backup og meta

Cat Scratch Disease (ကြောင်ကုတ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cat Scratch Disease (ကြောင်ကုတ်ရောဂါ) ကဘာလဲ။

ကြောင်ကုတ်ရောဂါဆိုသည်မှာ ကြောင်လက်သည်းတွင် ရှိသော ဘတ်တီးရီးယားကြောင့်ဖြစ်သည်ဟု ယူဆရသော ရောဂါကူးစက်မှုတစ်မျိုးဖြစ်ပါသည်။ ရောဂါပိုးသည် ကုတ်ရာ နှင့် အနီးဆုံးရှိသော ပြန်ရည်ကြောအဖုများသို့ ပျံ့နှံ့သွားပါ သည်။ ပြန်ရည်ကြော ဂလန်းများသည် တစ်ရှူး အစုအဝေး များဖြစ်ပြီး ရောဂါပိုးကူးစက်မှုကို တိုက်ခိုက်သော ကိုယ်ခံ အားစနစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ် ပါသည်။

ကြောင်ကုတ်ရောဂါသည် အတော်အတန် ရှားပါသည်။ အများစုသည် အစောပိုင်း ဆောင်းဦးရာသီနှင့် ဆောင်းရာသီ အလယ်တွင် ဖြစ်ပွားပါသည်။

Cat Scratch Disease (ကြောင်ကုတ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ကလေးငယ်များနှင့် အရွယ်ရောက်ပြီးလူငယ်များတွင် ပို၍ အဖြစ်များပါသည်။ ရောဂါဖြစ်ပွားမှု၏ ၈၀ရာခိုင်နှုန်းမှာ အ သက် ၂၁နှစ်အောက်လူများ ဖြစ်ပါသည်။ အများစုမှာ ၃နှစ်နှင့် ၁၂နှစ်ကြား ဖြစ်ပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချ ခြင်းဖြင့် ရောဂါကို ထိန်းချုပ် နိုင်ပါ သည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန် နှင့် တိုင်ပင်ပါ။

လက္ခဏာများ

Cat Scratch Disease (ကြောင်ကုတ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အကုတ်ခံရပြီး ရက်အနည်းငယ်အကြာတွင် ရောဂါ လက္ခ ဏာများ ပေါ်ပေါက်လာပါသည်။ ကုတ်ရာ နေရာတွင် ပြည် ၊အရည် ပါသော သို့မဟုတ် မပါသော အလုံး တစ်ခုပေါ်လာ ပါသည်။ ၁ပတ်မှ ၃ပတ်ကြာသောအခါ အလုံးအနီးရှိ ပြန်ရည်ကြောဂလန်း များသည် စတင်ရောင်လာပါသည်။ ရောင်ရမ်းခြင်းသည် ရောဂါပိုးကို တိုက်ခိုက်သော သွေးဖြူဥ အရေအတွက်များလာကာ ဘတ်တီးရီးယားများကို တိုက် ခိုက်နေသောကြောင့်ဖြစ်သည်။ အဖျားငွေ့ငွေ့တက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း နှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်နိုင်သည်။

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရောဂါကူးစက်မှုသည် မပြင်းထန်ပါက ကူးစက်ခံရသော ဂလန်းများသည် သူ့အလိုလို ပြန်လည်ကောင်းမွန်လာနိုင် သည်။ အောက်ပါတို့ဖြစ်ပွားပါက ဆရာဝန်ကို အကြောင်း ကြား သင့်ပါသည်။

  • အကြောင်းပြချက်မရှိဘဲ ပြန်ရည်ကြောအဖုများ စတင် ရောင်ရမ်းခြင်း
  • ရောင်ရမ်းခြင်းသည် ၂ပတ်မှ ၄ပတ်အတွင်း ပို၍ ဆိုး ရွားလာခြင်း
  • ရောင်ရမ်းမှု အနားရှိ အရေပြားသည် မာလာပြီး ထိ သောအခါ နစ်မြုပ်မဝင်ခြင်း
  • ရက်ရှည် ဖျားခြင်း၊ ညဘက် ချွေးပြန်ခြင်း၊ အကြောင်း ပြချက် မရှိဘဲ ကိုယ်အလေးချိန်ကျခြင်း

အကြောင်းရင်းများ

Cat Scratch Disease (ကြောင်ကုတ်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

Bartonella henselae ဟုခေါ်သော ဘတ်တီးရီးယား တစ်မျိုးကြောင့် ရောဂါကူးစက်မှု ဖြစ်ပွားပါသည်။ အိမ်မွေး ကြောင် အများစုတွင် ရောဂါပိုးရှိပြီး ရောဂါကူးစက်ခံရသော လက္ခဏာပြသည်မှာ ရှားပါသည်။

Risk factors

ငါ့ဆီမှာ Cat Scratch Disease (ကြောင်ကုတ်ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ကြောင်ကုတ်ရောဂါဖြစ်နိုင်ချေကို မြင့်စေသော အချက် များစွာရှိပါသည်။ ဥပမာ-

  • ကြောင်များ ရှိခြင်း။ ကြောင်များနှင့် ကစားခြင်း
  • ကြောင်ကို သင့်အရေပြားပေါ်ရှိ အနာအား လျှာနှင့် လျက်ခိုင်းခြင်း

ကျန်းမာသန့်ရှင်းမှု နည်းခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cat Scratch Disease (ကြောင်ကုတ်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် မကြာသေးမီက ကြောင်ကုတ်ခြင်းနှင့် ကုတ်ရာ၏ ပုံပန်းအပေါ်မူတည်၍ ရောဂါကို အဖြေရှာပါသည်။ ဆရာဝန်သည် ပြည်တည်နေသော ကုတ်ရာအနီးရှိ အရေပြား ပေါ်သို့ စစ်ထုတ်သော ပြန်ရည်ကြောအဖုများ ရောင်ရမ်းနေ သည်ကို တွေ့နိုင်ပါသည်။

Cat Scratch Disease (ကြောင်ကုတ်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ခန္ဓါကိုယ် ကိုယ်ခံအားစနစ်သည် ကောင်းစွာ အလုပ် လုပ်နေပါက ရောဂါပိုးကူးစက်မှုသည် ၁-၂ပတ်အတွင်း ပဋိဇီဝ ဆေးများ သောက်ခြင်းဖြင့် ပျောက်ကင်းနိုင်ပါသည်။ မပြင်းထန်သော ရောဂါ ဖြစ်ပွားမှု အများစုတွင် ခန္ဓါကိုယ်၏ ကိုယ်ခံအားစနစ်သည် ပဋိဇီဝဆေးများ မပါဘဲ ရောဂါပိုး ကူးစက်မှုကို တိုက်ထုတ်နိုင်ပါသည်။

ရောဂါပိုးတိုက်ထုတ်မှု စွမ်းအင်နည်းသော လူများ (ဥပမာ HIV,AIDS ရှိသူများ) သည် ပိုဆိုးသော ကူးစက်မှုများ ဖြစ်နိုင် ပြီး အများအားဖြင့် ပဋိဇီဝဆေး သောက်ရန် လိုအပ်ပါသည်။

အဖျားကျမသွားမချင်း အားအင်များ ပြန်မရမချင်း အနား ယူခြင်းသာ အကောင်းဆုံး ဖြစ်ပါသည်။ အထူး စားသောက်မှု ပြုလုပ်ရန် မလိုပါ။ အရည်များများသောက်ခြင်းသည် အဖျား တက်စဉ်တွင် အကူအညီပေးနိုင်သည်။ ပြဲရာပေါ်တွင် အပူ ပေးခြင်း၊ အကိုက်အခဲပျောက်ဆေးများသောက်ခြင်း သည် ရောဂါ လက္ခဏာများကို သက်သာစေပါသည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် ကြောင်ကုတ်ရောဂါ ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် ကြောင်ကုတ်ရောဂါ ကို ထိန်းချုပ်နိုင်ပါသည်။

  • အဖျားကျပြီး အင်အားများ ပြန်မရမချင်း အနားယူပါ။
  • ပဋိဇီဝဆေးများ သောက်ပါ။ ညွှန်ကြားထားသည့် အတိုင်း ကုန်အောင်သောက်ပါ။
  • ရောဂါကူးစက်မှု၏ လက္ခဏာများအတွက် ကြောင် ကုတ်ရာများကို စောင့်ကြည့်ပါ။
  • ရိုင်းသော တိရစ္ဆာန်များကို မကိုင်ပါနှင့်။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Download Version.

ယခုပုံစံ

12/05/2020

Dr. Zin Wai Yan Lin မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း ဘာတွေသိထားဖို့ လိုမလဲ!

ကွာစေ့ကောင် တွေက ကျန်းမာရေးကို ထိခိုက်စေသလား


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement