backup og meta

Chilblains (သွေးကြောရောင်ရမ်း၍ကိုက်ခဲခြင်းတစ်မျိုး)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Chilblains (သွေးကြောရောင်ရမ်း၍ကိုက်ခဲခြင်းတစ်မျိုး) ကဘာလဲ။

Chilblains – CHILL-blayns လို့လည်းခေါ်ပါတယ်။ အအေးဒဏ်၊ လေအေးတွေနဲ့ မကြာခဏထိတေ့ွရတဲ့အခါ ဖြစ်လာတတ်တဲ့ အရေပြားရှိ သေးငယ်သောသွေးကြောငယ်လေးများ ရောင်ရမ်းခြင်းဖြစ်တယ်။ Pernio လို့လည်းသိပြီး ခြေလက်တွေမှာ ယားယံခြင်း၊ အနီကွက်များထခြင်း၊ ရောင်ရမ်းခြင်းနဲ့ အရည်ကြည်ဖုတွေဖြစ်တတ်ပါတယ်။

များသောအားဖြင့် တစ်ပတ်ကနေ သုံးပတ်အတွင်း ကောင်းသွားတတ်ပါတယ်။ အထူးသဖြင့် ရာသီဥတုပြန်လည်နွေးထွေးလာပါက ပိုကောင်းနိုင်ချေရှိတယ်။ နှစ်နဲ့ချီပြီး ရာသီအလိုက် ရောဂါပြန်ပေါ်နိုင်ပါတယ်။ ကုသမှုတွေမှာတော့ အအေးဒဏ်ကနေကာကွယ်ခြင်းတွေ၊ လက္ခဏာတွေသက်သာဖို့ လိုးရှင်းခရင်သုံးခြင်းတွေပါနိုင်ပါတယ်။ များသောအားဖြင့်တော့ အမြဲထိခိုက်ခြင်းမဖြစ်စေနိုင်ပေမယ့် မကုသဘဲထားပါက ရောဂါပိုးဝင်ပြီး ပြင်းထန်သောထိခိုက်မှုတွေဖြစ်လာနိုင်တယ်။

အကောင်းဆုံးနည်းကတော့ အအေးဒဏ်မခံရအောင် အတတ်နိုင်ဆုံးကာကွယ်ပြီး နွေးနွေးထွေးထွေးဝတ်ဆင်ခြင်းဖြစ်တယ်။

Chilblains (သွေးကြောရောင်ရမ်း၍ကိုက်ခဲခြင်းတစ်မျိုး) က ဘယ်လောက်အဖြစ်များသလဲ

အရွယ်မရွေးဖြစ်နိုင်ပြီး ကလေးတွေရော၊ လူကြီးတွေရော ဖြစ်နိုင်ချေအတူတူပဲဖြစ်တယ်။ အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။

လက္ခဏာများ

Chilblains (သွေးကြောရောင်ရမ်း၍ကိုက်ခဲခြင်းတစ်မျိုး) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရအများဆုံးလက္ခဏာတွေကတော့-

  • အရေပြားပေါ်၊ အထူးသဖြင့် ခြေထောက်နဲ့ လက်တွေမှာ သေးငယ်ပြီးယားယံသောအနီစက်များထွက်ခြင်း
  • အရည်ကြည်ဖုပေါက်ခြင်း၊ ပြည်တည်နာပေါက်ခြင်း
  • အရေပြားရောင်ခြင်း
  • အရေပြားအပူလောင်ခြင်း
  • အရေပြားအရောင်ပြောင်းခြင်း၊ နာကျင်ခြင်း

တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် အသေးစိတ်အတွက်ဆရာဝန်ကိုမေးမြန်းသင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအခြေအနေများဖြစ်လာပါက ဆရာဝန်ပြပါ –

  • ပြင်းထန်ခြင်း၊ သို့ မကြာခဏဖြစ်နေခြင်း
  • ရက်သတ္တပတ်အနည်းငယ်အတွင်းပြန်မကောင်းခြင်း
  • ရောဂါပိုးဝင်နေပြီဟုသံသယရှိခြင်း –
  • ရောဂါပိုးဝင်တဲ့လက္ခဏာတွေကတော့ –
  • ထိခိုက်သောနေရာတဝိုက်တွင်ရောင်ရမ်းခြင်း၊ ပြည်တည်ခြင်း
  • ကိုယ်လက်မအီမသာဖြစ်ခြင်း
  • အဖျားကြီးခြင်း 38C (100.4F) နှင့်အထက်
  • အရည်ထုတ်ဂလင်းများရောင်ခြင်း

အကြောင်းရင်းများ

Chilblains (သွေးကြောရောင်ရမ်း၍ကိုက်ခဲခြင်းတစ်မျိုး) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းအရင်းအတိအကျကိုတော့မသိကြပါဘူး။ ခန္ဓါကိုယ်ရဲ့အအေးဒဏ်ကိုပုံမှန်မဟုတ်တုံ့ပြန်ခြင်းတစ်ခုဖြစ်နိုင်ပါတယ်။ အအေးဒဏ်ခံရပြီး ပြန်လည်နွေးထွေးသွားတဲ့အခါ ခန္ဓါကိုယ်အရေပြားက သွေးကြောငယ်လေးတွေက အနီးမှာရှိတဲ့ သွေးကြောကြီးတွေထက် ပိုမြန်မြန်ကျယ်ပြန့်သွားတတ်တယ်။ ထိုအခါမှာ အနားတဝိုက်က တစ်သျူးများသွေးငတ်တတ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Chilblains (သွေးကြောရောင်ရမ်း၍ကိုက်ခဲခြင်းတစ်မျိုး) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အများကြီးရှိနိုင်တယ်။ ဥပမာ-

ကြပ်တည်းသော သို့ အရေပြားလေးအေးထိနိုင်သော အဝတ်အစားများဝတ်စားခြင်း။ ချမ်းအေးစိုစွတ်သောရာသီဥတုတွင် ကြပ်တည်းသောအဝတ် သို့ ဖိနပ်များဝတ်စားခြင်း။ အအေးဒဏ်ထိနေတဲ့ အရေပြားမှာ ရောဂါဖြစ်နိုင်ချေပိုရှိပါတယ်။

ကိုယ်အလေးချိန်၊ နှင့် အမျိုးသမီးဖြစ်ခြင်း။ အရပ်နှင့် သင့်လျော်သော ကိုယ်အလေးချိန်ထက် ၂၀ ရာခိုင်နှုန်းပိုနည်းနေသူများမှာ ရောဂါဖြစ်နိုင်ချေပိုများသလို၊ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ကလေးတွေထက် ရောဂါဖြစ်နိုင်ချေပိုများပါတယ်။

ပတ်ဝန်းကျင်အခြေအနေ၊ ရာသီဥတု – အေးမြခြောက်သွေ့သောနေရာတွေမှာဖြစ်ခဲပါတယ်။ ထိုဒေသရှိလူတွေဟာ အအေးဒဏ်မထိရအောင် ပိုလုံခြုံစွာဝတ်စားသောကြောင့်ဖြစ်ပါတယ်။ စိုစွတ်အေးမြသောနေရာမှာ ရောဂါဖြစ်နိုင်ချေပိုများပြီး နိုဝင်ဘာမှ ဧပြီလအတွင်းအဖြစ်များတယ်။

သွေးလည်ပတ်မှုမကောင်းခြင်း။ သွေးလည်ပတ်မှုမကောင်းသူတွေမှာ ရာသီဥတုအပြောင်းအလဲကို ပိုမခံနိုင်တာကြောင့် ဖြစ်နိုင်ချေများနိုင်တယ်။

ရောဂါရှိခြင်း။ ရောဂါရှိသူတွေဟာ ဖြစ်နိုင်ချေများပါတယ်။ ရောဂါနှစ်ခုစလုံးက ရောင်ရမ်းစေနိုင်ပြီး ရောဂါမှာတော့ အရေပြားအရောင်ပြောင်းမှုမတူပါဘူး။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Chilblains (သွေးကြောရောင်ရမ်း၍ကိုက်ခဲခြင်းတစ်မျိုး) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါအမည်တပ်ခြင်းက ရှင်းလင်းပါတယ်။ အအေးဒဏ်ထိထားတဲ့လူတစ်ယောက် တူညီတဲ့လက္ခဏာတွေဖြစ်လာမယ်ဆိုရင် chilblains လို့ရောဂါအမည်တပ်လိုက်လို့ရပါတယ်။

တခြားသော ရောဂါတွေဖြစ်တဲ့ lupus, Raynaud’s phenomenon, erythromelalgia တွေနဲ့ သွေးငတ်ခြင်း တို့ဖြစ်နိုင်ချေကိုလည်းပယ်ပါလိမ့်မယ်။

ရှားရှားပါးပါး ရောဂါခွဲခြားရခက်နေမယ်ဆိုရင်တော့ အရေပြားအသားစစစ်ပါလိမ့်မယ်။

Chilblains (သွေးကြောရောင်ရမ်း၍ကိုက်ခဲခြင်းတစ်မျိုး) ကို ဘယ်လိုကုသပါသလဲ

အိမ်တွင်းကုနည်းနဲ့အဆင်မပြေတဲ့လူကြီးတွေအတွက်တော့ –

လိမ်းဆေး – ခရင်လိမ်းခြင်း

သွေးဖိအားဆိုင်ရာဆေးများ – ကဲ့သို့ သွေးဖိအားနည်းစေသောဆေးများ – သွေးကြောပွင့်စေပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးနည်းများ

အအေးဒဏ်ခံပြီးနောက် မနှိပ်၊ မပွတ်သပ်၊ အပူမပေးဘဲ အသာအယာသာပြန်လည်းနွေးထွေးစေခြင်း

  • ဖြစ်နိုင်သမျှအအေးဒဏ်မခံခြင်း
  • ထိခိုက်သောနေရာကိုခြောက်သွေ့နွေးထွေးအောင်ထားခြင်း၊ သို့သော အပူဓါတ်ကနေဝေးဝေးမှာတော့ရှိရပါမယ်။
  • ယားယံခြင်းသက်သာစေရန်လိုးရှင်းခရင်လိမ်းခြင်း
  • ပိုးသတ်ဆေးနဲ့သန့်စင်ခြင်း၊ ရောဂါပိုးမဝင်ရန်ပတ်တီးစည်းခြင်း
  • ကုတ်ဖဲ့ခြင်းကိုရှောင်ခြင်း။

တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ။်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Chilblains. http://www.mayoclinic.org/diseases-conditions/chilblains/home/ovc-20165478. Accessed August 14, 2017.
Chilblains. http://www.nhs.uk/conditions/chilblains/Pages/Introduction.aspx. Accessed August 14, 2017.
Chilblains: Causes, symptoms, and treatments. http://www.medicalnewstoday.com/articles/172191.php. Accessed August 14, 2017.
Chilblains. https://patient.info/health/chilblains. Accessed August 14, 2017.

ယခုပုံစံ

23/06/2022

Dr.Aye Myat Myat Noe မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှလုံးမကြီးအောင် ဘယ်လို ကာကွယ်ကြမလဲ !

နှလုံးကြီးနေရင် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!



Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement