backup og meta

Alum (ကျောက်ချဉ်)

Alum (ကျောက်ချဉ်)

Alum (ကျောက်ချဉ်)

ကျောက်ချဉ် (alum) ဆိုတဲ့ အသံကိုကြားလိုက်မယ်ဆိုရင် မုတ်ဆိတ်ရိတ်တဲ့နေရာမှာသုံးတာလို့ပဲ အများစုကမြင်ပါလိမ့်မယ်။ ဒါပေမယ့်ကျောက်ချဉ်ကိုအသုံးပြုလို့ရတဲ့ အခြားအကြောင်းအရင်းတွေအများအပြားရှိပါတယ်။ကျောက်ချဉ်ဆိုတဲ့နေရာမှာလည်း ကျောက်ချဉ်အမျိုးအစားတွေက အမျိုးမျိုးရှိပြီး အိမ်တွင်းသုံးနည်းလမ်းတွေမှာ အသုံးပြုလို့ရတဲ့ကျောက်ချဉ်က ပိုတက်ဆီယမ်ကျောက်ချဉ်တစ်မျိုးတည်းသာဖြစ်ပါတယ်။ကျောက်ချဉ်ကို ကမ္ဘာတလွှားမှာရေသန့်စင်ရာမှာနဲ့ အမျိုးသားတွေမုတ်ဆိတ်ရိတ်တဲ့နေရာမှာ အများဆုံးအသုံးပြုလေ့ရှိပါတယ်။ ကျောက်ချဉ်ကို ခံတွင်းအနာတွေ။ ဖနောင့်ကွဲတာတွေကို သက်သာစေဖို့အသုံးပြုသလို ခံတွင်းနံ့ကောင်းစေဖို့လည်းအသုံးပြုနိုင်ပါတယ်။ကျောက်ချဉ်ကဈေးသက်သာသလိုရောဂါတော်တော်များများအတွက် အိမ်တွင်းကုထုံးအဖြစ်လည်းအသုံးပြုပါတယ်။

ကျောက်ချဉ်ကဆေးဖက်ဝင်သလို ကျန်းမာရေးကိုအထောက်အကူပြုပေမယ့်လို့လည်း ကိုယ်တွင်းဝေဒနာတွေအတွက် ကျောက်ချဉ်ကိုစားသုံးတဲ့အခါ အတိုင်းအဆက ခန္ဓါကိုယ်အတွက် သင့်တင့်မျှတတဲ့ပမာဏဖြစ်ဖို့လိုအပ်ပါတယ်။ကျောက်ချဉ်ကို အများအပြားစားသုံးမမယ်ဆိုရင်ဘေးထါက်ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။ ဒါကြောင့်ကျောက်ချဉ်ကိုကျန်းမာရေးနဲ့ညီညွတ်အောင်ဘယ်လိုအသုံးပြုရမလဲဆိုတာနဲ့ကျောက်ချဉ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်။

ကျောက်ချဉ်ကနေ ရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူး နဲ့ အသုံးဝင်ပုံများ

(၁)ခံတွင်းအနာတွေကိုသက်သာစေခြင်း

ပါးစပ်ထဲမှာအနာဖြစ်နေမယ်ဆိုရင်ကျောက်ချဉ်အနည်းငယ်ကိုယူ၊အမှုန့်ကြိတ်ပြီး ခံတွင်းအနာပေါ်မှာ ဖိသိပ်ပေးပါ။ နည်းနည်းတော့ စပ်ဖျဉ်းဖျဉ်းနိုင်တယ်ဆိုပေမယ့်နောက်တစ်ရက်မှာ သက်သာသွားပါလိမ့်မယ်။ ကလေးငယ်လေးတွေမှာတော့ ထိုကဲ့သို့မလုပ်ဆောင်သင့်ပါဘူး။ကျောက်ချဉ်မှုန်ပမာဏများလွန်းသွားရင် ကလေးတွေမှာ အနာဖြစ်စေနိုင်တာကြောင့်ဖြစ်ပါတယ်။ ဆားအနည်းငယ်နဲ့ကျောက်ချဉ်အနည်းငယ်ကိုရောပြီးရေနွေးနဲ့ဖျော်စပ်ထားတဲ့ ခံတွင်းဆေးရည်နဲ့ အာလုပ်ကျင်းပေးပါ။ တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။ ကျောက်ချဉ်မှုန့်ထည့်ထားတဲ့ခံတွင်းဆေးရည်ကို မျိုမချမိအောင် သတိထားပါ။

(၂) မျက်စိပြည်တည်နာ (eye abscess) ကိုသက်သာစေခြင်း

ကျောက်ချဉ်က မျက်စိပြည်တည်နာအတွက် လည်းကောင်းတယ်လို့ဆိုပါတယ်။ကေျာက်ချဉ်ကို စန္ဒကူးအနှစ်နဲ့ရောစပ်ပြီး အသုံးပြုလို့ရပါတယ်။ကျောက်ချဉ်ကိုနှစ်ချီပြီး ထားလို့ရပါတယ်။

(၃) ခြေဖနောင့်ကွဲတာတွေကို သက်သာစေခြင်း

ကျောက်ချဉ်မှုန့်ကခြေဖနောင့်ကွဲတာကို ကုသရာမှာလည်း အသုံးဝင်ပါတယ်။ကျောက်ချဉ်ကို အပူပေး အအေးခံပြီးတဲ့နောက်မှာ အမှုန့်ကြိတ်ပြီး အုန်းဆီနဲ့ရောစပ်ပြီးလိမ်းပေးလို့ရပါတယ်။

(၄) မုတ်ဆိတ်ရိတ်တာအတွက် အသုံးပြုနိုင်ခြင်း

ကျောက်ချဉ်အရည်ကို မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ လိမ်းလေ့ရှိပါတယ်။ ပထမဆုံးတစ်ကြိမ်မှာတော့ ဘာမှသိပ်သိသာမှာမဟုတ်ပေမယ့် ဆက်တိုက်အသုံးပြုမယ်ဆိုရင်တော့ အသားအရေအတွက် အကျိုးထူးတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။

(၅) ရေသန့်စင်အောင်လုပ်ဆောင်ပေးနိုင်ခြင်း

ကျောက်ချဉ်ကရေကိုသန့်စင်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ရွှံရည်တွေကို သန့်စင်စေပါတယ်။ကျောက်ချဉ်ကရေထဲမှာပါတဲ့ အနယ်အနှစ်တွေကို စစ်ထုတ်အနည်ထိုင်စေနိုင်တဲ့အစွမ်းရှိပါတယ်။

(၆) ချွေးနံ့ပျောက်ဆေးအဖြစ်အသုံးပြုနိုင်ခြင်း

ကျောက်ချဉ်မျာ အနံ့ဆိုးတွေကိုတိုက်ဖျက်နိုင်ပြီး ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အစွမ်းသတ္တိရှိတာကြောင့်ချွေးနံ့ပျောက်ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။နေ့စဉ်အသုံးပြုပေးဖို့တော့လိုအပ်ပါတယ်။

(၇) အမွှေးကျွတ်ဆေး(hair removal)အဖြစ်အသုံးပြုနိုင်ခြင်း

ကျောက်ချဉ်ကိုအမျိုးသမီးတွေမှာ ခန္ဓါကိုယ်မှာပေါက်တတ်တဲ့ မလိုလားအပ်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားဖို့ လည်းအသုံးပြုလို့ရပါတယ်။

(၈) အရေးအကြောင်းတွေကို သက်သာစေခြင်း

ကျောက်ချဉ်ကအရေပြားကိုတင်းရင်းစေနိုင်တာကြောင့် မျက်နှာနဲ့လည်ပင်းတဝိုက်မှာဖြစ်တဲ့ အရေးအကြောင်းတွေကိုလျော့ပါးသက်သာစေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ မျက်နှာအတွက် အစိုဓါတ်ထိန်းပေးတဲ့လိမ်းစရာအနေနဲ့လည်း အသုံးပြုလို့ရပါတယ်။

(၉) ဝက်ခြံတွေကို သက်သာစေခြင်း

ကျောက်ချဉ်ကို ကြက်ဥအကာနဲ့ရောစပ်ပြီး ဝက်ခြံတွေအတွက် အသုံးပြုလို့လည်းရပါတယ်။ ကျောက်ချဉ်က ဝက်ခြံတွေအတွက်လည်း အရမ်းကောင်းပါတယ်။

(၁၀)သန်းကင်းစေနိုင်ခြင်း

ဆံပင်မှာသန်းတွယ်နေရင်လည်းကျောက်ချဉ်ကို အသုံးပြုပြီး သန်းကင်းအောင်လုပ်ဆောင်လို့ရပါတယ်။ကျောက်ချဉ်၊လက်ဖက်ဆီနဲ့ရေတို့ကိုရောစပ်ပြီး သန်းကင်းဆေးအဖြစ်အသုံးပြုလို့ရပါတယ်။

(၁၁) ခံတွင်းသန့်စင်ဆေးအဖြစ်အသုံးပြုနိုင်ခြင်း

ခံတွင်းထဲမှာ ဘက်တီးရီးယားတွေပေါက်ဖွားတာက ခံတွင်းနံ့ဆိုးရစေတဲ့ အဓိကအကြောင်းအရင်း တစ်ရပ်ဖြစ်ပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ အက်ဆစ်တွေကြောင့်လည်း ခံတွင်းနံ့ဆိုးတာမျိုးရှိပါတယ်။ ခံတွင်းကိုကျောက်ချဉ်ရည်နဲ့ဆေးကြောပေးတာက ဘက်တီးရီးယားတွေပေါက်ဖွားတာကို ကာကွယ်ပေးနိုင်ပါတယ်။

(၁၂) ကြွက်တက်တာကိုသက်သာစေခြင်း

ကျောက်ချဉ် ကကြွက်တက်တာကို သက်သာစေတဲ့သဘာဝဆေးတစ်မျိုးဖြစ်ပါတယ်။ကျောက်ချဉ်မှာသွေးကြဲစေတဲ့ အစွမ်းသတ္တိက ကြွက်တက်တာကို သက်သာစေတာဖြစ်ပါတယ်။

(၁၃) သွေးတိတ်စေခြင်း

သုတေသနအချို့အရကျောက်ချဉ်ကပြတ်ရှဒဏ်ရာတွေကိုသွေးတိတ်စေနိုင်တဲ့အစွမ်းလည်းရှိတယ်၊လို့ဆိုပါတယ်။ကျောက်ချဉ်အမှုန်လးတွေကို အနာပေါ်မှာဖြန်းပေးမယ်ဆိုရင်သွေးတိတ်စေမှာဖြစ်ပါတယ်။ အနာကတအားနက်ပြီးသွေးမတိတ်ဘူးဆိုရင်တော့ ဆရာဝန် နဲ့သွားရောက်ပြသသင့်ပါတယ်။

(၁၄) အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာကို တားဆီးပေးနိုင်ခြင်း

ကျောက်ချဉ်မှုန့်မှာ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာကို တိုက်ထုတ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိမှန်း လူတော်တော်များများကမသိကြပါဘူး။ကျောက်ချဉ်မှုန့်က အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာကို တားဆီးပေးနိုင်သလို အရေပြားကိုချောမွေ့တောက်ပစေပါတယ်။

(၁၅) သားအိမ်ကိုကျစ်လစ်စေနိုင်ခြင်း

ကျောက်ချဉ်က သားအိမ်နံရံတွေကို ကျစ်လစ်သန်မာစေပါတယ်။ရေရှည်အသုံးပြုဖို့တော့ မသင့်တော်ပါဘူး။ရေရှည်အသုံးပြုမိမယ်ဆိုရင်တော့ သားအိမ်တစ်ရှူးတွေကိုခြောက်သွေ့ပျက်စီးစေမှာဖြစ်ပါတယ်။

(၁၆) ဆားဝက်ခြံတွေကို သက်သာစေခြင်း

ကျောက်ချဉ်မှုန့်ကိုရေ (သို့)rose water တို့နဲ့ရောစပ်ပြီး ဆားဝက်ခြံတွေပေါ်ကိုလိမ်းပေးလို့ရပါတယ်။ အဆိုပါအရောကို မျက်နှာပါင်းတင်လို့လည်းရပါတယ်။

(၁၇) ချိုင်းမဲတာကိုသက်သာစေနိုင်ခြင်း

ချွေးနံပျောက်ဆေးကို အချိန်အတော်ကြာသုံးစွဲလာမှုကြောင့် ချိုင်းမဲတာတွေကိုကျောက်ချဉ်သုံးပြီး သက်သာအောင်လုပ်လို့ရပါတယ်။နေ့စဉ်တော့အသုံးမပြုသင့်ပါဘူး။

(၁၈) မျက်ကွင်းညိုတာကိုသက်သာစေခြင်း

ကျောက်ချဉ်ကို မျက်ကွင်းညိုတာအတွက်လည်းအသုံးပြုလို့ရပါတယ်။ကျောက်ချဉ်မှုန့်ကိုရေနဲ့ရောပြီး မျက်ကွင်းညိုတဲ့နေရာတွေမှာအသုံးပြုပေးလို့ရပါတယ် ။ သတိထားအသုံးပြုဖို့တော့လိုအပ်ပါတယ်။

(၁၉) သဲဝဲစားတာကိုသက်သာစေခြင်း

ကျောက်ချဉ်ကိုသဲဝဲစားတာအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ကျောက်ချဉ်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်းကိုရေနွေးထဲထည့်ပြီးခြေထောက်စိမ်ပေးလို့ရပါတယ်။ အနည်းဆုံး မိနစ် ၂၀ စိမ်ထားပေးရမှာဖြစ်ပါတယ်။

(၂၀) ဗောက်ပျောက်စေနိုင်ခြင်း

ခေါင်းလျှော်တဲ့အခါကျောက်ချဉ်အနည်းငယ်ထည့်လျှော်ပေးမယ်ဆိုရင်ဗောက်တွေကို သက်သာစေပြီး ဦးရေပြားယားယံတာကို သက်သာစေမှာဖြစ်ပါတယ်။ အများကြီးမသုံးမိဖို့တော့ သတိပြုရမှာဖြစ်ပါတယ်။

ကျောက်ချဉ်ကို အလွန်အကျွံသုံးစွဲမယ်ဆိုရင်တော့ သတိလစ်တာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာဝေဒနာတွေခံစားရနိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.pinkandpink.com/2015/08/top-15-uses-of-alum-for-face-skin-and.html

https://www.healthbenefitstimes.com/health-benefits-of-alum/

http://www.wildturmeric.net/2014/06/10-amazing-uses-benefits-of-alum.html

http://www.webmd.com/drugs/2/drug-76669/alum/details#overdose

ယခုပုံစံ

14/09/2017

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လရောင်ဆမ်းမှ လန်းတဲ့ ပဒုမ္မာကြာ ဆေးဖက်ဝင်သလား!

ပိုက်ဆံလျှော် ဆေးဖက်ဝင်သလား!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 14/09/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement