brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Alchemilla (အဲလ်ခီမီလာ)

အသုံးပြုပုံများ

အဲလ်ခီမီလာ ကို ဘာအတွက်အသုံးပြုကြသလဲ

Alchemilla ကို အောက်ပါအခြေအနေတွေအတွက် အသုံးပြုနိုင်ပါတယ်။

  • ဗိုက်နာခြင်း
  • ဝမ်းလျှောခြင်း
  • ဆီးချို
  • ကိုယ်ခန္ဓါအတွင်း ရေစုပြုံခြင်း
  • ရောင်ရမ်းခြင်း
  • ကြွက်သာ နာကျင်ခြင်း
  • ပါးစပ်နာခြင်း၊ လည်ချောင်းနာခြင်းတွေအတွက် ပါးလုပ်ကျင်းရည်
  • နာကျင်သော၊ များသော ရာသီလာခြင်း
  • သွေးဆုံးလက္ခဏာများ
  • ကိုယ်ခန္ဓါပြင်ပကို သုံးတဲ့ အနေနဲ့ ဒီ Herbal ကို အောက်ပါ အကြောင်းရင်းရာတွေမှာ အသုံးပြုကြပါတယ်။

    • သွေးတိတ်ရန်
    • အနာကျက် မြန်စေရန်
    • အနာ၊ နှင်းခူ၊ အရေပြား အကွက်ထခြင်းကို ကုသရန်

    Alchemilla ကို ဗိုက်နာခြင်းတွေ ကုသဖို့အတွက် ချိုးတဲ့ ရေထဲကိုလည်း ထည့်နိုင်ပါတယ်။

    Alchemilla ကို အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ကို ပိုမိုသိရှိဖို့ မေးမြန်းနိုင်ပါတယ်။

    ဘယ်လိုအလုပ်လုပ်လဲ

    Alchemilla ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    ဒါပေမယ့် လေ့လာမှုအချို့က Alchemilla မှာ ဝမ်းလျှောခြင်းကို သက်သာစေတဲ့ tannins လို့ ခေါ်တဲ့ ဓါတုပစ္စည်း ပါတယ်လို့ ဆိုပါတယ်။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    အဲလ်ခီမီလာ အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    သင့်မှာ အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

    • ကိုယ်ဝန်ရှိရင်၊ ကလေးနို့တိုက်နေရင်။ သင်ဟာ ကလေးရလိုရင် (သို့) ကလေးနို့တိုက်နေရင် ဆရာဝန်ညွှန်ကြားချက်နဲ့သာ ဆေးတွေကို သောက်သုံးသင့်ပါတယ်။
    • အခြားဆေးတွေသောက်နေရင်။ ဆရာဝန်ညွှန်ကြားချက်နဲ့ ဖြစ်စေ၊ ညွှန်ကြားချက်မပါပဲဖြစ်စေ သောက်နေတဲ့ ဆေးတွေကို ဆိုလိုပါတယ်။
    • Alchemilla နဲ့ပတ်သက်တဲ့ ဆေးတွေ၊ အခြားဆေးတွေ၊ အခြား herbal တွေနဲ့ မတည့်ရင်။
    • သင့်မှာ အခြားရောဂါတွေ၊ ကျန်းမာရေးအခြေအနေတွေ ရှိနေရင်
    • ဓါတ်မတည့်ခြင်းတွေဖြစ်တဲ့ အစားအသောက်၊ ဆိုးဆေး၊ ထပ်ထည့်ဆေး၊ တိရိစ္ဆာန်တွေနဲ့ ဓါတ်မတည့်မှုရှိရင်

    Alchemilla ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။

    ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    အဲလ်ခီမီလာ က ဘယ်လောက်စိတ်ချရလဲ

    ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်

    ဒီ Herbal ကို ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်မှာ အသုံးပြုခြင်းရဲ့ စိတ်ချရမှုနဲ့ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်တွေ မရှိပါဘူး။ ဒီ Herbal အသုံးမပြုခင် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချိန်နိုင်ဖို့ သင့်ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    ကလေးတွေမှာ

    ကလေးတွေမှာ အသုံးပြုမှုရဲ့ စိတ်ချရမှုကို လေ့လာထားတဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။

    ခွဲစိတ်မှု

    Alchemilla အသုံးပြုခြင်းကို စီစဉ်ထားတဲ့ ခွဲစိတ်မှုမတိုင်မီ နှစ်ပတ်အနည်းဆုံးကြိုပြီး ရပ်သင့်ပါတယ်။

    ဘေးထွက်ဆိုးကျိုးများ

    အဲလ်ခီမီလာ ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

    Alchemilla သာ အသုံးပြုစဉ်မှာ အသည်းပျက်စီးစေနိုင်ပါတယ်။ လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    ဆေးဓါတ်ပြုမှုများ

    အဲလ်ခီမီလာ ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

    Alchemilla ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    အောက်ဖေါ်ပြပါ ဆေးတွေဟာ Alchemilla နဲ့ဓါတ်ပြုနိုင်ပါတယ်။

    • Warfarin (CoumadinÂŽ) – Alchemilla ဟာ သွေးခဲစေတဲ့ အစွမ်းရှိတာကြောင့် ဒီသွေးကျဲဆေးတွေရဲ့ အစွမ်းကို ကျဆင်းစေနိုင်ပါတယ်။

    သံဓါတ်အားဖြည့်ဆေး – Alchemilla မှာ သံဓါတ်စုပ်ယူမှုကို လျော့ကျစေတဲ့ tannin ပါဝင်ပါတယ်။

    ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

    သောက်သုံးရန်အညွှန်း

    ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

    အဲလ်ခီမီလာ အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

    ပုံမှန်အသုံးပြုခြင်း

    အကြံပြုထားတဲ့ အသုံးပြုနိုင်တဲ့ ပမာဏကတော့ ဝမ်းလျှောခြင်းကို ကုသရန်အတွက် နေ့စဉ် ၅-၁၀ ဂရမ်ပဲ ဖြစ်ပါတယ်။

    Alchemilla လက်ဖက်ရည်

    • ရေပူ ၂-၃ လီတာထဲမှာ Alchemilla အခြောက်ကို လက်ဖက်ရည်ဇွန်း နှစ်ဇွန်းထည်ပြီး ၁၀-၁၅ မိနစ်ထားသင့်ပါတယ်။
    • တစ်နေ့မှာ သုံးခွက် သောက်နိုင်ပါတယ်။
    • ပိုပြင်းတဲ့ လက်ဖက်ရည်ရရှိဖို့အတွက် tannins အများဆုံးထွက်လာအောင် Alchemilla ကို ရေနွေးနဲ့ မိနစ်အနည်းငယ် ပြုတ်နိုင်ပါတယ်။

    တင်ချာရည်အဖြစ်

    အကြံပြုထားတဲ့ ပမာဏကတော့ တစ်နေ့ကို ၁-၂ ml သုံးကြိမ် ဖြစ်ပါတယ်။

    Alchemilla ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

    အဲလ်ခီမီလာ က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

    Alchemilla ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

    • Infusions
    • တင်ချာရည်
    • အဆီ
    • အာလုပ်ကျင်းရည်

    မိန်းမကိုယ်နဲ့ စအိုအတွင်းထည့် ပစ္စည်း

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။