backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Fo-ti

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Fo-ti ကို ဘာအတွက်အသုံးပြုကြသလဲ

Fo-ti ကို တရုတ်ပြည်မှာ သူ့ရဲ့ နုပျိုစေပြီး အသားအရည်ကြည်လင်စေတဲ့ အစွမ်းအတွက် အသုံးပြုပြီး အသည်း၊ ကျောက်ကပ် လုပ်ငန်းဆောင်တာတွေ တိုးတက်ဖို့နဲ့ သွေးကို သန့်စင်စေဖို့ အတွက်လည်း အသုံးပြုပါတယ်။ သူ့ကို အိပ်မပျော်ခြင်း၊ အရိုးအားနည်းခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ သွေးခဲခြင်းတွေ အတွက်လည်း အသုံးပြုပါတယ်။ သူဟာ ကိုယ်ဝန် ရရှိနှုန်းကို မြင့်တက်စေပြီး သွေးသကြားဓါတ် ပမာဏနဲ့ ကြွက်သားနာကျင်မှုတွေကို သက်သာစေပါတယ်။ သူ့မှာ ရောဂါပိုးတွေ သေစေနိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။

Fo-ti က ဘယ်လိုအလုပ်လုပ်လဲ

Fo-ti ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Fo-ti ရဲ့ အချက်အလက်တွေကတော့ ပျောက်ဆုံးနေတုံးပါပဲ။ ရရှိနိုင်တဲ့ အချက်အလက် အများစုဟာလည်း ၁၉၉၀ ကျော်တုံးက တရုတ်စာပေတွေမှာ ဖေါ်ပြခဲ့တဲ့ အရာတွေ ဖြစ်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Fo-ti ကအသုံးမပြုခင် ဘာတွေသိသင့်သလဲ

Fo-ti ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။

Fo-ti ကို မဝယ်ခင်မှာ အရောင်ရင့်တဲ့ အမြစ်တွေဟာ ပိုအစွမ်းထက်ပြီး အဖြူရောင် အမြစ်တွေကတော့ အရည်အသွေးမကောင်းတတ်ပါဘူး။

ဒီအပင်ကို အကြာကြီး သုံးခြင်းဟာ ဝမ်းပျော့ဆေးကို မှီခိုရနိုင်ပါတယ်။

ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Fo-ti က ဘယ်လောက်စိတ်ချရလဲ

Fo-ti ကို ကိုယ်ဝန်ရှိစဉ်နဲ့ နို့တိုက်နေစဉ်မှာ အသုံးမပြုသင့်ပါဘူး။ သူ့ကို ကလေးတွေကို မပေးသင့်ပါဘူး။ သင် ဝမ်းလျှောနေရင် (သို့) ဒီအပင်နဲ့ မတည့်ရင်လည်း အသုံးမပြုနိုင်ပါဘူး။

ဘေးထွက်ဆိုးကျိုးများ

Fo-ti ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Fo-ti ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။

  • ပျို့အန်ခြင်း၊ အစာမစားချင်ခြင်း၊ ဝမ်းလျှောခြင်း၊ အချိန်အကြာကြီး သုံးစွဲရင် ဝမ်းပျော့ဆေး မှီခိုရခြင်း
  • ဓါတ်မတည့်ခြင်း

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

Fo-ti ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

Fo-ti ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

  • ဆီးချိုဆေးများ – Fo-ti ဟာ ဆီးချိုဆေးတွေရဲ့ လုပ်ဆောင်ချက်ကို တိုးမြှင့်ပေးပါတယ်။

ဆီးဆေး – Fo-ti ဟာ potassim ထွက်သွားစေတဲ့ ဆီးဆေးတွေနဲ့ တွဲသုံးရင် သွေးအတွင်း potassium ကို နည်းစေနိုင်ပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

Fo-ti အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

ယခုဖော်ပြပါအချက်အလက်တွေဟာ ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာမှာ အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

Fo-ti ကို အသုံးပြုရမယ့် အချိုးအစားက ဘယ်လောက်လဲ။

Fo-ti ကို အပင်စိမ်းအနေနဲ့ တစ်နေ့ကို 9-15g အထိ အသုံးပြုနိုင်ပါတယ်။ ပမာဏကို ထောက်ပံ့မယ့် လေ့လာမှုတွေ မရှိသေးပါဘူး။

Fo-ti ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Fo-tiက ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Fo-ti ကို အမြစ်ကို လှီးထားတဲ့ပုံစံ (သို့) အခြားအပင်တွေနဲ့ ပေါင်းစပ်ထားတဲ့ ပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement