backup og meta

လက်နဲ့မကြာခဏ အာသာဖြေခြင်း ဟာ ပန်းသေပန်းညှိုးဖြစ်စေလား

လက်နဲ့မကြာခဏ အာသာဖြေခြင်း ဟာ ပန်းသေပန်းညှိုးဖြစ်စေလား

အမျိုးသားတွေကြားထဲက လိင်ကိစ္စနဲ့ပတ်သက်ပြီး အရမ်းရေပန်းစားဆဲဖြစ်တဲ့ အလွဲတစ်ခုကို ပြောပါဆိုရင်တော့ မကြာခဏ ကိုယ့်လက်နဲ့ တစ်ကိုယ်တော် အာသာဖြေတဲ့ အမျိုးသားတွေဟာ ပန်းသေပန်းညှိုးပြဿနာကို စောစီးစွာ ခံစားရတယ်ဆိုတဲ့ ကိစ္စပါပဲ။ ဒီအလွဲနဲ့ပတ်သက်ပြီး ဖြေရှင်းရမယ်ဆိုရင် လက်ဖြင့် အာသာဖြေခြင်း သည် ပန်းသေပန်းညှိုးကို မဖြစ်စေနိုင်ပါဘူးလို့ပဲ ဆိုရမှာပါ။

အာသာဖြေခြင်းနဲ့ ပန်းသေပန်းညှိုးဖြစ်ခြင်း

လက်နဲ့မကြာခဏ အာသာဖြေခြင်း ဟာ ပန်းသေပန်းညှိုးဖြစ်စေလား ဆိုတာ ဆက်ကြည့်လိုက်စို့နော်။

  • ပန်းသေပန်းညှိုးဖြစ်ခြင်း (Erectile Dysfunction – ED)

ပန်းသေပန်းညှိုးဆိုတာ အမျိုးသားတွေမှာသာ ဖြစ်တတ်တဲ့ လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အသက် ၄၀ နောက်ပိုင်း အမျိုးသားတွေမှာ ကျားဟော်မုန်းကျဆင်းခြင်း၊ အသက်အရွယ်နဲ့ ရောဂါတွေကြောင့် ပန်းသေပန်းညှိုးဝေဒနာကို ခံစားကြရပါတယ်။

ခုနောက်ပိုင်းမှာ လူငယ်တွေမှာလည်း ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်မှီဝဲခြင်း၊ စိုးရိမ်ပူပန်စရာ၊ စိတ်ဖိစီးမှုတွေများနေခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ အထိုင်များခြင်း စတဲ့ နေထိုင်မှုပုံစံတွေကြောင့် လိင်တံကောင်းစွာ မထောင်မတ်နိုင်တာ အဖြစ်များလာပါတယ်။

  • အာသာဖြေခြင်း (Masturbation)

အာသာဖြေခြင်းကို အမျိုးသားတွေရော အမျိုးသမီးတွေပါ လုပ်လေ့လုပ်ထရှိပါတယ်။ လက်ဖြင့် အာသာဖြေခြင်းဟာ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာမဖြစ်စေဖို့၊ လိင်ကိစ္စမှာ ပိုပြီး စွမ်းဆောင်နိုင်စေဖို့၊ သုက်လွှတ်မမြန်အောင်၊ ကိုယ်ခန္ဓာအထိအတွေ့နဲ့ပတ်သက်ပြီး နားလည်စေဖို့ ကူညီပေးနိုင်ပါတယ်။ အာသာဖြေခြင်းကို လူပျိုတွေရော၊ အိမ်ထောင်သည်တွေသာမက အသက်ကြီးပိုင်း အမျိုးသားတွေမှာပါ လုပ်လေ့လုပ်ထရှိပြီး ဒါဟာ ကျန်းမာရေးအရရော အိမ်ထောင်ရေးမှာပါ ပုံမှန်တွေ့နေကျ ကိစ္စတစ်ခုပါပဲ။

အာသာဖြေခြင်းနဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ အလွဲများစွာထဲမှာ ပန်းသေပန်းညှိုးဖြစ်စေတယ် ဆိုတာလည်း တစ်ခုအပါအဝင်ပါပဲ။ ပန်းသေပန်းညှိုးဖြစ်ခြင်းဟာ စိတ်နဲ့ ရုပ်ခန္ဓာကျန်းမာရေးပြဿနာတွေ၊ နှစ်ရှည်လများ မှားယွင်းနေတဲ့ နေထိုင်မှုပုံစံတွေကြောင့်သာ ဖြစ်စေတာပါ။ အာသာဖြေလို့ ပန်းသေပန်းညှိုး ဖြစ်စေတယ်ဆိုတဲ့အချက်ကို မတွေ့ရသေးပါဘူး။

လက်နဲ့မကြာခဏ အာသာဖြေခြင်း ဟာ ပန်းသေပန်းညှိုးဖြစ်စေလား

လက်နဲ့ အာသာဖြေရုံလောက်က ပန်းသေပန်းညှိုး ဖြစ်စေတဲ့ အကြောင်းရင်း မဟုတ်ပါ။ မကြာခဏ အာသာဖြေသည့်တိုင် ကိုယ်က နိုင်နိုင်နင်းနင်းရှိတယ်ဆိုရင်ပေါ့။

မကြာခဏ အာသာဖြေရင် ပန်းသေပန်းညှိုးဖြစ်တယ်ဆိုတာထက် ဘာကြောင့် မကြာခဏ အာသာဖြေနေတာလဲဆိုတာက ပြဿနာပါ။ ဥပမာ ကိုယ်က စိတ်ဓာတ်ကျနေတယ်။ ဒါမှမဟုတ် စိုးရိမ်ပူပန်စိတ်များနေတယ်ဆိုရင်လည်း စိတ်ပြေလက်ပျောက် မကြာခဏ အာသာဖြေကြပါတယ်။

ဒီလို စိတ်ပိုင်းဆိုင်ရာ‌ပြဿနာတွေကြောင့် ပန်းသေပန်းညှိုးဖြစ်တာကို မကြာခဏ အာသာဖြေလို့ ပန်းသေပန်းညှိုးဖြစ်တာဆိုပြီး မှားတတ်ပါတယ်။ သိသာတဲ့အချက်ကတော့ အာသာဖြေတာကို ရပ်လိုက်ပေမယ့် စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို မကုသဘူးဆိုရင် ပန်းသေပန်းညှိုးက ဆက်ရှိဦးမှာပါ။

ဒါကြောင့် အာသာဖြေတာက ပန်းသေပန်းညှိုးကို ဖြစ်စေတာ မဟုတ်ပါ။ ဘာကြောင့် မကြာခဏအာသာဖြေနေရတာလဲဆိုတဲ့ အကြောင်းရင်းကို ရှာကြည့်သင့်ပါတယ်။

ပန်းသေပန်းညှိုးကို ဖြစ်စေတဲ့ ရောဂါတွေက ဘာတွေလဲ။

အဝလွန်ခြင်း

• သွေးတိုးရောဂါ

• ဆီးချိုရောဂါ

• နှလုံးရောဂါ

• သွေးတွင်း ကိုလက်စထရောများခြင်း

• ပါကင်ဆန်ရောဂါ

• အာရုံကြောအားနည်ခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေအပြင်

စိတ်ဖိစီးမှုများခြင်း

• စိုးရိမ်ပူပန်လွန်ကဲတဲ့ ရောဂါတွေ

• စိတ်ကျရောဂါ

• စိတ်အတက်အကျမြန်ရောဂါ

• အကြောက်လွန်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အာသာဖြေခြင်း နဲ့ပတ်သက်ပြီး တခြားအလွဲတွေရှိသေးလား။

၁။ လက်နဲ့အာသာဖြေတာ များလွန်းရင် မျက်စိကွယ်နိုင်တယ်။

၂။ အာသာဖြေခြင်းကြောင့် လက်ဖဝါးတွေနဲ့ လက်ဖမိုးတွေမှာ အမွေးအမျှင်တွေ ပေါက်လာနိုင်တယ်။

၃။ လူက ပိန်ပြီးညှက်နေတယ်ဆိုတာ အာသာဖြေလွန်းလို့ ဖြစ်နေတာ

၄။ အာသာဖြေလွန်းရင် ကျားဟော်မုန်းတွေ ခမ်းသွားနိုင်တယ်။

၅။ အာသာဖြေတဲ့ အမျိုးသားတွေ မြုံတတ်တယ်။

၆။ နေမကောင်းဖြစ်လွယ်ခြင်း၊ ကိုယ်ခံအားကျခြင်း၊ အာဟာရပြတ်လပ်ခြင်းတွေကိုလည်း ဖြစ်စေနိုင်တယ်။

၇။ ကြွက်သားနဲ့ အရိုးအဆစ်ကြီးထွားနှုန်းကို နှေးကွေးစေနိုင်တယ် အစရှိသဖြင့် အလွဲတွေကတော့ အစုံပါပဲ။ ဒါနဲ့ပတ်သက်ပြီးတော့ လူတွေပြောသမျှကို အရမ်းကြီး အယုံမလွယ်ဖို့၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး လေ့လာမှတ်သားဖို့၊ ကိုယ်သိထားတဲ့ ပညာတွေကို တခြားကျန်းမာရေးအသိမရှိတဲ့သူတွေဆီ မျှဝေပေးဖို့ လိုအပ်ပါတယ်။

ပန်းသေပန်းညှိုးရောဂါကို ကုသလို့ရလား။

ကုသလို့ရပါတယ်။ အသက်ငယ်သေးတဲ့ သူတွေမှာတော့ ကုသဖို့ ပိုလွယ်ကူနိုင်ပါတယ်။ အဓိကအားဖြင့် ရုပ်နဲ့ ခန္ဓာပြဿနာကြောင့် ဖြစ်ရတဲ့ နောက်ဆက်တွဲ လက္ခဏာဖြစ်တာကြောင့် ကိုယ်ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အဓိကအကြောင်းရင်းကို ဆရာဝန်အနေနဲ့ အဖြေရှာမှာ ဖြစ်ပါတယ်။

ရုပ်ကြောင့် ဖြစ်တဲ့ ရောဂါဆိုရင် အဲ့ဒီရောဂါတွေကို အရင်ကုသရမယ်၊ မဟုတ်ရင်လည်း ရောဂါအခြေအနေကို ဆေးနဲ့ ထိန်းချုပ်ရမယ်။ စိတ်ကြောင့် ဖြစ်တဲ့ရောဂါမှာ စိတ်ကျရောဂါပျောက်ဆေး၊ စိတ်ငြိမ်ဆေးတွေနဲ့ဖြစ်စေ၊ စိတ်ရောဂါကုထုံးများနှင့် ကုသပြီးတော့ဖြစ်စေ ပန်းသေပန်းညှိုးပြဿနာကို ပျောက်ကင်းအောင် လုပ်လို့ရပါတယ်။

နေထိုင်စားသောက်မှုပုံစံအနေနဲ့ အစာအာဟာရကို ဂရုစိုက်ပါ။ တစ်နေ့ကို အိပ်ချိန် အနည်းဆုံး ၇-၈နာရီ ရအောင်အိပ်ပါ။ လေ့ကျင့်ခန်း၊ အားကစားလုပ်ပါ။ စိတ်ကို အတတ်နိုင်ဆုံး ကြည်လင်အောင် ထားပါ။ ပျော်ရွှင်စွာနေပါ။ နေ့ရက်တိုင်းကို အကောင်းဆုံးဖြစ်အောင် ကျော်ဖြတ်ပါ။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/erectile-dysfunction/can-masturbation-cause-erectile-dysfunction#treating-ed (Jan 20, 2020)

ယခုပုံစံ

16/02/2024

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကာမ အားတိုးဆေး တွေကြောင့် ပန်းသေပန်းညှိုး ဖြစ်စေနိုင်သလား

ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အယူအဆများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement