brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Acerola (အက်စီရိုလာ)

အသုံးပြုပုံများ

အက်စီရိုလာ ကို ဘာအတွက်အသုံးပြုကြသလဲ

Acerola ကို အောက်ပါအခြေအနေတွေအတွက် အသုံးပြုနိုင်ပါတယ်။

  • ဗီတာမင် စီ ချို့ယွင်းခြင်း
  • Scurvy
  • နှလုံးရောဂါ
  • နှလုံးသွေးကြော မာခြင်း
  • သွေးခဲခြင်း
  • ကင်ဆာ
  • အအေးမိခြင်း
  • ဖိအားကြောင့် နာဖြစ်ခြင်း
  • မျက်လုံးတွင်း သွေးထွက်ခြင်း
  • သွားပိုးစားခြင်း
  • သွားဖုံးရောဂါပိုးဝင်ခြင်း
  • စိတ်ကျခြင်း
  • Hay fever
  • Collagen ရောဂါများ
  • အားကစားသမားတွေက Acerola ကို ခံနိုင်ရည်အား မြင့်မားရန်အတွက် အသုံးပြုကြပါတယ်။

    Acerola ကို အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ကို ပိုမိုသိရှိဖို့ မေးမြန်းနိုင်ပါတယ်။

    ဘယ်လိုအလုပ်လုပ်လဲ

    Acerola ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ဆေးပင်ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် လေ့လာမှုအချို့က Acerola ဟာ အသီးတစ်မျိုးဖြစ်ပြီး ဗီတာမင်စီ၊ ဗီတာမင်အေ၊ Thiamine၊ riboflavin နဲ့ niacin တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    အက်စီရိုလာ အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    သင့်မှာ အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

    • ကိုယ်ဝန်ရှိရင်၊ ကလေးနို့တိုက်နေရင်။ သင်ဟာ ကလေးရလိုရင် (သို့) ကလေးနို့တိုက်နေရင် ဆရာဝန်ညွှန်ကြားချက်နဲ့သာ ဆေးတွေကို သောက်သုံးသင့်ပါတယ်။
      • အခြားဆေးတွေသောက်နေရင်။ ဆရာဝန်ညွှန်ကြားချက်နဲ့ ဖြစ်စေ၊ ညွှန်ကြားချက်မပါပဲဖြစ်စေ သောက်နေတဲ့ ဆေးတွေကို ဆိုလိုပါတယ်။
      • Acerola နဲ့ပတ်သက်တဲ့ ဆေးတွေ၊ အခြားဆေးတွေ၊ အခြား herbal တွေနဲ့ မတည့်ရင်။
      • သင့်မှာ အခြားရောဂါတွေ၊ ကျန်းမာရေးအခြေအနေတွေ ရှိနေရင်
      • ဓါတ်မတည့်ခြင်းတွေဖြစ်တဲ့ အစားအသောက်၊ ဆိုးဆေး၊ ထပ်ထည့်ဆေး၊ တိရိစ္ဆာန်တွေနဲ့ ဓါတ်မတည့်မှုရှိရင်

      ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    အက်စီရိုလာ က ဘယ်လောက်စိတ်ချရလဲ

    ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်

    ဒီ Herbal ကို ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်မှာ အသုံးပြုခြင်းရဲ့ စိတ်ချရမှုနဲ့ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်တွေ မရှိပါဘူး။ ဒီ Herbal အသုံးမပြုခင် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချိန်နိုင်ဖို့ သင့်ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    ခွဲစိတ်ခြင်း

    Acerola အသုံးပြုခြင်းကို စီစဉ်ထားတဲ့ ခွဲစိတ်မှုမတိုင်မီ နှစ်ပတ်အနည်းဆုံးကြိုပြီး ရပ်သင့်ပါတယ်။

    ဘေးထွက်ဆိုးကျိုးများ

    အက်စီရိုလာ ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

    Acerola ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။

    • ပျို့ခြင်း
    • ဗိုက်နာခြင်း
    • အိပ်ငိုက်ခြင်း
    • အိပ်မပျော်ခြင်း
    • ဝမ်းလျှောခြင်း (ပမာဏ အများကြီးသောက်သောအခါ)

    လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

    ဆေးဓါတ်ပြုမှုများ

    အက်စီရိုလာ ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

    Acerola ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    အချို့ဆေးတွေဟာ ဒီ Herbal နဲ့ ဓါတ်ပြုနိုင်ပါတယ်။

    • Fluphenazine (Prolixin). သူဟာ fluphenazine အစွမ်းကို လျှော့ချနိုင်ပါတယ်။
    • Warfarin (Coumadin). warfarin (Coumadin) အစွမ်းထက်မှုကို လျော့ကျစေပြီး သွေးထွက်နှုန်းမြင့်မားစေပါတယ်။ သွေးကိုပုံမှန်စစ်ဆေးသင့်ပြီး warfarin ပမာဏကို ပြောင်းလဲဖို့ လိုကောင်းလိုအပ်နိုင်ပါတယ်။

    • Estrogens. ဗီတာမင်စီဟာ ကိုယ်ခန္ဓါက estrogen ဘယ်လောက် စုပ်တဲ့ပမာဏကို တိုးမြှင့်ပေးပါတယ်။ ဒါကြောင့် Estrogen ရဲ့ အစွမ်းရော ဘေးထွက်ဆိုးကျိုးပါ ပိုဆိုးစေပါတယ်။ အချို့ Estrogen ဆေးတွေမှာ conjugated equine estrogens (Premarin), ethinyl estradiol, estradiol နဲ့ အခြားအရာတွေ ပါဝင်ပါတယ်။

    ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

    သောက်သုံးရန်အညွှန်း

    ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

    အက်စီရိုလာ အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

    Acerola ဆေးတောင့်

    ဖြည့်စွက်စာအနေနဲ့ တစ်နေ့ကို ဆေးတောင့်တစ်တောင့် ရေနဲ့ သောက်သင့်ပါတယ်။

    Acerola ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

    အက်စီရိုလာ က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

    Acerola ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

    ဆေးတောင့် 500 mg

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။