backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သွေးတိုးရောဂါ အမျိုးအစားများ၊ လက္ခဏာများနှင့် ကုသပုံနည်းလမ်းများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွေးတိုးရောဂါ အမျိုးအစားများ၊ လက္ခဏာများနှင့် ကုသပုံနည်းလမ်းများ

သွေးတိုးရောဂါ ဆိုတာဘာလဲ။

သွေးတိုးရောဂါဟာ သွေးဖြတ်သန်းစီးဆင်းတဲ့ သွေးလွှတ်ကြောတွေဟာ ပုံမှန် ဖိအားထက်များနေတဲ့ သွေးပေါင်တက်တဲ့ အခြေအနေကို ခေါ်တာ ဖြစ်ပါတယ်။ သွေးပေါင်ဟာ ရက်သတ္တပတ် အတော်များများ အမြဲတမ်း ၁၄၀၊ ၉၀ ကျော်နေမယ်ဆိုရင် သွေးတိုးလို့ခေါ်ပါတယ်။ သွေးလွှတ်ကြောနံရံကို ဆန့်ကျင်တဲ့ သွေးတွေရဲ့ အားဟာ ပုံမှန်ထက်ကျော်နေတယ်ဆိုရင် သွေးတိုးလို့ခေါ်ပါတယ်။ ရောဂါလက္ခဏာတွေ မရှိပဲနဲ့ ရေရှည်မှာဆိုရင် သူဟာ ကျန်းမာရေး ပြဿနာတွေ ဖြစ်တဲ့ နှလုံးရပ်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကိုပါ ဖြစ်စေနိုင်ပါတယ်။

သွေးတိုးဟာ အတော်အဖြစ်များပါတယ်။ ဒါပေမယ့် သွေးတိုးရှိသူတွေဟာ နှစ်ပေါင်းများစွာ ဘာလက္ခဏာမှ မပြတာလဲ ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေ မရှိပဲတောင်မှ သူဟာ သွေးလွှတ်ကြောတွေ သွေးကြောတွေကို ထိခိုက်နိုင်ပါတယ်။

သွေးပေါင်တက်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။

သွေးတိုးရှိတဲ့ လူအများစုဟာ သူတို့ အန္တရာယ်ရှိနေရင်တောင်မှ ဘာလက္ခဏာမှ မပြတတ်ပါဘူး။

အချို့သူတွေမှာသာ ခေါင်းကိုက်ခြင်း၊ မောခြင်းနဲ့ နှာခေါင်းသွေးယိုခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေဟာ တိတိကျကျမဟုတ်ပဲ သွေးပေါင်အရမ်းတက်ချိန် (သို့) အသက်အန္တရာယ် မစိုးရိမ်ရမချင်း မပြတတ်ပါဘူး။

သွေးတိုးရောဂါ လက္ခဏာ တွေကတော့-

• ခေါင်းကိုက်ခြင်း

• မောခြင်း

• နှာခေါင်းသွေးယိုခြင်း

• သွေးရောင်ဖြန်းခြင်း

• ခေါင်းမူးခြင်း

• ရင်ဘတ်အောင့်ခြင်း

• အမြင်အာရုံပြောင်းလဲခြင်းနဲ့

• ဆီးထဲ သွေးပါခြင်း တို့ ဖြစ်ပါတယ်။

လူအများစုဟာ ဆရာဝန်နဲ့ သွားပြီး စစ်ဆေးမှုပြုချိန်မှာ ဒီအခြေအနေကို သိရှိတာဖြစ်ပါတယ်။ တစ်ကိုယ်လုံးကို စမ်းသပ်စစ်ဆေးခြင်းဟာ သင့်ကို ရောဂါဖြစ်စေတဲ့အချက်တွေကို စောစောနဲ့ မှန်မှန် သိစေနိုင်ပါတယ်။

သွေးတိုးရှိမရှိ သိဖို့ကတော့ ပုံမှန်သွေးပေါင်ချိန်ခြင်းဟာ အကောင်းဆုံးနည်းဖြစ်ပါတယ်။ အိမ်မှာ ကိုယ်တိုင် သွေးပေါင်ချိန်နိုင်ပြီး ဆေးရုံမှာလည်း ပုံမှန် သွားရောက်စစ်ဆေးနိုင်ပါတယ်။

သွေးတိုးရောဂါ အမျိုးအစားများ

သွေးတိုးရောဂါ နှစ်မျိုးရှိပြီး တစ်မျိုးစီမှာ ဖြစ်စေတဲ့ အကြောင်းရင်း တစ်ခုစီရှိပါတယ်။

ပထမအဆင့် သွေးတိုးခြင်း

ပထမအဆင့်သွေးတိုးခြင်းကို essential hypertension လို့လည်းခေါ်ပါတယ်။ သူ့မှာဖြစ်စေတဲ့ အကြောင်းရင်း မရှိပါဘူး။ သူဟာ မိသားစုမျိုးရိုးလိုက်တာ ဖြစ်နိုင်ပါတယ်။ အောက်ပါအချက်တွေတော့ ပေါင်းစပ်ပါဝင်နိုင်ပါတယ်။

• မျိုးရိုးဗီဇ

• ကိုယ်ခန္ဓါ ပြောင်းလဲမှု

• ပတ်ဝန်းကျင်

ဒုတိယအဆင့် သွေးတိုးခြင်း

ဒုတိယအဆင့် သွေးတိုးခြင်းဟာ အခြားရောဂါ အခြေအနေတွေနဲ့ ဆေးတွေရဲ့ အကျိုးဆက်ကြောင့် ဖြစ်တာ ဖြစ်နိုင်ပါတယ်။

ဒုတိယအဆင့် သွေးတိုးခြင်းဟာ ပထမအဆင့် သွေးတိုးခြင်းထက် ပိုမိုပြင်းထန်ပါတယ်။

သူ့ကို ဖြစ်စေတဲ့ ရောဂါတွေကတော့

• ကျောက်ကပ်ရောဂါ

• မွေးရာပါ နှလုံးရောဂါ

• သိုင်းရွိုက် ပြဿနာများ

• ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ

• တရားမဝင်တဲ့ ဆေးတွေသုံးစွဲခြင်း တွေပဲ ဖြစ်ပါတယ်။

သွေးတိုးကုသမှု

ကိုယ်ခန္ဓါ အခြေအနေပေါ်မူတည်ပြီး ဆရာဝန်က ဆေး၊ လူမှုဘဝ နေထိုင်ပုံနဲ့ အခြား လှုပ်ရှားမှုတွေပါဝင်တဲ့ ကုသမှု အစီအစဉ်ကို အကြံပေးနိုင်ပါတယ်။ ရည်ရွယ်ချက်ကတော့ သွေးပေါင်ကို ကျအောင် ထိန်းထားပေးဖို့ ဖြစ်ပါတယ်။

လူနေမှုဘဝ ပုံစံ ပြောင်းလဲမှုများ

ကျန်းမာတဲ့ လူမှုဘဝ နေပုံဟာ သွေးပေါင်တက်ခြင်းကို ကာကွယ်နိုင်ပါတယ်။ သွေးပေါင်ထိန်းပေးနိုင်တဲ့ အလေ့အကျင့်တွေကတော့

• ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားခြင်း

• လှုပ်လှုပ်ရှားရှား ရှိခြင်း

• အရက်အလွန်သောက်ခြင်းမှ ရှောင်ကျဉ်ခြင်း

• ဆေးလိပ်ဖြတ်ခြင်း (သို့) ဆေးလိပ်ငွေ့ရှူရှိုက်မှုက ကာကွယ်ခြင်း

• စိတ်ဖိစီးမှု ထိန်းချုပ်ခြင်း

• မိသားစုနဲ့ သူငယ်ချင်းတို့ထံမှ ထောက်ခံမှုရခြင်း တွေပဲဖြစ်ပါတယ်။

သွေးတိုးဆေးများ

သင့်အတွက် သင့်တော်တဲ့ ဆေးကို မတွေ့မချင်း မတူညီတဲ့ ဆေးတွေကို စမ်းသပ်ကြည့်ဖို့ လိုနိုင်ပါတယ်။

သွေးတိုးဆေးတွေကတော့

Beta-blockers – ဒီဆေးတွေဟာ နှလုံးခုန်နှုန်းကို နှေးကွေးစေပြီးတော့ အားလျော့စေပါတယ်။ ဒါဟာ သွေးကြောထဲကို ညှစ်ထုတ်ပေးလိုက်တဲ့ သွေးပမာဏကို နည်းစေပြီးတော့ သွေးပေါင် ကျဆင်းစေပါတယ်။

ဆီးဆေး – ဆိုဒီယမ်နဲ့ အရည်တွေ ကိုယ်ခန္ဓါထဲမှာ များခြင်းဟာ သွေးပေါင် တက်စေနိုင်ပါတယ်။ ဆီးဆေးတွေဟာ ကျောက်ကပ်ကို ပိုနေတဲ့ ဆိုဒီယမ်တွေ ကိုယ်ခန္ဓါက စွန့်ထုတ်ဖို့ စေခိုင်းပါတယ်။ ဆိုဒီယမ် ပမာဏ ကျဆင်းသွားတာကြောင့် ကိုယ်ခန္ဓါထဲက အရည်ပမာဏလည်း ကျဆင်းသွားပြီး သွေးပေါင်ကျဆင်း စေပါတယ်။

Angiotensin II receptor blockers (ARBs) – ACEI တွေ ဟာ angiotensin တွေကို သူ့ receptor တွေနဲ့ ပေါင်းစည်းခြင်းကို တားမြစ်ပါတယ်။ ဒီ angiotensin မရှိရင် သွေးကြောတွေဟာ မတင်းတောပဲ လျော့လာပြီး သွေးပေါင်ကျဆင်းစေပါတယ်။

Calcium channel blockers – ပိုနေတဲ့ ကယ်လ်ဆီယမ်တွေဟာ ပြင်းထန်တဲ့ နှလုံးခုန်နှုန်းကို ဖြစ်စေပါတယ်။ ကယ်လ်ဆီယမ်တွေ နည်းသွားရင် နှလုံးခုန်တဲ့အားလည်း နည်းသွားပါတယ်။ ဒါဟာ သွေးပေါင်ကျစေပြီး သွေးကြောတွေကို လျှော့စေပါတယ်။

Alpha-2 agonists – ဒီဆေးတွေဟာ သွေးကြောတွေကို တင်းစေတဲ့ အာရုံကြောတွေရဲ့ နှိုးဆွမှုတွေကို နှေးကွေးစေပါတယ်။ ဒါဟာ ကြွက်သားတွေကို လျှော့စေပြီး သွေးပေါင်ကျစေပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement