပါ လျစ်လျူရှုထားခြင်းတွေ အထိဖြစ်စေနိုင်ပါတယ်။
အတင်းအကျပ်ဖြစ်နေတာလား၊ မူးယစ်ဆေးဝါးကို စွဲနေသလို စွဲလမ်းတာလား။
(Compulsion or Addiction)
အပြာရုပ်ရှင်ကားများကို စွဲလမ်းခြင်းနဲ့ ပတ်သတ်ပြီး ဆွဲဆောင်နိုင်လွန်းခြင်းနဲ့ မူးယစ်ဆေးစွဲသလို စွဲလမ်းခြင်းဆိုတဲ့ အသုံးအနှုန်း ၂ ခုထဲက တစ်ခု သုံးနှုန်းရမယ်ဆိုရင် ဆွဲဆောင်နိုင်လွန်ခြင်းက ပိုပြီးသင့်တော်ပါတယ်။ ဒီ အသုံးအနှုန်း ၂ ခုကြား ကွာခြားချက်က သိပ်မကြီးမားပေမဲ့ အပြာရုပ်ရှင်ကားနဲ့ ပတ်သတ်ရင်တော့ ခွဲခွဲခြားခြား သိဖို့က အရေးကြီဒပါတယ်။
အမေရိကန် အင်ဒီယာနာ ပြည်နယ် ဘလိုမင်တန်မြို့ရှိ (Bloomington) Kinsey Institute for Research in Sex, Gender, and Reproduction မှ လေ့လာသူ တစ်ယောက်ဖြစ်တဲ့ အဲရစ် ဂျန်ဆင် (Erick Janssen) ကတော့ အပြာရုပ်ရှင်ကားစွဲလမ်းနေသူတွေဟာ မူးယစ်ဆေးဝါးစွဲလမ်းနေသူတွေ လို ပြုမူတတ်ကြပေမဲ့ မူးယစ်ဆေးဝါးစွဲနေသူတွေကို ကုသသလိုတော့ ကုသလို့ မရဘူးလို့ဆိုပါတယ်။
အပြာရုပ်ရှင်ကားတွေ ကြည့်ရတဲ့ အကြောင်းအရင်း။
အဓိက အားဖြင့် လူသားတွေ အပြာ ရုပ်ရှင်ကားတွေ ကြည့်ရတဲ့ အကြောင်းရင်း ၃ ခုရှိပါတယ်။ အဲ့ဒါတွေကတော့ သူတို့ရဲ့
- လက်တွေ့ဘဝမှာ အတုယူဖို့အတွက်ရယ်၊
- ကိုယ်နဲ့ လက်မထပ်ရသေးဘဲ မမှောက်မှားမိအောင် ရှောင်ရှားဖို့အတွက် စိတ်ဖြေတဲ့ အနေနဲ့ရယ်၊
- အာသာဖြေဖို့အတွက်ရယ် ကြည့်ရှုကြတာ ဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာ လူတွေက အပြာရုပ်ရှင်ကားတွေထဲမှာ လုပ်နေတဲ့ အရာတွေကို လက်တွေ့ဘဝမှာလည်း လုပ်ချင်ကြပါတယ်။ ဒါ့အပြင် အပြာကားများဟာ အိမ်ထောင်ရေးထဲက ကွက်လပ်တချို့ကိုလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဥပမာ လူတစ်ယောက်ရဲ့ အိမ်ထောင်ဖက်က ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို လုံးဝမကြိုက်ဘူးဆိုရင် ကျန်တဲ့သူက အပြာရုပ်ရှင်ကားများထဲက ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းကိုသွားကြည့်လေ့ရှိပါတယ်။ ဒီလိုကိစ္စမျိုးမှာတော့ အပြာရုပ်ရှင်ကားတွေက သာယာတဲ့ အိမ်ထောင်ရေးတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်ပါဝင်နေနိုင်ပေမဲ့ ကိစ္စတော်တော်များများမှာတော့ အပြာရုပ်ရှင်ကားများက လိင်ဆက်ဆံချင်စိတ်ကို နည်းပါးစေနိုင်ပါတယ်။
တစ်ခါတစ်ရံမှာ သူတို့ လိင်ဆက်ဆံချိန်မှာ လုပ်ဆောင်ချင်တဲ့ ပုံစံကို ဖွင့်မပြောရဲတဲ့ လူတွေလည်းရှိပါတယ်။ ဒီလို သူတို့ လုပ်ဆောင်ချင်တဲ့ ပုံစံကို သူတို့ အဖော်နဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်မယ်ဆိုရင် သူတို့အနေနဲ့ ပိုပြီးသာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ကြမှာပါ။
ဒါပေမဲ့ တစ်ခါတစ်ရံမှာ ထုတ်ပြောလို့ မရတဲ့ အခြေအနေတွေလည်းရှိနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ အိမ်ထောင်ဖက်ဖြစ်သူ လက်ခံနိုင်တဲ့ နောက်ဆုံး အတိုင်းအတာကိုရောက်ပြီဆိုရင် ထုတ်ပြောလည်း လက်ခံမှာ မဟုတ်ဘူးလို့ စဉ်းစားတဲ့ အတွက် ကျန်အိမ်ထောင်ဖက်က သူတို့လိုချင်တဲ့ ပုံစံတွေကို အပြာရုပ်ရှင်ကားတွေကြည့်ပြီး စိတ်ဖြေတတ်ကြပါတယ်။
နောက်ဆုံးအတွေ့ရများတဲ့ အပြာရုပ်ရှင်ကား ကြည့်ခြင်းဖြစ်စဉ်ကတော့ တစ်ကိုယ်ရည် အာသာဖြေတဲ့အခါမှာ ကြည့်ရှုတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ လူအများစုဟာ အပြာရုပ်ရှင်ကားများကို တစ်ကိုယ်ရည် အာသာမဖြေခင်နဲ့ အာသာဖြေနေစဉ်မှာ ကြည့်ရှုတတ်ကြပါတယ်။
အပြာရုပ်ရှင်ကားများဟာစွဲလန်းတတ်စေရဲ့လားဆိုတာနဲ့ ပတ်သတ်ပြီး ယခုအချိန်ထိ ဆေးပညာအသိုင်းအဝိုင်းမှာပါ တစ်စုတစ်စည်းထဲ အတည်မပြုရသေးပါဘူး။
Ultimate Guide to Adult Videos စာအုပ်ရေးသူနဲ့ လိင်ပညာပေးနေသူ ဗိုင်အိုလက် ဘလူး (Violet Blue) ကတော့ “ကျွန်မကတော့ အပြာရုပ်ရှင်ကားများကို စွဲလန်းခြင်းဆိုတာ လူ့ပတ်ဝန်းကျင်ကနေ ကန့်ကွက်ထားတဲ့ အမူအကျင့်အနေနဲ့ နာမ်နှိမ်ထားတဲ့ နာမည်တစ်ခုသာ ဖြစ်တယ် လို့ထင်ပါတယ်။ လူအများစုဟာ တစ်ကိုယ်ရည် အာသာဖြေခြင်းကို ရှက်တတ်ကြပါတယ်။ ” လို့ဆိုပါတယ်။
ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် အပြာရုပ်ရှင်တွေကြည့်ပြီး လိင်စိတ် ပိုထကြွတတ်တယ်လို့ ယူဆထားကြပေမဲ့ အမျိုးသမီး အများစုလည်း အပြာရုပ်ရှင်ကားကြည့်ပြီး လိင်စိတ်ဖြေဖျောက်တတ်တယ် လို့သူမက ဆိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။