backup og meta

Chamomile (ချန်မိုမိုင်း)

အသုံးပြုပုံများ

ချန်မိုမိုင်း ကို ဘာအတွက်အသုံးပြုကြသလဲ

အသုံးပြုကြပါသလဲ။

Chamomile ကို စိတ်ချရတဲ့ အပင်တစ်ခုအဖြစ် ယူဆကြပြီး ယဉ်ကျေးမှုပေါင်းများစွာမှာ အစာအိမ်နာခြင်းနဲ့ စိတ်ငြိမ်ဆေး အပျော့တစ်မျိုး အဖြစ်အသုံးပြုကြပါတယ်။ အချို့လေ့လာမှုတွေမှာ Chamomile ကို အခြားအပင်တွေနဲ့ ပေါင်းသုံးခြင်းဟာ ကျန်းမာရေးအကျိုးကျေးဇူး အများကြီး ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလိုပေါင်းသုံးမှုကြောင့် အကျိုးကျေးဇူး ရှိလာခြင်းဟာ တစ်မျိုးတည်းကြောင့်လို့ ပြောဖို့ ခက်ခဲပါတယ်။

Chamomile နဲ့ အခြားအပင်တွေ ပေါင်းသုံးခြင်းဟာ အစာအိမ် နာခြင်း၊ ရင်ပူခြင်း၊ ပျို့အန်ခြင်းတွေကို သက်သာစေပါတယ်။ Chamomile ပေါင်းစပ်ရည်နောက်တစ်မျိုးဟာ ကလေးတွေမှာ ဗိုက်နာခြင်းကို သက်သာစေပါတယ်။

Chamomile နဲ့ အာလုပ်ကျင်းခြင်းဟာ ကင်ဆာကုသမှုတွေ ကြောင့် ဖြစ်လာတဲ့ ပါးစပ်တွင်း အနာတွေကို သက်သာစေပါတယ်။ သုတေသနတွေက Chamomile ဟာ အခြားအခြေအနေတွေဖြစ်တဲ့ ကလေးတွေမှာ ဝမ်းလျှောခြင်း၊ လိပ်ခေါင်း၊ စိတ်ပူခြင်းနဲ့ အိပ်မပျော်ခြင်းတွေအတွက် အကျိုးရှိတယ်လို့ ဆိုပါတယ်။ အရေပြားပေါ်မှာ အသုံးပြုရင် Chamomile ဟာ အရေပြားယားယံခြင်းကို သက်သာစေပြီးတော့အနာကျက်မှု ကို အားပေးပါတယ်။ လေ့လာမှု အချို့က သူဟာ နှင်းခူနာကိုက ကုသရာမှာ hydrocortisone လိုမျိုး အကျိုးရှိတယ်လို့ ဖေါ်ပြပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

Chamomile ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် အချို့လေ့လာမှုတွေက Chamomile ရဲ့ flavonoid အပိုင်းဟာ စိတ်ငြိမ်စေတဲ့ အစွမ်း ရှိတယ်လို့ ဆိုပါတယ်။ Chamomile, glucoside နဲ့ chamaemeloside တွေမှာပါတဲ့ flavonoids နှစ်ခုဟာ သွေးအတွင်းသကြားဓါတ်ကို ကျဆင်းစေပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ချန်မိုမိုင်း အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Chamomile ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။

Chamomile မျာ courmarin အနည်းငယ်ပါဝင်ပြီး သွေးကြဲစေတဲ့ အာနိသင် အနည်းငယ် ရှိပါတယ်။ ဒါပေမယ့် ဒါဟာ အချိန်အကြာကြီး ပမာဏ အများကြီးသုံးမှ ဖြစ်တတ်တာဖြစ်ပါတယ်။ Chamomile ကို ခွဲစိတ်မှု မပြုခင် နှစ်ပတ်လောက်ကြိုပြီး အသုံးပြုခြင်းကို ရပ်သင့်ပါတယ်။ ထုံဆေး၊ မေ့ဆေးတွေနဲ့ ဓါတ်ပြုမှာ စိုးရိမ်လို့ပဲဖြစ်ပါတယ်။

ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ချန်မိုမိုင်း က ဘယ်လောက်စိတ်ချရလဲ

ဒီဆေးကို ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးတွေမှာ အသုံးမပြုသင့်ပါဘူး။ အချို့လေ့လာမှုတွေက Chamomile ဟာ မမွေးသေးတဲ့ကလေးတွေကို ထိခိုက်နိုင်ပြီး ကလေးပျက်ကျနိုင်တယ်လို့ ဆိုပါတယ်။ ဒီဆက်စပ်မှုကို အတည်ပြုဖို့ လေ့လာမှုတွေ လိုအပ်ပါသေးတယ်။

