backup og meta

တက်စတိုစထရုန်း၏ အကျိုးကျေးဇူးများ

တက်စတိုစထရုန်း၏ အကျိုးကျေးဇူးများ

တက်စတိုစထရုန်းဆိုတာဟာ အမျိုးသားများရဲ့ ဝှေးစေ့က အဓိကထုတ်လုပ်တဲ့ဟော်မုန်းဖြစ်ပြီး အမျိုးသမီးတွေရဲ့ သားဥအိမ်နဲ့ အဒရီနယ်ဂလင်းကနေလည်း ထုတ်လုပ်ပါတယ်။ အမျိုးသားများ ဖွံ့ဖြိုးကြီးထွားရေးနဲ့ ယောကျာ်းပီသရေးအတွက် မရှိမဖြစ်အရေးကြီးတဲ့ ဟော်မုန်းတမျိုး ဖြစ်ပါတယ်။

တက်စတိုစထရုန်းထုတ်လုပ်မှုဟာ ဆယ်ကျော်သက်အရွယ်နဲ့ အရွယ်ရောက်ခါစမှာ အများဆုံးထုတ်လုပ်ပါတယ်။ အရွယ်ရောက်ပြီးရင်တော့ တဖြည်းဖြည်းကျဆင်းသွားပါတယ်။

တက်စတိုစထရုန်းဟာ အောက်ပါကိစ္စရပ်တွေအတွက် အထူးအရေးပါပါတယ်။

ကြွက်သားများနှင့် အရိုးများတောင့်တင်းမှု

– မျက်နှာပြင်နှင့် ဆီးခုံအမွေးအမျှင်များ

– အသံကြီးလာခြင်း

– လိင်မှုဆန္ဒ

– စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ရည်ကိုယ်သွေး

– မှတ်ဉာဏ်နှင့် အတွေးအခေါ်ပိုင်း

ခန္ဓာကိုယ်ပေါ်ကို တက်စတိုစထရုန်းနရဲ့ အကျိုးပြုပုံတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ နှလုံးနှင့််သွေးကြောများဆိုင်ရာကိစ္စများ

တက်စတိုစထရုန်းဟာ ရိုးတွင်းခြင်ဆီကနေ သွေးနီဥဆဲလ်တွေထုတ်လုပ်ရာမှာ ပါဝင်ကူညီပါတယ်။ တက်စတိုစထရုန်းနည်းနေခြင်းဟာ နှလုံးရောဂါတွေနဲ့ ဆက်စပ်မှုရှိနိုင်ပါတယ်။ သုတေသနတချို့အရ နှလုံးရောဂါရှိပြီး တက်စတိုစထရုန်းဟော်မုန်း အစားထိုးကုသခြင်း ခံယူခဲ့သူ အမျိုးသားများမှာ ရောဂါအခြေအနေ သက်သာတိုးတက်မှုရှိကြောင်း သိရပါတယ်။ လူတချို့ဆိုရင် ၃၃ ရာခိုင်နှုန်းခန့် အကွားအဝေးပိုပြီး လမ်းလျှောက်နိုင်ဖယ်လို့ သိရပါတယ်။ တခြားသုတေသနတခုမှာတော့ တက်စတိုစထရုန်းဟော်မုန်းကုသမှုကြောင့် နှလုံးသွေးကြောတွေကို ကျယ်စေနိုင်တဲ့ အာနိသင်ရှိတယ်လို့ သိရပါတယ်။

၂။ အဆီနည်းပြီး ကြွက်သားများစေခြင်း

ကြွက်သားတွေ ဖွံ့ဖြိုးကြီးထွားဖို့ဆိုရင် တက်စတိုစထရုန်းကို လိုအပ်ပါတယ်။ ကျစ်လျစ်တဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံဟာ ကိုယ်အလေးချိန်ကို ထိန်းပေးပြီး စွမ်းအင်ကိုလည်း မြင့်တက်စေပါတယ်။ တက်စတိုစထရုန်းနည်းတဲ့ အမျိုးသားတွေအနေနဲ့ ကုသမှုခံယူပြီးချိန်မှာ အဆီနည်းသွားပြိး ကြွက်သားများထုတည်နဲ့အင်အားပါ ကြီးမားလာတယ်လို့ ဆိုပါတယ်။

၃။ အရိုးများကြံ့ခိုင်ရေး

တက်စတိုစထရုန်းဟာ အရိုးများသိပ်သည်းဆကောင်းဖို့ အရေးပါပါတယ်။ အမျိုးသမီးများကနေ အမျိုးသားများအဖြစ် လိင်ပြောင်းလာကြသူတွေမှာလည်း တက်စတိုစထရုန်းဟာ အရိုးများထဲက သတ္တုဓာတ်သိပ်သည်းဆကို မြင့်တက်စေပါတယ်။

၄။ မှတ်ဉာဏ်နှင့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း

တက်စတိုစထရုန်းပမဏများတဲ့ အမျိုးသားတွေဟာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ နည်းပါတယ်။ တက်စတိုစထရုန်းပမာဏနဲ့ မှတ်ဉာဏ်ပိုင်း၊ အတွေးအခေါ်ပိုင်း တိုက်ရိုက်ဆက်နွယ်မှုလည်း ရှိပါသေးတယ်။

၅။ လိင်စိတ်ဆန္ဒပြည့်ဝခြင်း

လိင်ပိုင်းဆိုင်ရာ နှိုးဆွမှုနဲ့ လှုပ်ရှားမှုရှိရင် တက်စတိုစထရုန်းလည်း သဘာဝအလျောက်မြင့်တက်လာပါတယ်။ တက်စတိုစထရုန်းမြင့်မားသူ အမျိုးသားတွေဟာ လိင်ပိုင်းဆိုင်ရာမှာ ပိုမိုစွမ်းဆောင်နိုင်စွမ်း ရှိပါတယ်။ အသက်ကြီးပိုင်းအမျိုးသားတွေဟာ လိင်စိတ်ပြီးမြောက်ဖို့နဲ့ ပန်းညှိုးခြင်းကို ဖြေရှင်းဖို့ တက်စတိုစထရုန်းကို လိုအပ်ပါတယ်။

၆။ စိတ်ပိုင်းဆိုင်ရာ

တက်စတိုစထရုန်းနည်းပါးခြင်းဟာ ဘဝရဲ့အရည်အသွေး ထိခိုက်ခြင်းပါပဲ။ စိတ်ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ သည်းမခံနိုင်ဖြစ်ခြင်း စတဲ့စိတ်အခြေအနေတွေဟာ တက်စတိုစထရုန်းနည်းပါးခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဒီနေရာမှာ အသက်အရွယ်အရ ပုံမှန်ကျဆင်းသွားခြင်းကို မဆိုလိုပါဘူး။

……..

တက်စတိုစထရုန်းဟာ အမျိုးသားများအတွက် အရေးပါတဲ့ဟော်မုန်းဖြစ်တာကြောင့် အထူးဂရုပြုသင့်ပါတယ်။ ဟော်မုန်းအစားထိုးကုသမှုအပြင် သဘာဝအလျောက် တက်စတိုစထရုန်း မြင့်မားလာစေမယ့် နည်းလမ်းတွေလည်း ရှိပါသေးတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားခြင်း၊ အိပ်ရေး၀၀အိပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း စတဲ့နေထိုင်မှုပုံစံတွေကလည်း အထောက်အကူပြုပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/benefits-testosterone Accessed Date 18 April 2020

ယခုပုံစံ

11/05/2020

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တက်စတိုစထရုန်း ဟော်မုန်း နည်းပါးခြင်း လက္ခဏာများ

တက်စတိုစထရုန်းဟော်မုန်းကို သဘာဝအတိုင်း မြှင့်တင်ဖို့


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement