backup og meta
hellosayarwon logo
ဆောင်းပါးများ

ကျန်းမာရေး ကဏ္ဍများ

မျက်စိကျန်းမာရေး

မျက်စိကျန်းမာရေး

အမျိုးသားကျန်းမာရေး

အမျိုးသားကျန်းမာရေး

အမျိုးသမီး ကျန်းမာရေး

အမျိုးသမီး ကျန်းမာရေး

ဆီးချို သွေးချို

ဆီးချို သွေးချို

ကျန်းမာစွာ စားသောက်ခြင်း

ကျန်းမာစွာ စားသောက်ခြင်း

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

ကဏ္ဍအားလုံး ကြည့်ရှုမည်။

အာရုံစိုက်ရမည့် အကြောင်းအရာ

အာရုံစိုက်ရမည့် အကြောင်းအရာများကို ကြည့်ရန်
မြန်မာနိုင်ငံအတွက် ခံနိုင်ရည်နှင့် မျှော်လင့်ချက်

မြန်မာနိုင်ငံအတွက် ခံနိုင်ရည်နှင့် မျှော်လင့်ချက်

Zodiac sign အလိုက် ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာစေမည့် နည်းလမ်းများ

Zodiac sign အလိုက် ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာစေမည့် နည်းလမ်းများ

ဘေဘီလေးတွေရဲ့ မွေးလအလိုက် ထူးခြားချက်များ

ဘေဘီလေးတွေရဲ့ မွေးလအလိုက် ထူးခြားချက်များ

ဖြေရှင်းကာကွယ် အပူအန္တရာယ်

ဖြေရှင်းကာကွယ် အပူအန္တရာယ်

ကိရိယာများ

ကျန်းမာရေးကိရိယာများ

သင် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်သလား ဆိုတာကို အွန်လိုင်းကနေ စစ်ဆေးကြည့်ကြမယ်

သင် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်သလား ဆိုတာကို အွန်လိုင်းကနေ စစ်ဆေးကြည့်ကြမယ်

နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါ ရှိမရှိ အွန်လိုင်းကနေ စစ်ဆေးနိုင်ပါပြီ

နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါ ရှိမရှိ အွန်လိုင်းကနေ စစ်ဆေးနိုင်ပါပြီ

သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိသလဲဆိုတာ အွန်လိုင်းကနေ စစ်ဆေးကြမယ်

သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိသလဲဆိုတာ အွန်လိုင်းကနေ စစ်ဆေးကြမယ်

လေဖြတ်နိုင်ခြေ ဘယ်လောက်ရှိသလဲဆိုတာကို အွန်လိုင်း‌ကနေ စစ်ဆေးလို့ ရနေပါပြီ

လေဖြတ်နိုင်ခြေ ဘယ်လောက်ရှိသလဲဆိုတာကို အွန်လိုင်း‌ကနေ စစ်ဆေးလို့ ရနေပါပြီ

သင် အဆုတ်ကင်ဆာဖြစ်နိုင် သလားဆိုတာ အွန်လိုင်းကနေ  စစ်ဆေးကြည့်ပါ

သင် အဆုတ်ကင်ဆာဖြစ်နိုင် သလားဆိုတာ အွန်လိုင်းကနေ စစ်ဆေးကြည့်ပါ

သင့် အစာခြေစနစ် ကျန်းမာရေး ကောင်းရဲ့လားဆိုတာကို အွန်လိုင်းကနေ  စစ်ဆေးကြည့်မယ်

သင့် အစာခြေစနစ် ကျန်းမာရေး ကောင်းရဲ့လားဆိုတာကို အွန်လိုင်းကနေ စစ်ဆေးကြည့်မယ်

ကိရိယာများကို ကြည့်မည်။

နှစ်သက်သည့်ကိရိယာများ

အလွယ်ကူဆုံးနည်းလမ်းများနဲ့ အွန်လိုင်းကနေ ဆီးချိုထိန်းကြမယ်

ပိုမိုကြည့်ရှုမည်။
အလွယ်ကူဆုံးနည်းလမ်းများနဲ့ အွန်လိုင်းကနေ ဆီးချိုထိန်းကြမယ်

BMI တွက်ချက်ခြင်း ကို အွန်လိုင်းကနေ အချိန်ခဏပေးပြီး အဖြေထုတ်နိုင်ပါပြီ

ပိုမိုကြည့်ရှုမည်။
BMI တွက်ချက်ခြင်း ကို အွန်လိုင်းကနေ အချိန်ခဏပေးပြီး အဖြေထုတ်နိုင်ပါပြီ

သင့်ရဲ့ ဆီးချိုအကြိုအဆင့် ဖြစ်နိုင်ခြေ ကို အွန်လိုင်းက‌နေ စစ်ဆေးမယ်

ပိုမိုကြည့်ရှုမည်။
သင့်ရဲ့ ဆီးချိုအကြိုအဆင့် ဖြစ်နိုင်ခြေ ကို အွန်လိုင်းက‌နေ စစ်ဆေးမယ်
အဖွဲ့များ

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

ကိုယ်ဝန်ဆောင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ကျန်းမာရေး

အဖွဲ့အားလုံးကို ကြည့်မည်။

ဖတ်ရှုသင့်သောဆောင်းပါးများ

ထပ်မံ ကြည့်ရှုမည်
avatar
Hello.Sayarwon
ကိုယ်ဝန်ဆောင်ကျန်းမာရေး
•
2 years
ကိုယ်ဝန်ဆောင် ကိုယ်အလေးချိန် တွက်ချက်ခြင်း ကိရိယာ
ကူးစက်ရောဂါများ
ကိုရိုနာဗိုင်းရပ်စ်

Omicron BA.4 နဲ့ BA. 5 ကာကွယ်ဆေး

ကိုဗစ် ကာကွယ်ဆေးတွေ ထွက်ရှိလာခဲ့တာ ၁ နှစ်ကျော် ၂ နှစ် နီးပါးရှိလာခဲ့ပြီ ဖြစ်သလို အမျိုးအစားတွေကလည်း အများကြီးပါ။ တစ်ဖက်မှာ ကာကွယ်ဆေးတွေ ထိုးနှံနေကြသလို တစ်ဖက်မှာလည်း ကိုဗစ်ဗိုင်းရပ်စ်က ဗီဇ အမျိုးမျိုး ပြောင်းပြီး ကူးစက်နေပါတယ်။ အချို့ ဗီဇပြောင်း မျိုးစိတ်တွေက သိပ်မပြင်းထန်ပေမယ့် အချို့ကတော့ တော်တော်လေး ပြင်းထန်ပါတယ်။ အသေအပျောက်များတဲ့အထိ ပြင်းထန်တဲ့ မျိုးစိတ်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် မျိုးစိတ်တွေ ပြောင်းလဲလိုက်တိုင်းမှာ တူညီတာ တစ်ခုကတော့ ကူးစက်မြန်တာပါ။

ကိုဗစ်က ကမ္ဘာ့ကပ်ရောဂါ ဖြစ်သလို အသက်သေဆုံးသည်အထိ ပြင်းထန်တာကြောင့် ကာကွယ်ဆေးကို ၂ ကြိမ် ထိုးနှံရတာမျိုး ရှိသလို ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပြီးချိန်ကနေ ၆ လအတွင်းမှာ ထပ်ဆောင်း ကာကွယ်ဆေးတွေကို ထိုးနှံရတာတွေ ရှိပါတယ်။

အထူးသဖြင့် အသက်အရွယ် ကြီးရင့်သူတွေမှာ မဖြစ်မနေ ထပ်ဆောင်းကာကွယ်ဆေးတွေကို ထိုးနှံဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ အခုလအစောပိုင်းမှာ လူသားတွေမှာ ထိုးနှံဖို့ အသုံးပြုဖို့ ခွင့်ပြုပေးလိုက်တဲ့ Omicron BA.4 နဲ့ BA. 5 ကာကွယ်ဆေး အကြောင်းလေး ပြောပြပေးချင်ပါတယ်။

Omicron BA.4 နဲ့ BA. 5 အကြောင်း

 
အိုမီခရွန် BA.4 နဲ့ BA.5 မျိုးကွဲတွေဟာ လက်ရှိ ကိုဗစ်ကာကွယ်ဆေးတွေမှာပါတဲ့ ပဋိပစ္စည်းတွေကို BA.1 အိုမီခရွန် မျိုးကွဲထက် ကောင်းကောင်းကျော်ဖြတ်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ဒီမျိုးစိတ် ၂ ခုက BA.2 ထက် ကာကွယ်ဆေးကို ခုခံနိုင်စွမ်း ၄ ဆကျော် ပိုများတာကို ကနဦး လေ့လာချက်တွေမှာ တွေ့ရတယ်လို့ Duke University Medical Center, Human Vaccine Institute က ပါမောက္ခ David Montefiori က ဆိုပါတယ်။
 

Duke University Medical Center, Human Vaccine Institute က ပါမောက္ခ David Montefiori

အခုထိတော့ ဒီအိုမီခရွန် မျိုးစိတ်တွေက အရင်က ဗိုင်းရပ်စ်တွေထက် ပိုမိုဖျားနာစေနိုင်တယ် လို့ အထောက်အထား မတွေ့ရပါသေးပါဘူး။ အသက်အရွယ်ကြီးရင့်သူတွေမှာ ကူးစက်မှု များပြားနေတာကြောင့် သူတို့တွေမှာ ရောဂါပြင်းထန်နိုင်ခြေရှိနေပါတယ်။

လတ်တလောမှာတော့ ကမ္ဘာ့နိုင်ငံ အတော်များများမှာ အိုမီခရွန် BA.4 ရဲ့ မျိုးကွဲတစ်ခုဖြစ်တဲ့ BA.4.6 ဖြစ်ပွားမှုတွေ မြင့်တက်နေပါတယ်။ ကူးစက်နှုန်းက ပိုမြန်ပြီး အိုမီခရွန် BA.4 နဲ့ BA.5 မျိုးကွဲတွေထက် ကိုယ်ခံအားကို ကောင်းကောင်း ရှောင်တိမ်းနိုင်ပါတယ်။ ရောဂါလက္ခဏာအနေနဲ့ ပြင်းထန်တာမျိုးတော့ အခုထိ မတွေ့ရသေးပါဘူး။

သိထားသင့်တဲ့ Omicron မျိုးကွဲ BA.4 နဲ့ BA.5 ရဲ့ လက္ခဏာတွေ

အခုချိန်ထိ စစ်ဆေးသိရှိရတဲ့ BA.4 နဲ့ BA.5 ကူးစက်ခံရတဲ့သူတွေမှာ အများဆုံး တွေ့ရှိရတဲ့ လက္ခဏာတွေကတော့

  • နှာစေးတာ
  • လည်ချောင်းနာတာ
  • ခေါင်းကိုက်
  • အဆက်မပြတ် ချောင်းဆိုးနေတာ
  • အဖျားရှိတာ [လူတိုင်းမှာတော့ မဟုတ်ပါဘူး]
  • ကြွက်သားတွေ နာကျင်တာ
  • ခြေကုန်လက်ပမ်းကျတာတွေပါ။

Omicron BA.4 နဲ့ BA. 5 အတွက် ကာကွယ်ဆေး

Omicron BA.4 နဲ့ BA. 5 ကာကွယ်ဆေး

ဥရောပဆေးဝါးအေဂျင်စီ တစ်ဖြစ်တဲ့ Committee for Medicinal Products for Human Use (CHMP) က အိုမီခရွန် မျိုးကွဲတွေဖြစ်တဲ့ BA.4 နဲ့ BA.5 ကို ကာကွယ်နိုင်တဲ့ ကိုယ်ခံအားရစေဖို့ အဓိကထားပြီး ထုတ်ထားတဲ့ ကာကွယ်ဆေး တစ်မျိုးကို လူသားတွေမှာ အသုံးပြုခွင့်ပေးလိုက်ပါတယ်။ ဒီကာကွယ်ဆေးက အရင်ကိုဗစ်မျိုးစိတ်တွေကိုလည်း ကာကွယ်ပေးမှာ ဖြစ်သလို အပိုဆောင်းအနေနဲ့ အိုမီခရွန် မျိုးကွဲတွေဖြစ်တဲ့ BA.4 နဲ့ BA.5 ကိုပါ ကာကွယ်ပေးမှာဖြစ်ပါတယ်။

ကိုဗစ်က ဗီဇတွေ အမျိုးမျိုး ပြောင်းလဲနေတာကြောင့် ကာကွယ်ဆေးတွေကိုလည်း အခုလို အဆင့်မြှင့်ထုတ်လုပ်လာတာ ဖြစ်ပါတယ်။ ဒီကာကွယ်ဆေးကို ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ပြည့်အောင် ထိုးပြီးတဲ့ အသက် ၁၂ နှစ်ပြည့်သူတိုင်းမှာ ထိုးနှံဖို့ CDC က အခုလအစောပိုင်းက ခွင့်ပြုပေးလိုက်ပါတယ်။ ဒီကာကွယ်ဆေးဟာ Comirnaty (Pfizer/BioNTech) က ထုတ်လုပ်တဲ့ mRNA COVID-19 ကာကွယ်ဆေး အမျိုးအစားကို ပြုပြင်ပြောင်းလဲထားတာ ဖြစ်ပါတယ်။

ကာကွယ်ဆေးတွေကို လက်ရှိဖြစ်ပွားကူးစက်နေတဲ့ ကိုဗစ်မျိုးကွဲတွေကို ကာကွယ်ပေးနိုင်စေဖို့အတွက် ကိုက်ညီအောင် ထုတ်လုပ်ထားတာကြောင့် ပိုမိုကောင်းမွန်တဲ့ ကာကွယ်မှုတွေကို ပေးနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ အခုထုတ်လုပ်လိုက်တဲ့ ကာကွယ်ဆေးကို ထပ်ဆောင်း ကာကွယ်ဆေး အနေနဲ့ပဲ ထိုးနှံနိုင်မှာ ဖြစ်ပါတယ်။

အရင်ထိုးထားတဲ့ ကာကွယ်ဆေးတွေရဲ့ ကာကွယ်စွမ်းတွေ လျော့ပါးလာတာကို အားဖြည့်ပေးမှာ ဖြစ်ပြီး နဂို ကိုဗစ်မျိုးစိတ်တွေရဲ့ ကူးစက်မှုတွေကို ကာကွယ်ပေးမှာဖြစ်သလို ကူးစက်မြန်ပြီး ကိုယ်ခံအားကို ရှောင်တိမ်းနိုင်စွမ်း ပိုမြင့်တဲ့ မျိုးစိတ်တွေကိုလည်း ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ် ထုတ်လုပ်ထားတာပါ။

Omicron BA.4 နဲ့ BA. 5 ကာကွယ်ဆေး က ဘယ်လိုကာကွယ်ပေးမှာလဲ။

ဒီကာကွယ်ဆေးရဲ့ ကာကွယ်ပေးမှု လုပ်ငန်းစဉ်ကတော့ မူလကာကွယ်ဆေးနဲ့ အတူတူပါပဲ။ ခန္ဓာကိုယ်က ကိုဗစ်ကို ကာကွယ်နိုင်စေဖို့ လေ့ကျင့်ပေးတာပါ။

ဒီကာကွယ်ဆေးမှာ mRNA လို့ ခေါ်တဲ့ မော်လီကျူး ပါဝင်နေပြီး ဒီမော်လီကျူးက ကိုဗစ်မူလမျိုးစိတ်တွေက ထုတ်လုပ်တဲ့ spike protein ကိုရော အိုမီခရွန် BA. 4 နဲ့ BA. 5 မျိုးစိတ်တွေက ထုတ်တဲ့ spike protein တွေကိုပါ မှတ်သားဖို့ ကိုယ်ခံအားဆဲလ်တွေကို ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။ Spike protein ဆိုတာက ဗိုင်းရပ်စ် ခန္ဓာကိုယ်ဆဲလ်တွေဆီ ဝင်ရောက်နိုင်စေဖို့ ထောက်ကူပေးတဲ့ ဗိုင်းရပ်စ် မျက်နှာပြင်ပေါ်က ပရိုတင်းတွေပါ။ မျိုးစိတ်ကိုလိုက်ပြီး ကွဲပြားပါတယ်။

ကာကွယ်ဆေးထိုးပြီးချိန်မှာ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေက mRNAရဲ့ ညွှန်ကြားချက်ကို လက်ခံရရှိမှာ ဖြစ်ပြီး ယာယီအားဖြင့် spike proteins ကို ထုတ်လွှတ်မှာပါ။ ကိုယ်ခံအားက ဒီပရိုတင်းကို သိရှိမှာ ဖြစ်ပြီး ပြင်ပက ဝင်ရောက်လာတဲ့အရာတစ်ခုလို့ သတ်မှတ်ပြီး သဘာဝ ခုခံစနစ်ကို စတင်မှာပါ။ ဒီခုခံစနစ်ထဲမှာ antibodies နဲ့ T cells တွေ ပါဝင်မှာပါ။

ကာကွယ်ဆေးထိုးပြီးသွားပြီဆိုတာနဲ့ အချိန်အနည်းငယ်ကြာပြီးချိန်မှာ ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ် မျက်နှာပြင်ပေါ်က spike protein ကို သိရှိသွားပြီး ဖြစ်သလို ဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့ အသင့်‌ပြင်ထားပြီးသားလည်း ဖြစ်မှာပါ။ Antibodies နဲ့ ကိုယ်ခံအားဆဲလ်‌တွေက ကိုဗစ်ကို ကာကွယ်ပေးဖို့ရော ဗိုင်းရပ်စ်ကို ချေမှုန်းဖို့ပါ အတူလုပ်ဆောင်မှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ဆဲလ်တွေက ကူးစက်ဝင်ရောက်မှုတွေကို တိုက်ဖျက်ပေးမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးမှာပါတဲ့ mRAN မော်လီကျူးတွေက ခန္ဓာကိုယ်ထဲမှာ ကြာရှည်ရှိနေမှာ မဟုတ်ပါဘူး။ ကာကွယ်ဆေး ထိုးပြီးတာနဲ့ ခဏတာအတွင်းမှာ ပြိုကွဲသွားမှာပါ။ ဒါပေမယ့် ခန္ဓာကိုယ်ဆဲလ်တွေကို သိရှိစေပြီး ကိုယ်ခံအားကို လှုံ့ဆော်ပေးခဲ့မှာ ဖြစ်ပါတယ်။

သတင်းစကား

ဒီကာကွယ်ဆေးက လက်ရှိမြန်မာနိုင်ငံမှာ ရဦးမှာ မဟုတ်ပါဘူး။ အမေရိကန်မှာတောင် အရေးပေါ် အသုံးပြုခွင့်ပဲ ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ နိုင်ငံတွင်းမှာ ရနိုင်တဲ့ ကာကွယ်ဆေးတွေကိုပဲ ထပ်ဆောင်းကာကွယ်ဆေးအနေနဲ့ ထိုးထားနိုင်ပါတယ်။ ဒါကလည်း အတိုင်းအတာ တစ်ခုအထိ  ကာကွယ်ပေးနိုင်တာဖြစ်လို့ ဘာမှမထိုးထားတာထက်စာရင် အကျိုးရှိပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

BA.4/BA.5 Omicron subvariants over 4 times more resistant to mRNA vaccines https://www.medicalnewstoday.com/articles/dominant-omicron-subvariants-more-resistant-to-mrna-vaccines Accessed Date 16 September 2022

CDC Recommends the First Updated COVID-19 Booster https://www.cdc.gov/media/releases/2022/s0901-covid-19-booster.html Accessed Date 16 September 2022

The Omicron Booster: Your Questions Answered https://www.yalemedicine.org/news/omicron-booster-covid-19 Accessed Date 16 September 2022

Adapted vaccine targeting BA.4 and BA.5 Omicron variants and original SARS-CoV-2 recommended for approval https://www.ema.europa.eu/en/news/adapted-vaccine-targeting-ba4-ba5-omicron-variants-original-sars-cov-2-recommended-approval Accessed Date 16 September 2022

Updated COVID-19 booster shots are now available. Here’s what you need to know https://www.pbs.org/newshour/health/updated-covid-19-booster-shots-are-now-available-heres-what-you-need-to-know Accessed Date 16 September 2022

ယခုပုံစံ

20/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Omicron မျိုးကွဲ BA.2 နဲ့ ပတ်သက်လို့

Omicron မျိုးကွဲ BA.5 ရဲ့ လက္ခဏာတွေ နဲ့ သိထားသင့်တဲ့ အချက်အချို့


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement
Logo

Helloဆရာဝန်အနေဖြင့် ပိုမို ကျန်းမာပျော်ရွှင်စေဖို့ နှင့်ကျန်းမာရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် စိတ်ချရသော ကျန်းမာရေး အချက်အလက်များကို ထောက်ပံ့ပေးသည့် ယုံကြည်စိတ်ချရသော ကျန်းမာရေး စောင့်ရှောက်ပေးသူ ဖြစ်ချင်ပါတယ်။

FOLLOW US

Logo SocialLogo SocialLogo SocialLogo Social

HELLO SAYARWON

ကျန်းမာရေး ဆောင်းပါးများကျန်းမာရေး ကိရိယာများ

သတင်းအချက်အလက်

ဝဘ်ဆိုက်အသုံးပြုမှု စည်းမျဉ်းများကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်းမူဝါဒတည်းဖြတ်ခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာမူဝါဒကြော်ငြာနှင့် စပွန်ဆာ လက်ခံခြင်းဆိုင်ရာ မူဝါဒ

Hello Health

Hello Health အကြောင်းကျွန်ုပ်တို့အကြောင်း

Country FlagCountry FlagCountry FlagCountry FlagCountry FlagCountry FlagCountry FlagCountry Flag
DMCA Icon
©2025 Hello Health Group Pte. Ltd. All Rights Reserved. Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။