ရုံးသုံးစက်ပစ္စည်း
ရုံးမှာရှိတဲ့ ပရင့်တာတွေ၊ မိတ္တူကူးစက်၊ ဖက်စ် စတာတွေမှာအပြင် တခြားအသုံးအဆောင်တွေမှာပါ ပိုးမွှားလေးတွေရှိနေနိုင်တာပဲ။ ဖုန်သုတ်ရုံနဲ့မလုံလောက်ပါဘူး။ဖြစ်နိုင်ရင် ပိုးသတ်နိုင်တဲ့sanitizing wipesလေးတွေနဲ့ ခလုတ်ကို ကိုယ်သုံးခါနီး သန့်စင်ပေးပါ။
Water-cooler
ရေနွေးဖြစ်ဖြစ်၊ ရေအေးဖြစ်ဖြစ် ရေသောက်တိုင်း watercooler ခလုတ်နှိပ်ရမှာပဲ။ အထူးသဖြင့် အအေးမိ၊တုပ်ကွေးရာသီမှာရောဂါပိုးမပြန့်ပွားစေဖို့ သန့်ရှင်းမှုပိုဂရုစိုက်ပါ။
ဘေစင်
အိမ်မှာလိုပါပဲ လက်ပေါင်းစုံ၊ အစားအစာအကြွင်းအကျန်ပေါင်းစုံနဲ့ထိတွေ့နေတဲ့ ဘက်တီးရီးယားပိုးမွှားအသိုက်တစ်ခုဖြစ်နေပါတယ်။ရေဘုံဘိုင်ခေါင်းကို ထိကိုင်တာနဲ့တင်လုံလောက်နေပါပြီ။ရေဘားကိုဆေးကြောသူကလည်း နည်းပါတယ်။
ရေလည်းစိုနေတယ်၊ရေလည်းစုပ်ယူထားနိုင်တယ်ဆိုတော့ ရသမျှအကုန် စုဆောင်းမွေးမြူထားတာရေမြှုပ်ပါပဲ။ အများစုမှာ ရှိနိုင်တာကE. coliနဲ့ salmonella ဘက်တီးရီးယားတွေပါ။ ဒါ့ကြောင့်ရေမြှုပ်တစ်ခုကို ရက်အကြာကြီးမသုံးသင့်ပါဘူး။နောက်တစ်နည်းကရေမြှုပ်ကိုရေနွေးနဲ့လောင်းစိမ်တာ ဒါမှမဟုတ် မိုက်ခရိုဝေ့ဖ်ထဲခဏထည့်တာ ပိုးသေစေနိုင်တယ်။ နှစ်ပတ်တစ်ကြိမ်တော့ အသစ်လဲပါ။
အိမ်သာ
လူတိုင်းမဝင်ဘဲမနေနိုင်တာ ရုံးက သန့်စင်ခန်းပေါ့။ အိမ်သာတက်ပြီး လက်ကိုဆပ်ပြာနဲ့ဆေးတယ်ပဲထား။ အိမ်သာတံခါးလက်ကိုင်ကိုရော ဘယ်နှကြိမ်သန့်စင်ထားဖူးသလဲ စဉ်းစားနော်။ရေဆွဲခလုတ်တွေ၊ရေပိုက်ခေါင်းတွေကိုလည်းဆေးကြောသန့်စင်ပါ။
ဒါတွေဖတ်ပြီး ရုံးကိုလက်အိတ်ကြီးစွပ်ပြီးလည်းမလာနဲ့ဦးနော်။ ဒီအချက်တွေကိုသိထားတယ်ဆိုရင် သန့်ရှင်းရေးလုပ်ဖို့မေ့လျော့ကျန်နေတတ်တဲ့နေရာတွေကို ပိုဂရုစိုက်လို့ရတာပေါ့။ဖြစ်နိုင်ရင်ရေမလိုလက်သန့်ဆေးရည်လေးတွေ၊ sanitizing wipesလေးတွေဆောင်ထားပါ။ လက်ခဏခဏဆေးပြီး အသားအရေမထိခိုက်ရအောင် hand gelလေးတွေလည်း ရုံးမှာ ထားထားပေါ့။