backup og meta

လတ်တလော စိုးရိမ်နေကြတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ

အခုရက်ပိုင်းတရုတ်နိုင်ငံမြို့တော်တော်များများမှာ လူပေါင်းများစွာဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကို ခံစားနေကြရပါတယ်။ အခုထိလည်း ဒီရောဂါပိုးအမျိုးအစားကို အဖြေထုတ်နိုင်ဖို့ ကြိုးစားနေဆဲပါ။ အခုလက်ရှိအချိန်အထိ ရောဂါပိုး ကူးစက်ခံထားရသူ ၄၄ ဦးရှိနေပြီး ၁၁ ဦးကတော့ ရောဂါအခြေအနေပြင်းထန်ပါတယ်။

လတ်တလော စိုးရိမ်နေကြတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ

ဘယ်ကစဖြစ်တာလဲ….

အခုဖြစ်ပွားမှုဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ရဲ့ ပင်လယ်စာရောင်းတဲ့ဈေးဝန်ထမ်းတွေကနေ စတင်ခဲ့တာပါ။ ဒီဖြစ်ပွားမှုကြောင့် စင်္ကာပူနှင့် ဟောင်ကောင်လေဆိပ်တွေမှာ ခရီးသွားလာသူတွေကို စစ်ဆေးမှုတွေပြုလုပ်နေကြပါတယ်။ အခုလက်ရှိမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကစောင့်ကြည့်နေဆဲပါ။

ဘယ်လိုကူးစက်နိုင်လဲ…

ဒီ ပြင်းထန်အဆုတ်ရောင်ရောဂါ ဟာ

• ရောဂါပိုးရှိသူနဲ့ ထိတွေ့မှုကနေ ကူးစက်နိုင်တယ်။

• ရောဂါပိုးရှိသူနဲ့ နီးနီးကပ်ကပ်နေထိုင်သူ

ရောဂါပိုးရှိသူကို ပြုစုစောင့်ရှောက်ပေးနေရသူ

• အသက်ရှုလမ်းကြောင်းကနေတဆင့်

• ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေကနေတဆင့် ကူးစက်နိုင်ပါတယ်လို့ လေ့လာသူတွေက ယူဆထားကြပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး တွေ့ရှိထားမှုအရကတော့ လက်ရှိဖြစ်ပွားနေတဲ့ Mystery Pneumonia ဟာ လူတစ်ဦးကနေ တစ်ဦးကို ထိတွေ့ရုံနဲ့ မကူးစက်နိုင်ဘူးဆိုတာပါ။

ဘယ်လိုလက္ခဏာတွေရှိလဲ…

ဒီရောဂါခံစားရတဲ့အခါ

အဖျားက ၁၀၀.၄ ဒီဂရီအထိတက်မယ်

ချောင်းဆိုးမယ်

• အသက်ရှုတာ ပြတ်တောင်းပြတ်တောင်းဖြစ်မယ်

အသက်ရှုရခက်မယ် စတဲ့လက္ခဏာတွေရှိနိုင်ပါတယ်။ ရောဂါပိုး ကူးစက်ခံရပြီး ၁၀ ရက်အကြာမှာ ရောဂါလက္ခဏာ တွေပေါ်လာနိုင်ပါတယ်။ X- ray ကနေတဆင့်လည်း ရောဂါပိုး ကူးစက်ခံထားရတာကို သိနိုင်ပါတယ်။

အခုချိန်ထိတော့ ဘာကြောင့် ဒီရောဂါဖြစ်ရတာလဲဆိုတာကို သေသေချာချာမသိရသေးပါဘူး။ ရောဂါနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို သိရှိနိုင်စေဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စောင့်ကြည့်လေ့လာနေပါတယ်။

ဘယ်လိုနေထိုင်ရမလဲ….

ရောဂါတိုင်းကို ကာကွယ်ဖို့ ကိုယ်ခံအားကောင်းနေဖို့က အရေးအကြီးဆုံးပါ။ ဒါကြောင့်

  • အာဟာရပြည့်ဝအောင်စားပါ
  • အိပ်ရေးဝဝအိပ်ပါ
  • နှာချေချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားပါ
  • လူထူတဲ့နေရာတွေမသွားပါနဲ့
  • လက်ကို သေချာဆေးကြောပါ။

ဘယ်သူတွေ ပိုဂရုစိုက်ဖို့လိုမလဲ….

• ရောဂါအခံတစ်ခုခုရှိသူတွေ

သက်ကြီးရွယ်အိုတွေ

• ကလေးငယ်တွေ

• ကိုယ်ခံအားနည်းသူတွေ

• ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

07/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Atypical Pneumonia (ပုံစံကွဲအဆုတ်ရောင်ခြင်း)

Pneumonitis (အဆုတ်ရောင်ခြင်း )


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/07/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