သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ထိုးမယ့် Covishield ကိုဗစ်ကာကွယ်ဆေး အကြောင်း

    မြန်မာနိုင်ငံမှာ ထိုးမယ့်  Covishield ကိုဗစ်ကာကွယ်ဆေး အကြောင်း

    မြန်မာနိုင်ငံမှာ ထိုးမယ့် Covishield ကိုဗစ်ကာကွယ်ဆေး အကြောင်း ဘာတွေသိထားသင့်သလဲ ဆိုတာနဲ့ ပတ်သတ်လို့ အတော်များများ စိတ်ဝင်စားနေကြတာမို့ အသေးစိတ်ပြောပြချင်ပါတယ်။

    Covishield (ကိုဗစ်ရှီးလ်ဒ်) ဆိုတာ ဘာလဲ

    မြန်မာနိုင်ငံမှာ ထိုးမယ့် Covishield ကိုဗစ်ကာကွယ်ဆေး ဆိုတာ အိန္ဒိယနိုင်ငံ Serum Institute က ထုတ်လုပ်တဲ့ COVID-19 ရောဂါကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။ ဒီဆေးကို အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းစဉ်မှာ စတင်အသုံးချနေပြီဖြစ်သလို အိမ်နီးချင်းတိုင်းပြည်တွေဆီကိုလည်း ပို့ဆောင်ဖြန့်ချိနေပါပြီ။

    မြန်မာနိုင်ငံဟာလည်း အိန္ဒိယနိုင်ငံထုတ် ဒီကာကွယ်ဆေးကို ဝယ်ယူထားတဲ့ တိုင်းပြည်တစ်ခုဖြစ်ပြီးတော့ ခုချိန်မှာဆိုရင်တော့ ကနဦးကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့ ဆေးဝါး အလုံးရေ ၁.၅ သန်း စတင်လက်ခံရရှိထားပါတယ်။

    မြန်မာနိုင်ငံမှာ စတင်အသုံးချတော့မယ့် အဆိုပါဆေးဝါးအကြောင်းကို ကြိုတင်သိရှိထားသင့်တာလေးတွေ ရှိနေပါတယ်။ ဒီတော့ Covishield ကာကွယ်ဆေးအကြောင်းသိထားသင့်တာလေးတွေကို ပြောပြပါမယ်။

    Covishield (ကိုဗစ်ရှီးလ်ဒ်) က ဘယ်လို ကာကွယ်ဆေးလဲ

    တကယ်တော့ Covishield (ကိုဗစ်ရှီးလ်ဒ်) ဆိုတာက Oxford-AstraZeneca က ဖန်တီးထားတဲ့ COVID-19 ကာကွယ်ဆေးကို အိန္ဒိယမှာ မှည့်ခေါ်ထားတဲ့ အမည်ဖြစ်ပါတယ်။ မူလဖန်တီးသူတွေက Oxford-AstraZeneca ဖြစ်ပေမယ့် ထုတ်လုပ်မှုအပိုင်းကိုတော့ အိန္ဒိယဆေးဝါးကုမ္ပဏီ Serum Institute က တာဝန်ယူထားတာဖြစ်ပါတယ်။

    အိန္ဒိယဆိုတာက ကမ္ဘာ့ကာကွယ်ဆေးဈေးကွက်ရဲ့ ၆၀% ကို တိုက်ရိုက်ချုပ်ကိုင်ထားတာမို့ အိန္ဒိယကာကွယ်ဆေးတွက ကိုဗစ်ကပ်ဘေးမှာလည်း အရေးပါလာခဲ့ပါတယ်။ အထူးသဖြင့် တန်ဖိုးချိုသာတဲ့ ဒီဆေးဟာ အနောက်တိုင်းကထုတ်တဲ့ ကာကွယ်ဆေးတွေရဲ့ တန်ဖိုးကြီးမြင့်မှုကြောင့် ဝယ်ယူရေးအခက်အခဲကြုံနေရတဲ့ နွမ်းပါးတဲ့တိုင်းပြည်တွေအတွက် အားကိုးရာဖြစ်လာခဲ့တယ်ဆိုပါတော့။

    Covishield ဟာ မူလတုန်းက ချင်ပန်ဇီမျောက်တွေကို အပျော့စားတုပ်ကွေးဖျားနာဝေဒနာကိုဖြစ်စေတဲ့ Adenovirus ကို အခြေပြုပြီး ထုတ်လုပ်ထားတဲ့ ဆေးဝါးပါ။ ဒီပိုးကို မျိုးဗီဇပြုပြင်လိုက်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ခပ်ဆင်ဆင်ဖြစ်သွားမှာဖြစ်ပေမယ့် လူကိုတော့ ထိခိုက်စေမှာမဟုတ်ပါဘူး။

    ပထမတစ်ကြိမ် ဆေးဝါးကို စတင်ထိုးနှံလိုက်ပြီဆိုတာနဲ့ လူနာရဲ့ ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးမှာဖြစ်ပြီးတော့ Antibodies တွေထုတ်လုပ်ကာ အမြင့်ဆုံးနှုန်းထားနဲ့ ဘယ်လို ကိုရိုနာဗိုင်းရပ်စ်ဝင်ရောက်မှုကိုမဆို တိုက်ထုတ်မှာဖြစ်ပါတယ်။

    Covishield (ကိုဗစ်ရှီးလ်ဒ်) မှာ ဘယ်လိုအားသာချက်တွေရှိလဲ

    Covishield ဟာ ၂ ကြိမ်ထိုးနှံရမှာဖြစ်ပြီးတော့ ပထဆေးထိုးပြီး ၄ နာရီကနေ ၁၂ ပတ်အတွင်း ဒုတိယအကြိမ်ထပ်မံထိုးနှံရမှာဖြစ်ပါတယ်။ ဒီဆေးဝါးဟာ ထိမ်းသိမ်းရလည်း လွယ်ကူပြီး ၂ C နဲ့ ၈ C တို့ အကြားမှာ ထိမ်းသိမ်းနိုင်တာကြောင့် သာမန်ရေခဲသေတ္တာတွေအတွင်းမှာလည်း ထိမ်းသိမ်းလို့ရနိုင်တာက ဒီဆေးရဲ့အားသာချက်လို့ ဆိုလို့ရပါတယ်။ ဖြန့်ချိရာမှာရော ထိမ်းသိမ်းရာမှာပါ အတော်လေးအဆင်ပြေစေတဲ့ ဆေးဝါးဖြစ်ပါတယ်။

    တိုင်းပြည်အများအပြားက အစိုးရတွေရဲ့ ထောက်ခံချက်ကိုရရှိထားတဲ့ Pfizer-BioNTech ရဲ့ ဆေးဝါးဟာဆိုရင် အနှုတ် ၇၀ C မှာထားရှိထိမ်းသိမ်းဖို့ လိုအပ်တာာမို့ သယ်ယူပို့ဆောင်တာနဲ့ ထိမ်းသိမ်းရာမှာ အဆင်ပြေလွယ်ကူမှုမရှိပါဘူး။ အထူးသဖြင့် မြန်မာ၊ အိန္ဒိယတို့လို အပူချိန်မြင့်မားတဲ့တိုင်းပြည်မျိုးတွေမှာဆိုရင် ပိုမိုခက်ခဲနိုင်ပါတယ်။

    ဒီဆေးဟာ တန်ဖိုးနှုန်းချိုသာပေမယ့် ရောဂါကာကွယ်နိုင်စွမ်း ၉၀% အထိရှိတဲ့ ဆေးဝါးပါ။ ပထမတစ်ကြိမ်ထိုးနှံမှုမှာ ၇၀% အထိကာကွယ်ပေးနိုင်ပြီး ဒုတိယတစ်ကြိမ်ထိုးနှံအပြီးမှာ ၉၀% ကျော်ကာကွယ်ပေးနိုင်မှာပါ။ ဒါပေမယ့် အဆိုပါအချက်အလက်တွေဟာ လုံလောက်မှုမရှိသေးဘူးလို့ WHO က မှတ်ချက်ပြုထားပါတယ်။

    မြန်မာနိုင်ငံမှာ Covishield အပြင် တခြားဘာမျှော်လင့်ချက်တွေ ရှိသေးလဲ

    Serum Institute of India ဟာ ယခုလထဲမှာတင် Covishield ကို အလုံးရေသန်း ၅၀ အထိ ထုတ်လုပ်သွားဖိုရှိနေပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံသား ၁၅ သန်းအတွက် ဆေးဝါးတွေ မှာကြားထားပြီး လာမယ့် ဖေဖော်ဝါရီလထဲမှာ ဆေးဝါးတွေ ရောက်ရှိလာဖွယ်ရှိနေပါတယ်။

    မြန်မာနိုင်ငံအနေနဲ့ ဒီဆေးအပြင် တရုတ်နိုင်ငံ Sinovac ကထုတ်လုပ်တဲ့ CoronaVac ဆေးဝါးတွေကိုလည်း အသုံးချသွားမှာဖြစ်ပြီး အာနိသင်အနည်းငယ်ကွဲပြားပေမယ့် ဒီဆေးနှစ်မျိုးအကြားမှာ ဆေးဝါးထိုးနှံရတဲ့ အကြိမ်ရေနဲ့ တခြားအပိုင်းတွေမှာ ကွာခြားချက်သိပ်မရှိလှပါဘူး။

    လက်ရှိ တရားဝင် ထုတ်ပြန်ချက်တွေအရဆိုရင်တော့ ပြည်တွင်းကို ကာကွယ်ဆေးတွေ ရောက်ရှိလာဖို့က ၂၀၂၁ ပထ ၃ လပတ်နဲ့ ဒုတိယ ၃ လပတ်ကြားကာလတွေမှာ အသုတ်လိုက်ရောက်လာနိုင်ခြေရှိနေပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကာကွယ်ဆေးလုံလောက်စွာရရှိဖို့ကတော့ အချိန်ယူရဦးမယ့် လုပ်ငန်းစဉ်ဖြစ်ဖို့ ရှိနေပါတယ်။

    ဒါကြောင့် လက်တလောကာလတွေမှာတော့ Mask ကိုစနစ်တကျတပ်တာ ၊ လက်ကို စနစ်တကျဆေးတာ၊ တတ်နိုင်သမျှ လူထူထပ်တဲ့နေရာတွေရှောင်တာ Social Distancing ပြုပြီး နေအိမ်ထဲမှာ နေထိုင်တာ စတဲ့ မိမိကိုယ်ကို ကာကွယ်တဲ့ နည်းလမ်းတွေကို ဆက်လပ်လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်။ ကာကွယ်ဆေး မရရှိခင်အချိန်မှာတော့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနေထိုင်တာက အကောင်းဆုံးနည်းလမ်းဆိုတာ မမေ့ဖို့ လိုမှာဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Ye Zon Aung မှ ရေးသားသည်။ 05/11/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: