brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာရွက် ဆိုတာ

ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။ 

နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။ 

အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ ပွင့်တတ်ပြီး ပဲတောင့်ရှည်ရှည်လေးတွေ သီးပါတယ်။ ပဲတောင့်လေးတွေ ခြောက်သွားတဲ့အခါ ပဲနံ့သာစေ့ကို ရရှိတာပါ။ 

ဥရောပ၊ အာရှ၊ အာဖရိကတို့မှာ စိုက်ပျိုးပေါက်ရောက်ကြပြီး အိန္ဒိယနဲ့ ယီမင်တို့မှာ စီးပွားဖြစ် စိုက်ပျိုးကြပါတယ်။

 ပဲနံ့သာရွက်မှာ ဘာတွေပါသလဲ!

ပဲနံ့သာရွက်မှာ အာဟာရတွေအနေနဲ့

  • ဗီတာမင် A
  • ဖောလစ်အက်ဆစ်
  • သီရာမင်း
  • ဗီတာမင် B6
  • ဗီတာမင် C
  • ဗီတာမင် K 
  •  နိုက်ရာစင်
  • ရိုက်ဗိုဖလာဗင်
  • ပိုတက်ဆီယမ်
  • သံဓာတ်
  • ကယ်လ်ဆီယမ်
  • ဖော့စဖရိတ်တို့ ပါဝင်နေပါတယ်။ 

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဆိုတော့ 

  • သွေးတွင်းအဆီ ကျစေတယ်

သွေးတွင်း အဆီများနေတာကို သက်သာစေဖို့ ဖြစ်ဖြစ် ကာကွယ်ဖို့ ဖြစ်ဖြစ် ပဲနံ့သာရွက်ကို စားပေးလို့ ရပါတယ်။ သွေးထံက မကောင်းတဲ့ ကိုလက်စထရော ပမာဏကို ကျဆင်းစေပြီး အကျိုးပြု ကိုလက်စထရောပမာဏ မြင့်တက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • အစာခြေစနစ် ကျန်းမာစေတယ်

အသည်း၊ အူလမ်းကြောင်း၊ အစာအိမ်စတဲ့ အစာခြေစနစ်ရဲ့ အစိတ်အပိုင်းတွေ ကျန်းမာစေဖို့ ပဲနံ့သာရွက်ကို စားပေးလို့ ရသလို အစာခြေစနစ် ကျန်းမာရေး ပြဿနာတွေ ဖြစ်ကြတဲ့ လေထိုးလေအောင့်တာ၊ ဝမ်းချုပ်တာ၊ ဗိုက်အောင့်တာတွေကို သက်သာစေဖို့လည်း ပဲနံ့သာရွက်ကို စားပေးလို့ ရပါတယ်။ 

  •  သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်

ပဲနံ့သာရွက်ကလည်း ပဲနံ့သာစေ့လိုပဲ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပြီး ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဆီးချိုကို ထိန်းညှိဖို့အတွက် ဖြစ်ဖြစ်၊ သက်သာစေဖို့ဖြစ်ဖြစ် အသုံးပြုပေးလို့ ရပါတယ်။ 

  •  နှလုံး ကျန်းမာစေတယ်

သွေးတွင်းအဆီတွေကို ကျဆင်းစေပြီး သွေးကြောတွေထဲမှာ အနယ်အနှစ်တွေ စုပုံမှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်တာကြောင့် နှလုံးသွေးကြော ကျဉ်းတာ အပါအဝင် သွေးခဲပိတ်ဆို့တာတွေကိုပါ အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ပါတယ်။ 

  • နာတာရှည် ရောဂါတွေ ကာကွယ်ပေးတယ်

ပဲနံ့သာရွက်က ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် ဓာတ်တိုးပစ္စည်းတွကြောင့် ဖြစ်တတ်တဲ့ နာတာရှည် ကျန်းမာရေး ပြဿနာတွေ ဖြစ်ကြတဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အပါအဝင် လေဖြတ်တာတွေကို ကာကွယ်ဖို့ အသုံးပြုပေးလို့ ရပါတယ်။

  •  အမည်းစက်တွေကို သက်သာစေတယ်

အရေပြားပေါ်က အမည်းစက်တွေ၊ ဝက်ခြံ အမာရွတ်တွေ သက်သာစေဖို့ဖြစ်ဖြစ်၊ အရေပြားပေါ်က အမာရွတ် အနာအဆာတွေကို သက်သာစေဖို့ဖြစ်ဖြစ် ပဲနံ့သာရွက်ကို စားပေးလို့ ရသလို သတ္တုရည်ကို အရေပြားပေါ်မှာ လိမ်းပေးလို့လည်း ရပါတယ်။ 

  • ဆံသား ကျန်းမာစေတယ်

ဆံပင်ကျွတ်တာ သက်သာစေပြီး ဆံပင်ကို နက်မှောင်သန်စွမ်းစေဖို့အတွက် ဦးရေပြားမှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။ ဓာတုပစ္စည်းတွေကြောင့် ဆံသားပျက်စီးတာကို သက်သာစေဖို့ ဗောက်ပျောက်စေဖို့လည်း ပဲနံ့သာရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ 

  • ကျောက်ကပ် ကျန်းမာစေတယ်

ကျောက်ကပ်မှာ ကျောက်တည်တာကို သက်သာစေသလို ကျောက်ကပ် ကျန်းမာစေဖို့အတွက်လည်း ပဲနံ့သာရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ 

ဘာတွေ သတိထားရမလဲ!

ပဲနံ့သာရွက်က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ရောဂါအခံ ရှိသူတွေ၊ ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။ ဆီးချိုဆေးတွေ၊ အဆီကျဆေးတွေ၊ သွေးပေါင်ကျဆေးတွေနဲ့ အတူတွဲသောက်တာမျိုး မလုပ်ပါနဲ့။ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ အနေနဲ့ အလွန်အကျွံ မစားဖို့ လိုပါမယ်။

ပဲနံ့သာရွက် စားပေးတဲ့အခါ

ပဲနံ့သာရွက်က
  • သွေးချိုထိန်းပေးတယ်
  • သွေးတွင်းအဆီ ကျစေတယ်
  • နှလုံး ကျန်းမာစေတယ်
  • ကျောက်ကပ် ကျန်းမာစေတယ်
  • အသည်း ကျန်းမာစေတယ်
  • နာတာရှည် ရောဂါတွေ ကာကွယ်ပေးတယ်
  • အသားအရေ ကျန်းမာစေတယ်
  • ဆံသား ကျန်းမာစေတယ်
Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/03/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။