Chamomile ကို အခြားစိတ်ငြိမ်ဆေးတွေ၊ အရက်တွေနဲ့ပေါင်းပြီး သောက်ရင် သူတို့ရဲ့ အာနိသင်ကို ပိုများစေတာမို့ ပေါင်းသောက်ခြင်း မပြုသင့်ပါဘူး။

ဘေးထွက်ဆိုးကျိုးများ

ချန်မိုမိုင်း ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Chamomile ဟာ အောက်ပါဆိုးကျိုးတွေ ရနိုင်ပါတယ်။

• မျက်နှာ၊ မျက်လုံး ပူလောင်ခြင်း။

• အိပ်ချင်ခြင်း (ပမာဏ အများကြီး သောက်ရင်)၊ အန်ခြင်း

• ဓါတ်မတည့်ခြင်း

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

ချန်မိုမိုင်း ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

Chamomile ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

German Chamomile ကို ကိုယ်ဝန်တားဆေးတွေနဲ့ ပေါင်းသောက်ခြင်းဟာ ကိုယ်ဝန်တားဆေးတွေရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။ estrogen pills တွေနဲ့ ပေါင်းသောက်ခြင်းဟာလည်း estrogen pills တွေရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။

Chamomile ဟာ အသည်းကနေ ပြောင်းလဲလိုက်တဲ့ ဆေးတွေနဲ့ စိတ်ငြိမ်ဆေးတွေနဲ့ အစွမ်းထက်မှုကို ပြောင်းလဲစေနိုင်ပါတယ်။

သူ့ကို သွေးကြဲဆေးနဲ့ ပေါင်းသောက်ခြင်းဟာ သွေးခဲခြင်းကို အလွန်အမင်း နှေးစေတာကြောင့် အညိုအမဲစွဲခြင်းတွေ၊ သွေးထွက်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

Chamomile ဟာ အရက်ရဲ့ အာနိသင်ကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ချန်မိုမိုင်း အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

Chamomile အသုံးပြုတဲ့ ပုံစံပေါ်မူတည်ပြီး ဆေးအချိုးအစားဟာ ကွာခြားမှု ရှိပါတယ်။ Chamomile ကို သောက်သုံးရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ချန်မိုမိုင်း က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Chamomile ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

• ဆေးတောင့်

• ခရင်မ်

• အရည်

• လိုးရှင်း

• ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေး

• လက်ဖက်

• တင်ချာရည်

• ဒီအပင်ကို အလှပြင်ပစ္စည်းတွေမှာလည်း တွေ့ရှိနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Skidmore-Roth, Linda.Mosby’s Handbook Of Herbs & Natural Supplements. St. Louis, MO: Mosby, 2001. Print

version. Page 158.

Vitamins and Supplements Lifestyle Guide. http://www.webmd.com/vitamins-and- supplements/lifestyle-guide-11/supplement-guide- chamomile. Assessed August 6, 2016.

Chamomile. http://www.drugs.com/cdi/chamomile.html. Assessed August 6, 2016.

German chamomile. http://www.webmd.com/vitamins-supplements/ingredientmono- 951-german%20chamomile.aspx?activeingredientid=951&activeingredientname=german%20chamomile. Assessed August 6, 2016.Skidmore-Roth, Linda.Mosby’s Handbook Of Herbs & Natural Supplements. St. Louis, MO: Mosby, 2001. Print

version. Page 158.

Vitamins and Supplements Lifestyle Guide. http://www.webmd.com/vitamins-and- supplements/lifestyle-guide-11/supplement-guide- chamomile. Assessed August 6, 2016.

Chamomile. http://www.drugs.com/cdi/chamomile.html. Assessed August 6, 2016.

German chamomile. http://www.webmd.com/vitamins-supplements/ingredientmono- 951-german%20chamomile.aspx?activeingredientid=951&activeingredientname=german%20chamomile. Assessed August 6, 2016.Skidmore-Roth, Linda.Mosby’s Handbook Of Herbs & Natural Supplements. St. Louis, MO: Mosby, 2001. Print

version. Page 158.

Vitamins and Supplements Lifestyle Guide. http://www.webmd.com/vitamins-and- supplements/lifestyle-guide-11/supplement-guide- chamomile. Assessed August 6, 2016.

Chamomile. http://www.drugs.com/cdi/chamomile.html. Assessed August 6, 2016.

German chamomile. http://www.webmd.com/vitamins-supplements/ingredientmono- 951-german%20chamomile.aspx?activeingredientid=951&activeingredientname=german%20chamomile. Assessed August 6, 2016.

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လရောင်ဆမ်းမှ လန်းတဲ့ ပဒုမ္မာကြာ ဆေးဖက်ဝင်သလား!

ပိုက်ဆံလျှော် ဆေးဖက်ဝင်သလား!


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement