
လူတိုင်းနီးပါး သွေးပေါင်ချိန်ဖူးကြပါတယ်။ သူကလုပ်ရတာလွယ်တယ်လေ။ အိမ်မှာ သွေးပေါင်ချိန်တဲ့ စက်လေးတစ်လုံးဝယ်ထား။ ကိုယ့်သွေးပေါင်ချိန်ဘယ်လောက်လဲသိချင်ရင် စက်လေးနဲ့ ချိန်ကြည့်လိုက်ရုံပဲ။ သွေးတိုး ရောဂါကိုလူတိုင်းက ကြောက်ကြတော့ သွေးပေါင်ဘယ်လောက်ရှိလဲ အမြဲတိုင်းကြည့်ချင်နေကြတဲ့သူချည်းပါပဲ။
ဒီနေရာမှာ အာလုံး အကြမ်းဖျင်းသိကြတာက ပုံမှန်သွေးပေါင်ချိန်ဆိုရင် အပေါ်သွေး ၁၂၀/ အောက်သွေး၈၀ ရှိရမယ်။ အပေါ်သွေး၁၄၀လောက်ရောက်နေပြီဆိုရင်သွေးတိုးနေပြီ အပေါ်သွေး၉၀ပဲရှိတယ်ဆိုရင်သွေးပေါင်ကျနေပြီဆိုပြီး သိကြပါတယ်။ ဒါက အကြမ်းဖျင်းလောက်ပဲ သိကြတာပါ ။ ကိုယ်က အိမ်မှာ သွေးပေါင်ချိန်စက်လေးဝယ်ထားပြီး တိုင်းလိုက်တဲ့အခါ အမြဲ ၁၂၀/၈၀ ကတော့ တန်းမနေဘူးလေ။ တစ်ခါတစ်လေ ၁၀၀/၇၀ ဖြစ် တစ်ခါတစ်လေ ၁၃၀/၉၀ ဖြစ်နေတတ်ပြန်ရော။ ဒီတော့ ကိုယ့်ကသွေးတိုးနေလား သွေးပေါင်ကျနေတာလား ရေရေရာရာ မသိတဲ့သူတွေရှိပါတတယ်။ ဒီလိုအချိန်မှာ သွေးပေါင်ချိန်စက်ကပြောနေတဲ့နံပါတ်တွေအကြောင်းပိုပြီး သိချင်မလားဘူးလား။ ။
Blood pressure
| – ၁၂၀/၈၀ mmHg ( အပေါ်သွေး ၁၂၀ အောက်သွေး ၈၀ ) | – ပုံမှန် သွေးပေါင်ချိန် |
| – ၁၂၀-၁၂၉ / ၈၀ mmHg ( အပေါ်သွေး ၁၂၀-၁၂၉ အောက်သွေး ၈၀) | – သွေးပေါင်တက်ချင်သလိုလို ဖြစ်နေ |
| – ၁၃၀-၁၃၉/၈၀-၈၉ mmHg ( အပေါ်သွေး ၁၃၀-၁၃၉ အောက်သွေး ၈၀-၈၉) | – သွေးတိုး အဆင့် ၁ |
| – ၁၄၀/၉၀ mmHg ( အပေါ်သွေး ၁၄၀ အောက်သွေး ၉၀ ) | – သွေးတိုး အဆင့် ၂ |
| – ၁၄၀-၁၆၀ / ၉၀-၁၁၀ ( အပေါ်သွေး ၁၄၀-၁၆၀ အောက်သွေး ၉၀-၁၁၀ ) | – သွေးတိုးအဆင့် ၃ |
| – >၁၈၀/ >၁၂၀ mmHg ( အပေါ်သွေး၁၈၀ ထက်များနေ အောက်သွေး ၁၂၀ ထက်ကျော်နေပြီဆိုရင်) | – သွေးတိုး အမြင့်ဆုံးအဆင့်) |
ခုပြောပြခဲ့တဲ့ ဇယားလေးကတော့သွေးတိုးဖြစ်နေပြီဆိုတဲ့အကြောင်း ကို သွေးပေါင်ချိန်စက်က နံပါတ်လေးတွေက ပြောပြပေးနေတာပါ။
သွေးပေါင်ကျ နေပြီဆိုရင်ရော – သွေးပေါင်ကျနေပြီဆိုရင်တော့ ချိန်လိုက်တဲ့အခါ အပေါ်သွေး ၉၀ ဝန်းကျင်ပဲ ရှိနေတတ်ပြီ းအောက်သွေးကတော့ ၆၀ ဝန်းကျင်လောက်ပဲ ရှိနေတတ်ပါတယ်။
ဒါတင်မဟုတ်သေးပါဘူး။ သွေးပေါင်ချိန်စက် နေပြီးတော့ ကိုယ့်ရဲ့ pulse pressure ကိုလည်း သိနိုင်ပါသေးတယ်။ pulse pressure ကိုလိုချင်ရင် systolic pressure ( အပေါ်သွေး) ထဲကနေ diastolic pressure ( အောက်သွေး) ကို နှုတ်လိုက်ရပါမယ်။
Pulse pressure ဆိုတာလည်း ပုံမှန်အတိုင်းမှာပဲ ရှိနေသင့်တဲ့အတွက်ကြောင့် narrow ဖြစ်တာရော wide ဖြစ်နေတာရော နှစ်ခုလုံး မကောင်းပါဘူး။
တစ်ချို့ သွေးပေါင်ချိန်စက်တွေမှာဆို အပေါ်သွေး အောက်သွေးအပြင် အောက်နားလေးမှာ နောက်ထပ် နံပါတ်လေးတစ်ခုကို တွေ့ရမှာပါ။ သူကတော့ သင့်နှလုံးရဲ့ နှလုံးခုန်သံကိုဖော်ပြပေးနေတဲ့ နံပါတ်လေးပဲ ဖြစ်ပါတယ်။
ဒါတွေကတော့ ကိုယ့်အိမ်မှာဆောင်ထားတဲ့ သွေးပေါင်တိုင်းစက်လေးကနေ ပြောပြပေးနိုင်တဲ့ကျန်းမာရေးအခြေအနေတွေပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သွေးပေါင်တိုင်းစက်လေးတွေက ပြောပြတဲ့ နံပါတ်လေးကိုသိထားတော့ မမှားဘူးပေါ့ ။ ။