Langya virus ဆိုတာ ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ တရုတ်နိုင်ငံ အရှေ့ပိုင်းက လူအချို့ဆီမှာ စတင်တွေ့ရှိခဲ့ရတာပါ။ ၂၀၁၈ကနေ ၂၀၂၂ခုနှစ်အတွင်းမှာ ဒီရောဂါကူးစက်သူ ၃၅ယောက်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဒီရောဂါက ကူးစက်ရောဂါ ဖြစ်တာကြောင့် စာဖတ်ပရိသတ်ကြီး အနေနဲ့ သတိထားနိုင်စေဖို့ အခုတစ်ခေါက်မှာတော့ Langya virus ကူးစက်မှု နဲ့ပတ်သက်လို့ သိထားသင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
Langya virus ဆိုတာက အသက်ရှူလမ်းကြောင်းမှာ ဝင်ရောက်ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ ဒီဗိုင်းရပ်စ်က အဖျားတက်တာ၊ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရစေနိုင်ပါတယ်။
အခုချိန်ထိတော့ ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ မရှိသေးပါဘူး။ ဒီရောဂါက ပြင်းပြင်းထန်ထန် ခံစားရတာမျိုး မရှိပေမယ့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေတော့ ရှိပါတယ်။
ဒီဗိုင်းရပ်စ်က တိရစ္ဆာန်တွေဆီကနေ လူကို ကူးစက်တာ ဖြစ်ပြီး လူအချင်းချင်း ကူးစက်တာမျိုးလည်း ရှိနိုင်ပါတယ်။ လူအချင်းချင်း ကူးစက်တာကတော့ ဖြစ်ခဲပါသေးတယ်။
ကူးစက်ပုံကတော့ အသီးစားတဲ့ လင်းနို့တွေ၊ ရှဉ့်ပျံတွေနဲ့ ထိတွေ့မိတာ၊ သူတို့ကိုက်ဖဲ့ထားတဲ့ အသီးတွေကို စားမိရာကနေတဆင့် ကူးစက်တာပဲ ဖြစ်ပါတယ်။
ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ!
Langya virus ကူးစက်ခံရတဲ့အခါ
နောက်ဆက်တွဲ အနေနဲ့ ဘာတွေ ခံစားရနိုင်လဲ!
Langya virus ကူးစက်ခံရတဲ့အခါ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ အနေနဲ့
- အဆုတ်ရောင်တာ
- အသည်း စွမ်းဆောင်ရည် ထိခိုက်တာ
- ကျောက်ကပ် စွမ်းဆောင်ရည် ထိခိုက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
ဘယ်လို စစ်ဆေး သိရှိနိုင်မလဲ!
Langya virus ကူးစက်ခံထားရသလား ဆိုတာကို နှာခေါင်းနဲ့ အာခေါင် တို့ဖက်ယူတာ၊ သွေး၊ ခါးခြင်ဆီယူပြီး စစ်ဆေးလို့ ရပါတယ်။ အခုချိန်ထိ တိကျတဲ့ ရလဒ်ကို ထွက်စေနိုင်မယ့် စစ်ဆေးမှုတွေကို လုပ်ဆောင်နေဆဲပါ။
Langya virus ကူးစက်မှု အတွက် ကုသနည်း
Langya virus ကူးစက်မှု အတွက် ကုသနည်း မရှိသေးပါဘူး။ လက္ခဏာပေါ််မူတည်ပြီး ကုသရတာပဲ ဖြစ်ပါတယ်။ အများစုကလည်း မပြင်းထန်တဲ့အတွက် ဖြစ်လာတဲ့အခါ
- ပြည့်ပြည့်ဝဝ အနားယူပါ
- ရေဓာတ် ပြည့်ဝအောင် နေပါ
- အဖျားကျစေဖို့နဲ့ ကိုက်ခဲတာတွေကို သက်သာစေဖို့ အဖျားကျဆေး တစ်မျိုးမျိုး သောက်ပါ။
Langya virus ကူးစက်မှုကနေ ကာကွယ်နည်း
Langya virus အတွက် ကာကွယ်ဆေး မရှိသေးပါဘူး။ ဒါကြောင့် ကူးစက်ခံရမှုကနေ ကာကွယ်ဖို့ဆိုရင်
- တိရစ္ဆာန်လေးတွေကို ကိုင်တွယ်ပြီးတိုင်းနဲ့ ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ပြီးတိုင်းမှာ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး သေချာ ဆေးကြောပါ
- မလိုအပ်ဘဲ တောရိုင်းတိရစ္ဆာန်တွေနဲ့ ထိတွေ့တာမျိုး မလုပ်ပါနဲ့
- အသီးစား လင်းနို့ ရှိတဲ့နေရာကို မသွားပါနဲ့
- အစားအသောက် သန့်ရှင်းရေးကို ဂရုစိုက်ပါ။ အစားအသောက်တွေကို ကျက်အောင် ချက်ပြုတ်စားသောက်ပါ
- ကြွေကျနေတဲ့အသီးတွေ၊ ကိုက်ရာပါတဲ့ အသီးတွေကို မစားပါနဲ့
Langya virus နဲ့ပတ်သက်လို့ သိထားသင့်တဲ့ အချက်လေးတွေ
Langya virus နဲ့ပတ်သက်လို့ သိထားသင့်တဲ့ အချက်လေးတွေကတော့