backup og meta

ဗောက်ပျောက်ရန် အိမ်မှာအလွယ်တကူကုသနိုင်သော အိမ်တွင်းဆေးဝါးများ

ဗောက်ပျောက်ရန် အိမ်မှာအလွယ်တကူကုသနိုင်သော အိမ်တွင်းဆေးဝါးများ

ဗောက်ပျောက်ရန် အိမ်မှာ အလွယ်တကူကုသနိုင်သော အိမ်တွင်းဆေးဝါးများ

ကျွန်တော်တို့တစ်ခုလောက် စိတ်ကူးကြည့်လိုက်ရအောင်။ သင်က stage စင်ကြီးပေါ်မှာ သရုပ်ပြနေတာကို လူတွေအများကြီးက ကြည့်နေတယ်။ အဲ့ဒီအချိန်မှာပဲ သင်ခေါင်းကုတ်ချင်စိတ်တွေ တဖြည်းဖြည်းဖြစ်လာမယ်။ ပြီးတော့ သင့်ရှေ့မှာ ဗောက်တွေ အဖတ်လိုက် ကွာကျလာမယ်။ အဖတ်အကြီးကြီးတွေနော်။ သင်စပြီး အလန့်တကြားဖြစ်လာပြီး ဘယ်သူမှမမြင်အောင်လို့စင်နောက်ကိုပြန်ဝင်ပြီး နေနေလိုက်မယ်ဆိုပါစို့။ သင့်ခေါင်းကိုထပ်ကုတ်လိုက်ပြန်ပြီဆို ဗောက်တွေ အဖတ်လိုက်ထပ်ကျလာပြီး ပိုပြီးတော့လည်း ထင်သာမြင်သာရှိလာမယ်။ အဲ့ဒီအချိန်မှာ တစ်ယောက်ယောက်က ဖြတ်လာရင်းတွေ့သွားပြီး သင့်ကို “ မင်းမှာဗောက်တွေအတော်ဆိုးဆိုးရှိနေတာပဲ သူငယ်ချင်း”လို ပြောသွားမယ်ဆိုရင် ………..

ဗောက်ဆိုတာ ဦးခေါင်းပေါ်မှာရှိတဲ့ အရည်ပြား အခြေအနေတစ်ခုပါ။ ဗောက်တွေဟာ ဦးရေပြားပေါ်က အရည်ခွံတွေ ဖြစ်သင့်တာထက် ပိုပြီးမြန်မြန် ကွာကျလာတဲ့အချိန်မှာ ဖြစ်ပေါ်ပါတယ်။ ဆဲလ်အဟောင်းတွေဟာ ဆဲလ်အသစ်တွေကိုေ နရာပေးဖို့သေဆုံးပေးကြရပါတယ်။ တကယ်လို့ ဒီဖြစ်စဉ်ကြီးက ပိုပြီးမြန်ဆန်လာမယ်ဆိုရင် သင့်ခေါင်းကနေ အဖတ်ဖြူဖြူကြီးတွေ ကျလာတော့မှာ ဧကန်ပါပဲ။ ဒီဖြစ်စဉ်ဖြစ်ရခြင်းဟာ ဦးရည်ပြားခြောက်သွေ့ခြင်း၊ အသားအရည် အခြေအနေ၊ သို့မဟုတ် ပုံမှန်ဦးရည်ပြားတွေမှာရှိတတ်ပြီး အဖြစ်များတဲ့ malassezia မှိုကြောင့် စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဖျားနာခြင်းနဲ့ စိတ်ဖိစီးမှုများခြင်းတွေကလည်း ဗောက်ထစေနိုင်ပါတယ်။

ဗောက်တွေဟာ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကိုတော့ ဘယ်လိုမှ ပြဿနာမပေးနိုင်ပါဘူး။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာမှာတော့ ရှက်ကြောက်ခြင်းကို ခံစားရစေနိုင်ပါတယ်။ လူတွေဟာ တစ်ခါတလေမှာ ဗောက်ကို တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ တွဲပြီးမြင်လေ့ရှိပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုတာ ဗောက်ဖြစ်ရခြင်း အကြောင်းရင်းတွေထဲကမှ အနည်းငယ်သာ သက်ဆိုင်တာကြောင့် ဒါကသိပ်တော့မဖြစ်နိုင်ပါဘူး။ ဗောက်တွေက အရေပြားအခြေအနေကြောင့်သာ အဖြစ်များပါတယ်။ ဒါပေမဲ့ လူအတော်များများကတော့ ဒါကိုမသိကြပါဘူး။ အထက်မှာဖော်ပြထားတဲ့ ဇာတ်လမ်းလိုမျိုး တကယ်လို့ လူတွေအားလုံးက သူ့ရဲ့ဗောက် အဖြူဖတ်ကြီးတွေကို သတိထားမိသွားပြီဆိုရင် ဒါဟာ တကယ်ကိုရှက်စရာကောင်းတဲ့ အတိတ်တစ်ခုအနေနဲ့ ကျန်ခဲ့တော့မှာပါ။

သေချာတာပေါ့။ သူ့ကိုကုသလို့ရပါတယ်။ အောက်မှာဖော်ပြထားတဲ့ ၁၀ချက်ဟာ ဗောက်ထခြင်းအတွက်အသုံးပြုနိုင်မယ့် အိမ်တွင်းဆေးဝါး ၁၀မျိုးပါ။

အုန်းဆီ – anti-fungal (မှိုမကပ်စေနိုင်သော ) အစွမ်းသတ္တိရှိပါတယ်။ သင့်ဦးရည်ပြားပေါ်မှာ မှိုကြောင့်ဖြစ်နေတဲ့ ဘယ်ပြဿနာကိုမဆို အုန်းဆီကဖယ်ရှားပေးနိုင်ပြီး အစိုဓါတ်ကိုလည်းဖြည့်ဆည်းပေးနိုင်ပါတယ်။ ခေါင်းမလျှော်ခင်မှာ အုန်းဆီ လက်ဖက်ရည်ဇွန်း ၃ဇွန်းကနေ ၅ဇွန်းထိလိမ်းပေးပြီး ၁နာရီလောက်စောင့်ပါ။ ပြီးတဲ့နောက် ခေါင်းလျှော်ချလိုက်ပါ။ ဒါမှမဟုတ်လည်း အုန်းဆီပါတဲ့ ခေါင်းလျှော်ရည်တွေကို သင်အသုံးပြုနိုင်ပါတယ်။

Apple Cider Vinegar (ပန်းသီးရှာလကာရည်) – ဒီပစ္စည်းမှာပါဝင်တဲ့ acid ဂုဏ်သတ္တိဟာ yeast တွေကို ကာကွယ်ပေးနိုင်တာကြောင့် သင့်ဦးရည်ပြားအတွက် ကောင်းမွန်တဲ့အရာတစ်ခုပါ။ apple cider vinegar လေးပုံတစ်ပုံနဲ့ ရေလေးပုံတစ်ပုံကို ရောပြီး သင့်ဦးရည်ပြားပေါ်ဖြန်းပေးပါ။ ခေါင်းကို သဘက်နဲ့၁၅မိနစ်ခန့်ပေါင်းထားပြီး ပုံမှန်အတိုင်း ခေါင်းလျှော်ပါ။ တစ်ပတ်ကို ၂ကြိမ်လုပ်ပေးပါ။

Baking soda(မုန့်ဖုတ်ဆိုဒါ)- ဒီbaking soda ဟာ ဗောက်ဖြစ်စေတဲ့ မှိုဖြစ်ပွားမှုတွေကို လျော့နည်းစေတာကြောင့် ဗောက်သေအောင်လုပ်တဲ့နေရာမှာသူကလည်း တကယ်ကိုအကူအညီဖြစ်ပါတယ်။ ဆံပင်ကိုစိုအောင်လုပ်ပြီး soda ကို ဦးရည်ပြားပေါ်လိမ်းကာမိနစ်အနည်းငယ်ထားလိုက်ပါ။ ပြီးရင်တော့ ဆေးချလိုက်ပါ။

ရှားစောင်းလက်ပတ် – ဗောက်ထတာကြောင့် ယားယံတာကို ကုသပေးနိုင်တဲ့ ဆေးတစ်လက်ပါ။ ခေါင်းမလျှော်ခင် ရှားစောင်းလက်ပတ်ကို ခေါင်းပေါ်မှာလိမ်းပြီး နှိပ်နယ်ပေးပါ။ ဒါက ယားယံခြင်းကို သက်သာစေပါတယ်။

ကက်သွန်ဖြူ – ကြက်သွန်ဖြူဟာ ဘက်တီးရီးယားတွေကို သုတ်သင်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကိုကြိတ်ခြေပြီး ဦးရည်ပြားပေါ် လိမ်းပေးပါ။ အနံ့နံနေမှာစိုးရင် ပျားရည်နဲ့ ရောပြိးအသုံးပြုပေးနိုင်ပါတယ်။ ပြီးရင်တော့ဆေးချလိုက်ပါ။

သံလွင်ဆီ – သံလွင်ဆီဟာ ကိစ္စတော်တော်များများအတွက် အသုံးဝင်ပြီး ဗောက်သေစေခြင်းကလည်း တစ်ခုအပါအဝင်ပါ။ သံလွင်ဆီ ၁၀စက်လောက်ကို ဦးရည်ပြားပေါ်မှာလိမ်းပြီး ရေချိုးတဲ့ခါ ဆောင်းတဲ့ဦးထုပ်(shower cap)ကို တစ်ညလုံး စွပ်ထားပေးပါ။ နောက်တစ်ရက် နံနက်မှာ ခေါင်းလျှော်ပါ။ ဒါမှမဟုတ်လည်း သံလွင်ဆီပါတဲ့ခေါင်းလျှော်ရည်ကို အသုံးပြုနိုင်ပါတယ်။

လက်ဖက်ဆီ – လက်ဖက်ဆီအနည်းငယ်ဟာ ခေါင်းလျှော်နေစဉ်အတွင်းမှာကို ဗောက်တွေကို အံ့သြစရာကောင်းလောက်အောင် ပျောက်ကင်းစေနိုင်ပါတယ်။ သုံးနေကျ ခေါင်းလျှော်ရည်နဲ့ ရောသုံးပြီး သင်ကိုယ်တိုင်စမ်းသပ်ကြည့်ပါ။

သံပုရာ– apple cider vinegar လိုပါပဲ။ သံပုရာသီး (ရှောက်သီး)တွေမျာ ပါဝင်တဲ့ acid ဓါတ်ဟာ ဦးရည်ပြားရဲ့ pH balance ကိုညီမျှစေပါတယ်။ ဦးရည်ပြားပေါ်မှာ သံပုရာရည် လက်ဖက်ရည်ဇွန်း၂ဇွန်းလောက်လိမ်းပြီးနှိပ်နယ်ပေးကာ ရေဆေးချလိုက်ပါ။ ပြီးတဲ့နောက် သံပုရာရည် လက်ဖက်ရည်ဇွန်း၁ဇွန်းကို ရေနဲ့ရောပြီးဆေးပေးပါ။ သင့် ဗောက်အခြေအနေကောင်းမွန်လာတဲ့အထိ နေ့တိုင်းလုပ်ပေးပါ။

Aspirin(သွေးကျဲဆေး)- ယုံချင်ယုံမယုံချင်နေပါ။ aspirin ရဲ့ salicylic acid ဟာ ဗောက်အတွက် ဆေးစွမ်းကောင်းတစ်လက်ဖြစ်နိုင်ပါတယ်။ aspirin ၂လုံးကိုကြိတ်ခြေပြီး သင့်ခေါင်းလျှော်ရည်နဲ့ရောလိုက်ပါ။ မိနစ်အနည်းငယ်ထားပြီး ပုံမှန်ခေါင်းလျှော်ရည်နဲ့ ပြန်လျှော်ချလိုက်ပါ။

ပဲနံ့သာပင်- ဒီအပင်ရဲ့ မှိုသတ်ပေးနိုင်တဲ့အစွမ်းနဲ့ နူးညံ့ပျော့ပြောင်းစေတဲ့ ဂုဏ်သတ္တိတွေကြောင့် ဗောက်ထခြင်းကို ထိန်းချုပ်တဲ့နေရာမှာ အသုံးပြုပါတယ်။ ပဲနံ့သာစေ့ လက်ဖက်ရည်ဇွန်း ၂ဇွန်း သို့မဟုတ် ၃ဇွန်းကို ရေထဲမှာ တစ်ညသိပ်လောက် စိမ်ထားပြီး နောက်တစ်ရက်မှာ ကြိတ်လိုက်ပါ။ သင့်ခေါင်းပေါ်မှာ နာရီအနည်းငယ်ကြာအောင် လိမ်းထားပြီး ပုံမှန်အတိုင်းလျှော်နေကျ ခေါင်းလျှော်ရည်နဲ့လျှော်ချလိုက်ပါ။ တစ်ပတ်၂ကြိမ်လုပ်ပေးပါ။

ပုခုံးပေါ်မှာ ဗောက်ဖတ်ဖြူဖြူကြီးတွေ ကျနေတာက စိတ်ဖိစီးစေပြီး ရှက်စရာကောင်းသလို ခံစားရစေပါတယ်။ ဒါပေမဲ့ စိတ်ရှည်သည်းခံလိုက်ပါ။ ကုသမှုနည်းလမ်းတွေက သင်နဲ့လက်တစ်ကမ်းအကွာမှာ ရှိနေပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

“Dandruff: Why It Happens and How To Beat It”
http://www.medicalnewstoday.com/articles/152844.php

“How to Get Rid of Dandruff: 11 Natural Treatments”
http://www.rd.com/health/beauty/dandruff-natural- treatment/

“Home Remedies for Dandruff”
http://www.top10homeremedies.com/home-remedies/home- remedies-for- dandruff.html/3“Dandruff: Why It Happens and How To Beat It”

http://www.top10homeremedies.com/home-remedies/home- remedies-for- dandruff.html/3

ယခုပုံစံ

12/05/2020

Wathun Myat Chal မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။

ဆက်စပ် အကြောင်းအရာများ

ဆံပင်ပြန်ပေါက်ခြင်းဖြစ်စဉ်

ဆံပင်သန်စေသော သဘာဝနည်းလမ်းများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe

Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement