backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အဖြစ်များသော မုတ်သုံရာသီအကူးအပြောင်းရောဂါများအတွက် ကျွမ်းကျင်သူများ၏အကြံပြုချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Ye Pyae Hein မှ ရေးသားသည်။ · 03/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဖြစ်များသော မုတ်သုံရာသီအကူးအပြောင်းရောဂါများအတွက် ကျွမ်းကျင်သူများ၏အကြံပြုချက်များ

ရာသီကူးပြောင်းရောဂါများအတွက် အကြံပြုချက်များ

မုတ်သုန်ရာသီနီးကပ်လာသည်နှင့်အမျှ အနောက်တောင်လေတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ ပါရှိလာသည်မှာ ရာသီအကူးအပြောင်းတွင် ဖြစ်တတ်သော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ဖျားနာရောဂါ တို့ဖြစ်ပါသည်။ အဖြစ်များသော ရောဂါများမှာ ငှက်ဖျားရောဂါ၊ လည်ချောင်းနာခြင်း၊ အအေးမိဖျားနာခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်ကြသည်။ အောက်ပါတို့မှာ ထိုရောဂါများ မဖြစ်အောင်ကူညီပေးမည့် ကျွမ်းကျင်သူတို့၏ အကြံပြုချက်များ ဖြစ်ပါသည်။

(၁)သောက်သုံးရေကိုသန့်ရှင်းအောင်ဂရုစိုက်ပါ

မိုးရာသီတွင် ရေအရင်းအမြစ်တို့သည် ညစ်ညမ်းလွယ်ပြီး မသန့်ရှင်းသော ရေမှတစ်ဆင့် အသားဝါရောဂါ၊ အထက်လှန်အောက်လျှောရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်ပွားနိုင်သည်။ အန္တရာယ်ကင်းစွာ သောက်သုံးနိုင်ရန် ရေကိုကြိုချက်

၍ သောက်ခြင်း၊ သန့်စင်ထားသော သောက်ရေသန့်တို့ကို သောက်ခြင်းပြုလုပ်ပါ။

(၂)လက်သုတ်ပုဝါကို မိမိတစ်ဦးတည်း အသုံးပြုပါ

ဘက်တီးရီးယားပိုးရောဂါများမှ ကင်းဝေးရန် လက်သုတ်ပုဝါကို သီးသန့်အသုံးပြုပါ။

(၃)လက်ကိုင်ပုဝါဆောင်ပါ

နှာစေးချောင်းဆိုးလျှင် လက်ကိုင်ပုဝါဖြင့် နှာခေါင်း နှင့် ပါးစပ်တို့ကို အုပ်ပေးပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင်သည် ဖျားနာနေပါက ရောဂါပိုးများ ပြန့်ပွားခြင်းမဖြစ်အောင် တားဆီးနိုင်သည်။

(၄)ခြင်မကိုက်အောင်နေပါ

ငှက်ဖျားရောဂါပိုး သယ်ဆောင်လာသောခြင်သည် ညဘက်တွင် ကိုက်လေ့ရှိသဖြင့် ခြင်နိုင်ဆေးရည် အသုံးပြုခြင်း၊

ခြင်ထောင်ဖြင့်အိပ်ခြင်းတို့ ပြုလုပ်ပါ။

(၅)ရောဂါဖြစ်ပါက စောစီးစွာကုသမှုခံယူပါ

ဆေးဆိုင်တွင် အလွယ်တကူရရှိနိုင်သော ဆေးများနှင့် မသက်သာပါက သင့်တွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရခြင်း ဖြစ်နိုင်သည့်အတွက် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ မဖြစ်အောင် ဆရာဝန်နှင့် ပြသပါ။

(၆)ကျန်းမားရေးနှင့် ညီညွတ်အောင် ရွေးချယ်စားသုံးပါ

သန်ရှင်းလတ်ဆတ်စွာ ပြင်ဆင်ထားသော အစားအစာများသည် ကျန်းမာရေးအတွက် စိတ်ချရသည်။ အပြင်ထွက်၍ အစားအစာ စားခြင်းကို ယခုကာလတွင် ရှောင်ရှားသင့်သည်။

(၇)လူထူထပ်သောနေရာများကိုရှောင်ပါ

လူထူထပ်သော နေရာများတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု ပိုမိုလွယ်ကူသည့်အတွက် ပွဲလမ်းသဘင်များသို့ သွားလိုပါက မုတ်သုန်ရာသီကုန်မှသာ အစီအစဉ်ဆွဲပါ။

(၈)လက်သန့်ဆေးရည် အသုံးပြုပါ

သင်၏ လက်ကို သန့်ရှင်းအောင် ထားပါက ရောဂါဖြစ်ပွားမှုမှ ကင်းဝေးနိုင်သည့်အတွက် လက်သန့်ဆေးရည်ကို မှန်မှန်သုံးပါ။

သင့်တွင် ရင်သွေးငယ်များရှိပါက သင့်ကလေးငယ်အတွက် အောက်ပါတို့ကို လိုက်နာပါ။

(၉)လက်သည်းညှပ်ပါ

လက်သည်းရှည်များသည် အညစ်အကြေးနှင့် ရောဂါပိုးများ ခိုအောင်းရာနေရာတို့ ဖြစ်သည့်အတွက် ကလေးငယ်များကို လက်သည်းပုံမှန် ညှပ်ပေးပါ။

(၁၀)မိုးရွာနေချိန်တွင် ကလေးငယ်များကို အိမ်တွင်း၌သာထားပါ

မိုးရေထဲတွင် အက်ဆစ်ကဲ့သို့အန္တရာယ်ရှိသော အရာများ၊ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများ ပါဝင်တတ်သည်။ အထူးသဖြင့် မိုးဦးလေဦးတွင် ရွာသော မိုးမစိုမိစေရန် ကလေးငယ်ကိုဂရုစိုက်ပေးပါ။

(၁၁)တစ်ကိုယ်ရည်သန့်ရှင်းရေးပြုလုပ်ပေးပါ

ကလေးငယ်များသည် လက်ဆေးရခြင်းကို မပြုလုပ်ချင်ကြပါ။ မိဘအနေဖြင့် သင်ကိုယ်တိုင်က လက်ဆေးခြင်းကို သေချာပြသပေးပြီး လက်ဆေးတတ်သည့် အကျင့်ပါအောင် ပျိုးထောင်ပေးပါ။

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ရောဂါများသည် အရွယ်ရောက်ပြီးသူများအတွက် ကြီးမားသောပြဿနာမဟုတ်သော်လည်း ကလေးငယ်များအတွက် ပိုမိုထိခိုက်နိုင်သဖြင့် မုတ်သုန်ရာသီတွင် အထူးဂရုစိုက် စောင့်ရှောက်ရန် လိုအပ်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Ye Pyae Hein မှ ရေးသားသည်။ · 03/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement