backup og meta

Scarlet fever (စကားလတ်အဖျား)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Scarlet fever (စကားလတ်အဖျား) ကဘာလဲ။

Scarlet အဖျားဆိုတာ ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့အဖျား

တစ်မျိ ုးဖြစ်ပြီး ဒီရောဂါဟာ လူတစ်ချိ ု့မှာ strep လို့ခေါ်တဲ့ပိုးတစ်မျိုးကြောင့်ဖြစ်တဲ့လည်ပင်းနာအာသီးရောင်ခြင်းကနေ ရရှိပါတယ်။scarlatina လို့လည်းသိကြပြီး scarlet အဖျားဟာ တစ်ကိုယ်လုံးမှာ အနီရဲရဲ အဖုအပိန့်များနဲ့ တွေ့

ရတတ်ပါတယ်။scarletအဖျားဟာ လည်ပင်းနာခြင်းရယ် အဖျားကြီးခြင်းရယ်နဲ့ များသောအားဖြင့် တွဲပြီးတွေ့ရတတ်ပါတယ်။ scarlet အဖျားဟာ ကလေးတွေ အသက် ၅နှစ်မှ ၁၅နှစ်အတွင်းမှာ အဖြစ်များပါတယ်။scarlet

အဖျားကို ကလေးဘဝဖျားနာခြင်းတွေထဲက ဆိုးတဲ့ရောဂါ

တစ်ခုအနေနဲ့ ယူဆကြပေမယ့် ပိုးသတ်ဆေးပေးပြီး ကုသခြင်းက သိပ်ပြီးမဆိုးစေတာကိုတွေ့ရပါတယ်။ ဒါပေမယ့်

မကုသပဲ ထားခဲ့ပါက scarlet အဖျားက ပိုပြီးဆိုးတဲ့အခြေအနေတွေဖြစ်တဲ့ နှလုံး၊ကျောက်ကပ်နဲ့ တစ်

ခြားကိုယ်ခန္ဓါအစိတ်အပိုင်းတွေထိခြင်းကို ဖြစ်စေနိုင်ပါတယ်။

Scarlet fever (စကားလတ်အဖျား) က ဘယ်လောက်အဖြစ်များသလဲ

ကလေးငယ်တွေမှာ အဖြစ်အများဆုံးဖြစ်ပြီး မည်သည့်အသက်အရွယ်မဆိုဖြစ်နိုင်ပါတယ်။

အခြားအချက်အလက်တွေသိရဖို့သင့်ဆရာဝန်နဲ့ တိုင်ပင်

ဆွေးနွေးပါ။

လက္ခဏာများ

Scarlet fever (စကားလတ်အဖျား) ရဲ့လက္ခဏာတွေကဘာတွေလဲ

Scarlet အဖျားရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေ

ကတော့

-အနီရောင်အဖုအပိန့်များ။ ဒီအနီစက်တွေဟာ နေလောင်ထားတာနဲ့တူပြီး သဲမှုန့်တွေကို ထိတွေ့ရသလို

ခံစားချက်ရပါတယ်။၎င်းက အရင်ဆုံးမျက်နှာ သို့မဟုတ် လည်ပင်းမှာစဖြစ်တတ်ပြီး ခန္ဓါကိုယ်၊လက်နဲ့ခြေထောက်

တွေကို ပြန့်သွားပါတယ်။ နီနေတဲ့နေရာကို ဖိကြည့်လိုက်ရင်

ခပ်ဖျော့ဖျော့အရောင်ကိုပြောင်းသွားပါတယ်။

-အနီရောင်အကြောင်းများ။ ပေါင်ခြံနေရာများ၊ချိ ုင်းကြား၊တံတောင်ဆစ်၊ဒူးခေါ င်းအရစ်များနဲ့ လည်ပင်းအရစ်

တွေမှာတစ်ခြား အနီစက်တွေထက် ပိုပြီးနီနေတတ်ပါတယ်။

-မျက်နှာရဲခြင်း။ ပါးစပ်နားတစ်ဝိုက်မှာ ခပ်ဖျော့ဖျော့ အဝိုင်းလိုက်ဖြစ်နေပြီး မျက်နှာတစ်ခုလုံးရဲနေတတ်ပါတယ်။

-စတော်ဘယ်ရီလိုလျှာဖြစ်ခြင်း။ လျှာက အနီရောင်ရှိပြီး အဖုတွေလိုဖြစ်နေပါတယ် ပြီးတော့တစ်ခါတစ်လေမှာတော့

အစောပိုင်းအခြေအနေတွေမှာ လျှာမှာ အဖြ ူရောင်တစ်လွှာကပ်နေသလိုတွေ့ရပါတယ်။

ဒီလို အနီရောင်အစက်တွေ မျက်နှာနဲ့လျှာမှာဖြစ်ခြင်းက များသောအားဖြင့် တစ်ပတ်လောက်ကြာတတ်ပါတယ်။ ဒီလိုရောဂါလက္ခဏာတွေ သက်သာသွားပြီဆိုပါက အရေပြားကလည်း အနီစက်တွေ အဖုအပိန့်တွေကလည်းကွာကျလာပါတယ်။

တစ်ခြား ရောဂါလက္ခဏာများကတော့

-အဖျား ၁၀၁ နဲ့ ၁၀၁ထက်များခြင်း၊ ချမ်းတုန်တာနဲ့တွဲခြင်း

-အာသီး နီပြီး နာခြင်း တစ်ခါတစ်လေ အဖြ ူဖတ် အဝါဖတ်များတွေ့ရခြင်း

-မျိ ုရခက်ခြင်း

-လည်ပင်းမှ ပြန်ရည်ကြောအကျိတ်များကြီးနေပြီး ထိမိရင်နာခြင်း

-ပျိ ု့ခြင်း အန်ခြင်း

-ခေါင်းကိုက်ခြင်း

(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်မှာပြောပြမယ့် လက္ခဏာတွေ သင့်မှာရှိပါက သင့်ဆရာဝန်ကို ဆက်သွယ်ပါ။

-အဖျား ၁၀၂ နဲ့ ၁၀၂ အထက်ရှိခြင်း

-လည်ပင်းအကျိတ်တွေ ကြီးမားရောင်ရမ်းပြီး နာနေခြင်း

-အနီစက် အဖုအပိန့်တွေရှိခြင်း

အကြောင်းရင်းများ

Scarlet fever (စကားလတ်အဖျား) ကိုဘာတွေကဖြစ်စေသလဲ

Scarlet အဖျားကို strep ပိုးကောင်ကြောင့်ဖြစ်တဲ့လည်ပင်း

နာခြင်းကိုဖြစ်စေတဲ့ ပိုးနဲ့ပုံစံတူကောင်ကြောင့်ပဲဖြစ်စေပါတယ်။ ဒီဘတ်တီးရီးယား

က အဆိပ်တစ်ခုကို ထုတ်လွှတ်ပြီး အနီစက်တွေဖြစ်ခြင်း အနီရောင်လျှာဖြစ်စေခြင်းတို့ကိုဖြစ်စေပါတယ်။ ကူးစက်ခံထားရတဲ့လူက ချောင်းဆိုးခြင်းနဲ့ နှာချေခြင်းတွေ

လုပ်တဲ့အခါ မှာ ပိုးတွေဟာ အဲ့ကကျတဲ့အစက်တွေအမှုန်တွေကနေ တစ်ဆင့်လူတစ်

ယောက်မှတစ်ယောက်ကို ကူးစက်စေပါတယ်။ လူတွေကို

ထိတွေ့တဲ့အချိန်နဲ့ ဖျားနာတဲ့အချိန် ကြားကာလကာ များသောအားဖြင့် နှစ်ရက်မှ လေးရက်လောက်ကြာတတ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Scarlet fever (စကားလတ်အဖျား) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

Scarlet အဖျားကိုဖြစ်စေတဲ့အန္တရာယ်ရှိတဲ့အချက်တွေက

အများကြီးရှိပါတယ်။၎င်းတို့ကတော့

ကလေးတွေ အသက်၅နှစ်မှ ၁၅နှစ်အတွင်းကတော့ အခြားအသက်အရွယ်ကလူတွေထက် ပိုဖြစ်နိုင်ပါတယ်။

Scarlet အဖျားရဲ့ ပိုးမွှားတွေဟာ လူအချင်းချင်း ထိတွေ့ရာက

နေ ပိုပြီးလွယ်လွယ်ကူကူ ကူးစက်ပြန့်နှံ့တဲ့အတွက် မိသားစုဝင်အချင်းချင်းနဲ့ ကျောင်းနေဖော်အတန်းဖော်အချင်းအချင်းပိုကူးကြပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Scarlet fever (စကားလတ်အဖျား) ကို ဘယ်လိုအတည်ပြုပါသလဲ

ကိုယ်ကို စမ်းသပ်စစ်ဆေးချိန်မှာ သင့်ဆရာဝန်က

-သင့်ကလေးရဲ့ လည်ပင်း၊အာသီးတွေနဲ့ လျှာရဲ့အခြေအနေ

ကိုကြည့်ပါမယ်

-သင့်ကလေးရဲ့လည်ပင်းတွေမှာ ပြန်ရည်ကြောအကြိတ်တွေကြီးမကြီးသိဖို့ လက်နဲ့စမ်းကြည့်ပါမယ်

-အနီစက်တွေရဲ့ပုံပန်းနဲ့ အနီစက်တွေရဲ့ချောမှုကြမ်းမှုကို ကိုင်ကြည့်ပါမယ်

-လည်ပင်းကနေ နမူနာယူကြည့်ပါမယ်။

တကယ်လို့သင့်ဆရာဝန်မှာ သင့်ကလေးရဲ့ဖျားနာမှုဟာ

Strep ပိုးကောင်ကြောင့်လို့ထင်ပါက သင့်ကလေးရဲ့ အာသီးတွေနဲ့ လည်ပင်းထဲကနေ နမူနာယူပြီး စစ်ဆေးပါလိမ့်မယ်။ အဲ့ဒီနေရာတွေမှာ strepဘတ်တီးရီးယားပိုးကောင်က အခြေချနေထိုင်တတ်လို့ပါ။strep ပိုးကောင်ကြောင့် လားဆိုတာ စစ်ဆေးမှုပြ ုခြင်းက အရေးကြီးပါတယ် ဘာကြောင့်လဲဆိုတော့ scarlet အဖျားရဲ့ ရောဂါလက္ခဏာတွေကို ဖြစ်စေတဲ့ အခြား

အခြေအနေတွေအများကြီးရှိသေးလို့ပါ။ ဒီအခြေအနေတွေ

ဟာဆိုရင်လည်း မတူညီတဲ့ကုသမှုတွေပေးဖို့လိုအပ်နိုင်ပါတယ်။ တကယ်လို့

Strep ပိုးကောင်ကြောင့်မဟုတ်ခဲ့ရင်တော့ ဖျားနာမှုကိုဖြစ်

စေတဲ့တစ်ခြား အကြောင်းတွေရှိနေနိုင်ပါသေးတယ်။

Scarlet fever (စကားလတ်အဖျား) ကို ဘယ်လိုကုသပါသလဲ

သင့်ဆရာဝန်မှ ပိုးသတ်ဆေးသောက်ဆေး(ကလေးအတွက် ပိုးသတ်ဆေးအရည်) ကို ငါးရက်မှ ဆယ်ရက်အထိသောက်

ခိုင်းပါမယ်။ သင် ဒါမှမဟုတ် သင့်ကလေးက တစ်ရက် သို့မဟုတ် နှစ်ရက်လောက်ကြာပြီးရင် နေရတာ ပိုသက်သာ

လာသလို ခံစားရပါမယ် ဒါပေမယ့် ကုသမှုကိုတော့ သက်သာတာနဲ့မရပ်လိုက်ပဲ ဆေးအကုန်လုံးထိသောက်ဖို့

လိုအပ်ပါတယ်။

ပိုးသတ်ဆေးသောက်နေစဉ်မှာ

-အနားယူပါ၊ ရေတွေအများကြီးသောက်ပေးပါ။

-သင့်မှာ အဖျားတက်နေရင် ဒါမှမဟုတ် နေထိုင်မကောင်းပါက ပါရာစီတမော သို့မဟုတ် ibuprofenသောက်နိုင်ပါတယ်( အသက်၁၆နှစ်အောက်ကလေးကို aspirin မပေးပါနဲ့)

-ပိုးမွှားတွေ ပြန့်နှံ့ခြင်း ဖြစ်ပွားမှုကို ရှောင်ပါ။

လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ

Scarlet အဖျားကနေ သက်သာစေမယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများက ဘာတွေလဲ။

အောက်မှာပြောပြမယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများကတော့ scarlet အဖျား သက်သာစေမယ့်နည်းလေးတွေပါ

-အဖျားတက်ခြင်းနှင့်နာကျင်မှုကို ကုသပါ။ibuprofen ၊ပါရာစီတမော သောက်ခြင်းနဲ့ အဖျားကျဖို့ အနာသက်သာ

ဖို့သုံးနိုင်ပါတယ်။

-ရေများများသောက်ပါ။ သင့်ကလေးကို ရေဓါတ်ခမ်းခြောက်

ခြင်းရယ် မှကာကွယ်ဖို့ရယ် လည်ချောင်းထဲမှာ စိုစွတ်နေအောင်ရယ်ရေများများတိုက်ပေးဖို့လိုပါတယ်။

-ဆားရေနဲ့ပလုတ်ကျင်းခိုင်းပါ။ သင့်ကလေးဟာ ရေကို ပလုတ်ကျင်းနိုင်တဲ့အရွယ်ဆိုပါက ဆားရေနဲ့ပလုတ်ကျင်းစေပြီး ထွေးထုတ်ခိုင်းပါ။ ဒီနည်းက လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။

-လေထုကိုစိုစွတ်နေပါစေ။ အေးပြီးစိုစွတ်တဲ့လေထုကို ဖန်တီးခြင်းနဲ့ ခြောက်သွေ့တဲ့လေကိုဖယ်ထုတ်ပါ။ ခြောက်သွေ့တဲ့လေက လည်ချောင်းနာခြင်းကို ပိုဆိုးစေလို့ပါ။

-ငုံဆေးတွေပေးပါ။ ကလေးအသက်၄နှစ်အထက် ကြီးပါက ငုံဆေးတွေငုံခိုင်းခြင်းနဲ့ လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။

-သက်တောင့်သက်သာ မျိုချနိုင်မယ့်အစားအစာများကျွေးပါ။

စွပ်ပြ ုတ်ပူပူတိုက်ပေးခြင်းနဲ့ရေခဲလိုမျိ ုးအရာက လည်ပင်းကိုချောမွေ့စေလို့ လည်ချောင်းနာသက်သာစေမှာပါ။

-ပိုဆိုးစေတဲ့အရာတွေရှောင်ပါ။ လည်ချောင်းနာခြင်းကိုပိုဆိုးစေမယ့် ဆေးလိပ်ငွေ့တွေရယ် သန့်ရှင်းရင်သုံးတဲ့ပစ္စည်းတွေကို ဖယ်ရှားပါ။

(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Scarlet fever. http://www.mayoclinic.org/diseases-conditions/scarlet-fever/basics/lifestyle-home-remedies/con-20030976. Accessed June 30, 2017.
Scarlet fever. http://www.nhs.uk/conditions/scarlet-fever/pages/introduction.aspx. Accessed June 30, 2017.
(Learn about scarlet fever. What are the symptoms, the causes and how to treat this condition? What can we do to cope and prevent its symptoms?)

ယခုပုံစံ

02/12/2019

Dr. Sandy Kyaw မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း ဘာတွေသိထားဖို့ လိုမလဲ!

ကွာစေ့ကောင် တွေက ကျန်းမာရေးကို ထိခိုက်စေသလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Sandy Kyaw မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement