backup og meta

ပန်းရောင် ဗိုင်ရာဂရာ နဲ့ ပတ်သက်ပြီး သိဖို့လိုအပ်တဲ့ အချက် ၅ ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပန်းရောင် ဗိုင်ရာဂရာ နဲ့ ပတ်သက်ပြီး သိဖို့လိုအပ်တဲ့ အချက် ၅ ချက်

    အကယ်၍ သင့်ရဲ့ ချစ်တင်းနှောလိုစိတ်က သိပ်မကြာခင်က စပြီး ကျဆင်းလာတယ်ဆိုရင် လိုအပ်တဲ့ အကြံပြုချက်တွေက ဒီမှာ Pink Viagra ပါ။ သင့်ရဲ့ ချစ်မှုရေးရာဘဝကို ပြန်လည်မြှင့်တင်ဖို့ ဒီနည်းလမ်းကို မသုံးခင် ဘာတွေသိထားဖို့ လိုအပ်မလဲ။ သင်ဒီနည်းလမ်းကို စမ်းကြည့်ချင်တယ်ဆိုရင် ခုအောက်မှာ ဖော်ပြထားတဲ့ ဆောင်းပါးက သင့်အတွက် လိုအပ်တဲ့ အရာ ၅ ခုကို ပေးပါလိမ့်မယ်။

    Pink Viagra က FDA အသိအမှတ်ပြု ထုတ်ကုန်တစ်ခုပါ။ ဒါပေမယ့် တင်းတင်းကျပ်ကျပ် လိုက်နာရမယ့် ဘေးကင်းတဲ့ အတိုင်းအတာတွေ ရှိပါတယ်။

    ဒီဆေးက အမျိုးသမီးတွေအတွက် ချစ်တင်းနှောလိုစိတ် မြှင့်တင်တာ အပြင် သွေးပေါင်ချိန်ကျခြင်း၊ မူးမိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ သို့မဟုတ် ခေါင်းမူးခြင်းတို့ကို ခံစားရစေတတ်ပါတယ်။ ဒါကြောင့် ညဖက်မှာ မှီုဝဲဖို့ အကြံပေးထားတာပါ။ နေ့ဖက်မှာကို သင့်ကိုပိုပြီး အနှောက်အယှက် ဖြစ်စေနိုင်လို့ပါ။

    ဒါတင်မက ဆေးကို အရက်နဲ့ တွဲသောက်လိုက်မယ်ဆို ဖြစ်နိုင်ခြေက ပိုပြီးမြင့်လာမှာပါ။ ဒါ့ကြောင့် Pink Viagra ဘူး အပြင်ဖက်မှာ သတိပေးစာ ရေးထားတာပါ။ ဆရာဝန်တွေရော လူနာတွေအတွက်ပါ ဘေးထွက်ဆိုးကျိုး ပြင်းပြင်းထန်ထန် သတိပေးထားတာပါ။

    ဆေးကို အရက်နဲ့ တွဲသောက်တာက သင့်ကို ဖျားနာစေတဲ့ဟာ တစ်ခုတည်းမဟုတ်ပါဘူး။ Pink Viagra ကို Yeast Infection အတွက်သောက်တဲ့ antifungals လိုမျိုး တခြားဆေးတွေနဲ့ တွဲသောက်မယ်ဆိုရင်လဲ တူညီတဲ့ ပြဿနာနဲ့ တွေ့ကြုံရနိုင်ပါတယ်။

    Pink Viagra ကို ဝယ်ယူမယ့်သှူဆီ မရောင်းခင် ဆေးရောင်းသူတွေက ဒီဆေးသောက်တဲ့အချိန်မှာ အရက် သို့မဟုတ် တခြားဆေးတွေနဲ့ တွဲမသောက်ဖို့ သတိပေးပါလိမ့်မယ်။ ဒါမှ နောက်ပိုင်း ရှုပ်ထွေးမှုတွေကို ရှောင်ရှားနိုင်မှာပါ။ ဒါ့အပြင် တစ်ရက်ကို ၁၀၀ မီလီဂရမ်ထက် ပိုမသောက်ဖို့ကိုလဲ ညွှန်ကြားပေးပါလိမ့်မယ်။

    ၁။ အမျိုးသမီးတွေ ချစ်တင်းနှောလိုတဲ့ စိတ်ပျောက်ကွယ်မှုကို နှစ်အတာ်ကြာ ခံစားကြရပါတယ်။

    နှစ်ပေါင်းများစွာတိုင်အောင် အမျိုးသမီးတွေဟာ သူတို့ရဲ့ ၃၀၊ ၄၀၊ ၅၀ ကျော် အရွယ်တွေမှာ ချစ်တင်းနှောလိုစိတ် ကျဆင်းမှုနဲ့ ပတ်သက်ပြီး ရုန်းကန်ကြရပါတယ်။ ဒါပေမယ့်လဲ သူတို့ရဲ့ ချစ်တင်းနှောလိုစိတ်ကို Pink Viagra နဲ့ ပြန်လည် ရှာဖွေ တွေ့ရှိနိုင်ပါပြီ။

    ၂။ ချစ်တင်းနှောလိုတဲ့စိတ် လျော့ကျတာအတွက် ဆေးဝါးရှာဖွေရတာ အမျိုးသမီးတွေအတွက် မလွယ်ကူပါဘူး။

    အမျိုးသမီးတွေမှာ ချစ်တင်းနှောလိုတဲ့စိတ် မရှိတာ၊ ပျောက်ကွယ်တဲ့ကိစ္စက သိပ္ပံပညာရှင်တွေ၊ စမ်းသပ်လေ့လာသူတွေအတွက် အမြဲတမ်း ခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ် ဖြစ်နေတုန်းပါ။ ဘယ်အနေအထားလောက်ဆို ပုံမှန်လဲ၊ ဘာကို ဦတည်ရမလဲ၊ ဘယ်လောက် ဆေးပမာဏဆို ဒီပြဿနာအတွက် အထိရောက်ဆုံးဖြစ်မလဲ၊ စတဲ့မေးခွန်းတွေအတွက် အဖြေ မရှိသေးပါဘူး။

    ၃။ Pink Viagra က Viagra နဲ့ မတူဘူးဆိုတာ အမှတ်ရပါ။

    Pink Viagra ဟာ Viagra နဲ့ သက်ရောက်မှုခြင်း ကွဲပြားပါတယ်။ ဒါက ဦးနှောက်အတွင်းက neurochemical တွေကို လှုံဆော်ပေးခြင်းနဲ့ ချစ်တင်းနှောလိုစိတ်ကို မြင့်တက်စေပါတယ်။ တိတိကျကျပြောရရင် ဒီဆေးဟာ ခန္ဓါကိုယ်မှာရှိတဲ့ serotonin ပမာဏကို ယာယီ လျှော့ချပေးတာပါ။ ဒါက ချစ်တင်းနှောလိုစိတ်ကို မြင့်တက်တာနဲ့ ပတ်သက်ပြီး သက်ရောက်မှုရှိတယ်လို့ ယုံကြည်ကြပါတယ်။

    ၄။ ဆေးမသောက်သုံးခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    ဘယ်လိုဆေးဝါးကိုမဆို ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါပဲ သောက်သုံးတာက အလွန်အန္တရာယ်များပါတယ်။ Pink Viagra လဲ အလားတူပါပဲ။

    Pink Viagra ဟာ ချစ်တင်းနှောလိုစိတ် လျော့ကျတာအတွက် ရွေးချယ်စရာ နည်းလမ်းဖြစ်ပေမယ့် မှားယွင်းသုံးစွဲမိမယ်ဆိုရင် ကျန်းမာရေးပြဿနာတွေ ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် ဆေးမသောက်ခင်မှာ အခြား ကျန်းမာရေး အကြံဉာဏ်နဲ့ လမ်းညွှန်မှုတွေအတွက် ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့သူနဲ့ ဆွေးနွေးတိုင်ပင်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement