backup og meta

အမျိုးသားတွေမှာ ကိုယ်ဝန်ဆောင်ဟော်မုန်း များနေရင်

အမျိုးသားတွေမှာ ကိုယ်ဝန်ဆောင်ဟော်မုန်း များနေရင်

အမျိုးသမီးတွေ ဆီးစစ်ကြည့်လို့ နှစ်ကြောင်းပေါ်နေရင် ကိုယ်ဝန်ရှိနေတယ်လို့ ပြောလို့ရတာကြောင့် ဝမ်းသာစရာပါ။ အမျိုးသားတွေမှာ ဆီးစစ်ကြည့်လို့ နှစ်ကြောင်းပေါ်ရင်ရော ဝမ်းသာစရာလား။ မဟုတ်ပါဘူး။ ဒါက စိုးရိမ်စရာပါ။ ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခုဖြစ်နေတာပါ။ ကိုယ်ဝန်ဆောင်ဟော်မုန်း လို့ခေါ်တဲ့ HCGက အမျိုးသားတွေမှာဆိုရင် ဦးနှောက်အကျိတ် (pituitary tumor)ကြောင့်ပဲဖြစ်ဖြစ် ဝှေးစေ့ကင်ဆာ (testicular tumor)ကြောင့်ပဲဖြစ်ဖြစ်ထွက်တတ်ပါတယ်။ ဒီမှာတော့ ဝှေးစေ့ကင်ဆာမှာ ဟော်မုန်းများတဲ့အကြောင်းကို ပြောပြပေးပါ့မယ်။

အမျိုးသားတွေမှာ ကိုယ်ဝန်ဆောင်ဟော်မုန်း များနေရင်

အရင်ဆုံး ဝှေးစေ့က ဘာလုပ်ပေးတာလဲဆိုတာ ပြောပြပါ့မယ်။ ဝှေးစေ့က ကပ္ပာယ်အိတ်ထဲမှာရှိပြီး အမျိုးသားဟော်မုန်း တက်စထရိုစတီရုန်းနဲ့ သုက်ကောင်ကို ထုတ်ပေးပါတယ်။ ဝှေးစေ့ကင်ဆာက ဝှေးစေ့မှာရှိတဲ့ မျိုးပွားဆဲလ်တွေကဖြစ်တာပါ။ ဒီဆဲလ်တွေကနေ HCGကို  ထုတ်နေတာပါ။ ဖြစ်နှုန်းက ၁ရာခိုင်နှုန်းပဲ ရှိပေမယ့် သိထားရင်ကောင်းတာကြာင့် ဆက်လေ့လာကြည့်ရအောင်။

ဘာတွေ ခံစားရမလဲ။

ကင်ဆာကနဦးအဆင့်မှာ ရောဂါလက္ခဏာ ပြတာရှိသလို မပြတာလည်းရှိပါတယ်။ အတွေ့အများဆုံးလက္ခဏာကတော့ ဝှေးစေ့မှာ မနာဘဲ အကျိတ်ထွက်လာတာပါ။ အကျိတ်ထွက်တိုင်း ကင်ဆာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဒါ့ပြင်

  • အကျိတ်က ရုတ်တရက်ကြီးလာတာ
  • ဝှေးစေ့နှစ်လုံး အရွယ်တော်တော်ကွာနေတာ
  • ကပ္ပာယ်အိတ်က လေးလာတာ၊ တစ်ခုခုနဲ့ဆွဲထားသလိုခံစားရတာ
  • ဗိုက် ဒါမှမဟုတ် ပေါင်ခြံအောင့်တာ
  • ကပ္ပာယ်အိတ်မှာ ရုတ်တရက်အရည်တွေစုလာတာ
  • ဝှေးစေ့ ဒါမှမဟုတ် ကပ္ပာယ်အိတ်မှာ နာတာ၊ နေရထိုင်ရခက်တာ
  • ခါးနာတာ
  • ဟော်မုန်းအပြောင်းအလဲကြောင့် ရင်သားတွေကြီးလာတာ စတာတွေဖြစ်တတ်ပါတယ်။ ဝှေးစေ့ကင်ဆာက တစ်ဖက်တည်းဖြစ်တာများပါတယ်။

ဘာကြောင့် ဖြစ်တာလဲ။

ဝှေးစေ့မှာရှိတဲ့ဆဲလ်တွေ ပုံမမှန်ပွားရာကနေ အကျိတ်ဖြစ်လာတာပါ။ ဘာကြောင့် ပွားလဲဆိုတာတော့ မသိပါဘူး။ ဖြစ်နိုင်ချေများတဲ့သူတွေကတော့

  • ဝှေးစေ့နေရာလွဲတာ

အမေ့ဗိုက်ထဲမှာတုန်းက ယောကျာ်းလေးတွေရဲ့ ဝှေးစေ့က သူတို့ရဲ့ဗိုက်ထဲမှာရှိတာပါ။ မွေးခါနီးကျမှ ကပ္ပာယ်အိတ်ထဲကို ဆင်းလာတာပါ။ ဒါကပုံမှန်ပါ။ တချို့တွေမှာ ဝှေးစေ့ တစ်လုံး ဒါမှမဟုတ် နှစ်လုံးလုံး အောက်ကို မဆင်းဘဲ ဗိုက်ထဲမှာပဲရှိနေပါတယ်။ ဒီလိုလူမျိုးတွေထက် သူများတွေထက် ဝှေးစေ့ကင်ဆာဖြစ်နိုင်ချေများပါတယ်။ ခွဲစိတ်ပြီး ကပ္ပာယ်အိတ်ထဲ ထည့်ပြီးတာတောင်မှ ဖြစ်နိုင်ချေရှိပါသေးတယ်။

  • ဝှေးစေ့ဖွံ့ဖြိုးမှုပုံမမှန်ခြင်း

Klinefelter syndromeလိုမျိုး မွေးရာပါရောဂါတွေမှာ ဝှေးစေ့ဖွံ့ဖြိုးမှု ပုံမမှန်တဲ့အတွက် ကင်ဆာဖြစ်နိုင်ချေရှိပါတယ်။

  • မိသားစုထဲမှာ မျိုးရိုးရှိရင်လည်း ဖြစ်နိုင်ပါတယ်။
  • အသက်

ဝှေးစေ့ကင်ဆာက အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် ၁၅-၃၅နှစ်ကြားဖြစ်တာအများဆုံးပါ။

နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။

  • ပိုးဝင်တာ
  • ဝှေးစေ့လိမ်သွားပြီး သွေးမလျှောက်တော့တာ
  • အရင်ထက် အရွယ်အစားပိုကြီးလာလို့ ထိခိုက်ဒဏ်ရာရလွယ်တာ
  • ကင်ဆာပျံ့သွားတာ

-အနီးအနားက ပြန်ရည်ကျိတ်ဆီကို ပြန့်ရင် ပြန်ရည်ကျိတ်တွေကြီးလာတာ၊ ခါးနာတာ

-အဆုတ်ကိုပျံ့ရင် အသက်ရှူရခက်တာ၊ မောတာ

-အသည်းကိုပျံ့ရင် ဗိုက်အောင့်တာ

-ဦးနှောက်ကိုပျံ့ရင် ခေါင်းကိုက်တာ၊ သတိလစ်တာဖြစ်တတ်ပါတယ်။

ကာကွယ်နည်းများ

ဖြစ်ရတဲ့အကြောင်းရင်းကိုမသိတဲ့အတွက် ကာကွယ်လို့မရပါဘူး။ စောစောသိအောင် ပုံမှန်စစ်ဆေးနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေ ရင်သားစစ်ဆေးသလိုပဲ အမျိုးသားတွေလည်း ဝှေးစေ့ကို ကိုယ်တိုင်စစ်ဆေးလို့ရပါတယ်။ ရေချိုးပြီးခါစစမ်းရင် ပိုကောင်းပါတယ်။ စမ်းနည်းကတော့

  • မှန်ရှေ့မှာရပ်ပြီး ကပ္ပာယ်အိတ်ကို လက်နှစ်ဖက်ထဲထည့်ပြီး အကျိတ်ရှိမရှိ ဖောင်းနေတဲ့ နေရာရှိမရှိ စစ်ဆေးပါ။
  • ဝှေးစေ့ရဲ့ အရွယ်အစားနဲ့ အလေးချိန်ကို စမ်းကြည့်ပါ။
  • ဝှေးစေ့ကို လက်မနဲ့ လက်ညိုးကြားဖိကြည့်ပြီး အကျိတ်ရှိမရှိစမ်းပါ။

ဒါကို တစ်လတစ်ခါလောက်တော့ စမ်းပေးပါ။ အမျိုးသားတွေက သာမန်အားဖြင့်လည်း ဝှေးစေ့နှစ်ဖက်က အနိမ့်အမြင့် မတူကြသလို အရွယ်အစားလည်း နည်းနည်းကွာပါတယ်။ ဒါက ပုံမှန်ပါပဲ။ ကိုယ့်ရဲ့ နဂိုကွာခြားချက်ထက် ပိုကြီးနေပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသရပါမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mayoclinic.org/diseases-conditions/testicular-cancer-care/symptoms-causes/syc-20352986

https://www.cancer.net/cancer-types/testicular-cancer/symptoms-and-signs

https://www.medicalnewstoday.com/articles/166993.php#self-exam

https://www.nhs.uk/conditions/testicular-cancer/symptoms/

 

 

 

ယခုပုံစံ

18/11/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိမိဝှေးစေ့ကို မိမိကိုယ်တိုင် စမ်းသပ်စစ်ဆေးခြင်း

Testosteroneကျားဟော်မုန်း နည်းခြင်းသည် ကျန်းမာရေးကိုထိခိုက်စေသည်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement