brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ပန်းသေပန်းညှိုးမဖြစ်အောင် ကာကွယ်လို့ရမလား

ပန်းသေပန်းညှိုးတာက အမျိုးသားတွေမှာ အသက်ရလာချိန်မှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ အမျိုးသားတော်တော်များများမှာ ခံစားရနိုင်ပါတယ်။ ဒီလိုဆိုတာနဲ့ အမျိုးသားတိုင်း အသက်ရလာချိန်မှာ ပန်းသေပန်းညှိုးတာကို မဖြစ်မနေ ခံစားရမယ်လို့တော့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလိုဆို မေးစရာရှိနိုင်တာက ပန်းသေပန်းညှိုးမဖြစ်အောင် ကာကွယ်လို့ရမလား လို့ပေါ့။ အဖြေလေးကိုတော့ ဆောင်းပါးလေးထဲမှာ ပြောပြပေးထားလို့ အပြီးထိ ဖတ်ကြည့်လိုက်တော့နော်။

ပန်းသေပန်းညှိုးမဖြစ်အောင် ကာကွယ်လို့ရမလား

ပန်းသေပန်းညှိုးခြင်း ဆိုတာ

ပန်းသေပန်းညှိုးခြင်း ဆိုတာက အမျိုးသားတွေအနေနဲ့ လိင်မှုကိစ္စ လုပ်ဆောင်ရာမှာ ဆန္ဒပြီးမြောက်စေဖို့အတွက် လိုအပ်တဲ့ လိင်တံထောင်မတ်မှုကို မလုပ်ဆောင်နိုင်တဲ့ အခြေအနေပါ။ အသက်အရွယ်ရလာချိန်မှာ ကိုယ်တွင်းက တက်စထရိုစတုန်း ဟော်မုန်းတွေ ကျဆင်းလာတာကြောင့် လိင်တံထောင်မတ်နိုင်စွမ်းကို ထိခိုက်လာတာပါ။ တချို့အမျိုးသားတွေမှာကျ အသက်လည်း မကြီးသေးဘဲနဲ့ နေထိုင်စားသောက်မှုပုံစံတွေ၊ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် ငယ်ငယ်လေးနဲ့ ပန်းသေပန်းညှိုးရောဂါ ခံစားရတာတွေ ရှိပါတယ်။ ဒီအခြေအနေ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

ပန်းသေပန်းညှိုးမဖြစ်အောင် ကာကွယ်လို့ရမလား

ပန်းသေပန်းညှိုးမဖြစ်အောင် ကာကွယ်လို့ရမလား ဆိုတော့ ဖြစ်နိုင်ခြေကို လျှော့ချလို့ရပါတယ်။ ဘယ်လို လျှော့ချရမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်နော်။

  • ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တာက နှလုံးကို ထိခိုက်တာ၊ သွေးကြောတွေကို ထိခိုက်တာတွေ ဖြစ်စေပြီး ပန်းသေပန်းညှိုးဖြစ်စေဖို့ အားပေးနေပါတယ်။ အရင်ကတည်းက နှလုံး ကျန်းမာရေး မကောင်းဘူး။ သွေးကြောတွေရဲ့ ကျန်းမာရေးကလည်း သိပ်မကောင်းဘူးဆိုရင် သတိထားရမှာပါ။ ဒီအခြေအနေမှာ ဆေးလိပ်ပါ သောက်ဦးမယ်ဆိုရင်တော့ ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေက အတော်လေး များသွားမှာပါ။ ဒါကြောင့် ကာကွယ်ချင်တယ်ဆိုရင် ဆေးလိပ် ဖြတ်ပါ။

  • ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ

ပန်းသေပန်းညှိုးတာမျိုး မဖြစ်စေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ နှံစားသီးနှံတွေ၊ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ အဆီနည်းတဲ့ အသားတွေ စားပေးပါ။ အဆီများတာတွေ၊ ပြည့်ဝဆီနဲ့ ဆိုဒီယမ်ပါဝင်မှု များတဲ့ အငန်ကဲတဲ့ စားစရာတွေက ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိစေဖို့ ထောက်ကူပေးသလို သွေးမတိုးစေဖို့ရော ဆီးချို မဖြစ်စေဖို့ပါ ကာကွယ်ပေးတာကြောင့် ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

  • အရက်ဖြတ်ပါ

အရက်တွေ အရမ်းသောက်တာက ပန်းသေပန်းညှိုးဖြစ်စေဖို့ အားပေးနေတာပါပဲ။ ဒါကြောင့် ပန်းသေပန်းညှိုး မဖြစ်အောင် ကာကွယ်ချင်တယ်ဆိုရင်တော့ အရက်ဖြတ်ပါလို့ အကြံပြုချင်ပါတယ်။

  • စိတ်ဖိစီးမှု လျှော့ပါ

  • ကိုယ်အလေးချိန် ထိန်းပါ

ကိုယ်အလေးချိန် များတာက အဝလွန်တာ၊ သွေးတိုး၊ ဆီးချိုလိုမျိုး ကျန်းမာရေးပြဿနာတွေ ဖြစ်စေဖို့ အားပေးနေသလို သွေးကြောလေးတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါတွေက ပန်းသေပန်းညှိုးဖြစ်စေဖို့ တွန်းအားပေးနေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို သင့်တင့်တဲ့ အနေအထားမှာ ရှိအောင် ထိန်းထားပေးပါ။ ဒီလို လုပ်ပေးတာက ပန်းသေပန်းညှိုးကိုတင် မဟုတ်ဘဲ အချို့သော နာတာရှည် ရောဂါတွေကိုပါ ကာကွယ်ပြီးသား ဖြစ်စေမှာပါ။

  • ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ

တစ်နေ့ကို ၁၅ မိနစ် ကနေ နာရီဝက်လောက် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်တာက စိတ်ရောကိုယ်ပါ လန်းဆန်းစေပြီး နာတာရှည် ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးသလို အမျိုးသားတွေမှာ ပန်းသေပန်းညှိုး မဖြစ်အောင်ပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ပန်းသေပန်းညှိုးတာကို ကာကွယ်ချင်တယ်ဆိုရင် တစ်နေ့ကို ၁၅ မိနစ်လောက်တော့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 30/05/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။