ယောက်ျားကောင်းတစ်ယောက်ဖြစ်ဖို့လေ့ကျင့်နေတဲ့ အမျိုးသားတစ်ယောက်မှာ လုပ်စရာတွေအများကြီးရှိပါတယ်။ ဒါဟာ ကျွန်တော်တစ်ဦးတည်းရဲ့ ပုဂ္ဂလအမြင်ဖြစ်တာကြောင့် သင်လက်မခံနိုင်ဘူးဆိုရင် ကျော်သွားပေးပါ။ ဒါဆိုရင် ယောက်ျားကောင်းတစ်ဦးဟာ အသားကင်တစ်ပန်းကန်နဲ့ အာလူးသုပ်တစ်ပန်းကန်ကိုယူပြီး အိမ်နီးချင်းဆက်ဆံရေးကို အဆင်ပြေအောင်လုပ်ယူနိုင်ပါတယ်။ ယောက်ျားကောင်းတစ်ဦးဟာ သူမရဲ့ခွေးကိုလည်း ယုယကြင်နာပြနိုင်ရမှာဖြစ်ပြီး သူ့အိတ်ထဲမှာ ဝက်သားပြားအချို့ကိုလည်း ဖွက်ယူသွားနိုင်ပါတယ်။ သူဟာ အိမ်နီးချင်းရဲ့ မြက်တွေကို ရိတ်ပေးနိုင်သလို သူ့အနီးနားပတ်ဝန်းကျင်မှာရှိတဲ့သူအားလုံးကို ကူညီပေးလိုစိတ်လည်း ရှိရပါဦးမယ်။ သူ့ရဲ့သနားညှာတာစိတ်ကြောင့်လည်း ငွေတင်မကအခြားအရာတွေကိုပါ လှူနိုင်ပါသေးတယ်။ သူဟာ သူ့မိသားစု၊ သူ့ချစ်သူနဲ့ ညီမတွေအတွက် အထူးဟင်းလျာတွေကိုလည်းချက်ပြုတ်နိုင်ပါတယ်။ သူ့အသံကောင်းလှတယ်ရယ်လို့မဟုတ်ပေမယ့် သီချင်းတွေလည်းအများကြီးဆိုနိုင်ပါတယ်။ စာအုပ်တွေနဲ့သတင်းစာတွေဖတ်ခြင်းအားဖြင့် သူ့ရဲ့အသိပညာတွေ တိုးပွားအောင်လုပ်ယူနိုင်ပါတယ်။ ဘယ်သူ့ကိုမဆို ကာကွယ်ပေးတတ်ပြီး အစားအသောက်တွေကိုလည်း ဖြုန်းတီးမှာမဟုတ်ပါဘူး။
၂. ယောက်ျားကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်မလဲ။
သင်ကယောက်ျားကောင်းတစ်ယောက်ဖြစ်လိုတယ်ဆိုရင် သင်လုပ်ရမယ့် ပထမဆုံးအလုပ်ကတော့ မငြင်းခုန်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ငြင်းခုန်ခြင်းဟာ စကားလုံးတွေ၊အသံတွေနဲ့ အပြုအမူတွေကြောင့်အခြားသူတစ်ယောက်ရဲ့ စိတ်နှလုံးကိုထိခိုက်စေနိုင်လို့ပါ။ ဒုတိယအနေနဲ့ အနိုင်ကျင့်သူမဖြစ်ပါစေနဲ့။ ဒါဟာ သင့်ခံစားမှုတွေက စွမ်းအင်မရှိတာ၊ကြောက်နေတာ၊ ထိန်းချုပ်မှုမရှိတာနဲ့ သူတစ်ပါးအပေါ်ဒေါသတကြီးဆူပူသောင်းကျန်းတတ်တာမျိုးကို ဖော်ပြနေတာပါ။ အနိုင်ကျင့်တယ်ဆိုရာမှာ ပုံစံအမျိုးမျိုးရှိပါတယ်။ ဥပမာ-ငွေကြေးဆိုင်ရာအနိုင်ကျင့်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်း၊ ခံစားမှုပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်း၊ ဘာသာရေးဆိုင်ရာ အနိုင်ကျင့်ခြင်း စသဖြင့်ပေါ့။ တတိယအနေနဲ့ကတော့ ကြောက်ရွံ့တွန့်ဆုတ်မနေပါနဲ့။ ဒါဟာ တိုက်ပွဲတွေ သို့မဟုတ် သင့်ရဲ့ပျံသန်းနိုင်မယ့် မျှော်လင့်ချက်တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ငြင်းပယ်ခံရမှာကို အလွန်တရာကြောက်ရွံ့နေတာမျိုးတွေဖြစ်စေနိုင်ပါတယ်။
ကိုယ့်ရဲ့ပုံရိပ်ကို ကိုယ်အမြဲပြန်ကြည့်ပါ။ ဆိုလိုတာက သင်ကိုယ်တိုင် သင့်ရဲ့မှားယွင်းနေတဲ့ သင့်စိတ်ဝိဉာဉ်ကိုဖယ်ရှားလိုက်ပါ။ ဘာတွေမှားနေတယ်ဆိုတာ သိရဖို့ သင့်ရဲ့အပြုအမူတွေ၊အတွေးအခေါ်တွေ၊စိတ်တွေ၊အပြုအမူတွေကို ပြန်လည်လေ့လာဆန်းစစ်ပါ။ ပြီးတဲ့အခါမှာတော့ တာဝန်ယူပါ။ ပြန်လုပ်ပါ။ ပြန်လည်ပြုပြင်ပါ။ ကိုယ်ကိုယ်တိုင်ရဲ့ပုံရိပ်တွေကိုပြန်ကြည့်နေဖို့ဆိုရင် သင်ဟာအချိန်တိုင်းမှာ သင်ကိုယ်တိုင်ဖြစ်နေဖို့လိုပြီး (မိမိကိုယ်ကိုမလိမ်ပါနဲ့) အမှန်တရားနဲ့ တိုးတက်မှုကိုရှာဖွေနေဖို့လိုပါတယ်။
သင်ရွေးချယ်ရာလမ်းကို သင်ကိုယ်တိုင်ပြင်ဆင်နိုင်ပါတယ်။ ဆိုလိုတာက သင်ရွေးချယ်လိုက်တဲ့လမ်းအတွက် သင့်မှာဦးတည်ရာရှိမယ်။ ဒီဦးတည်ရာကိုရောက်နိုင်ဖို့အတွက် အရာရာကိုရင်ဆိုင်နိုင်ဖို့လိုပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။