brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသည်းမှထုတ်သော CRP ပရိုတင်း နှင့် နှလုံး ဆက်နွယ်မှုအကြောင်း

C-reactive protein(CRP)သည် အသည်းမှထုတ်သည့် အရာတစ်ခုဖြစ်သည်။ ၎င်းသည် ပရိုတင်းဖြစ်ကာ နှလုံးရပ်ခြင်းနှင့် လေဖြတ်ခြင်းတို့အတွက် ဖြစ်နိုင်ချေ အချက်ပြ တစ်ခုအဖြစ် ယူဆထားပါသည်။ CRPကို ထိခိုက်မှု(သို့) ရောဂါပိုးဝင်ခြင်းကြောင့် ရောင်ရမ်းခြင်းများဖြစ်ရာတွင် တွေ့ရှိနိုင်ပါသည်။ လတ်တလောလေ့လာမှုများတွင် CRP ပရိုတင်း ကို နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ ဥပမာ ကျန်းမာနေသော်လည်း ရောဂါဖြစ်နိုင်ချေအန ္တရာယ် များရှိသည့် သူများတွင် ရုတ်တရက် နှလုံးဖောက်ခြင်းကို ကြိုတင်ခန့်မှန်းရာတွင် သုံးနိုင်သည်။

အသည်းမှထုတ်သော CRP ပရိုတင်း နှင့် နှလုံး ဆက်နွယ်မှုအကြောင်း

အကယ်၍သင်သည် နှလုံးရောဂါ(သို့) ရောင်ရမ်းမှုဖြစ်စေနိုင်သော ဗိုင်းရပ်စ်ပိုး(သို့) ဆီးပိုးဝင်းခြင်းတို့ လတ်တလောကြုံတွေ့ရလျှင်

သင့်ဆရာဝန်မှ သင်၏CRP ပမာဏကို စစ်ရန် အကြံပြုလိမ့်မည်။ CRP သည် ထိခိုက်မှု(သို့) ရောဂါပိုးတို့ကြောင့် ရသော ရောင်ရမ်းမှုတွင် တွေ့ရှိနိုင်သည်။

• အဆုတ်ရောင်ရောဂါ

• ရေယုန်

• ကလက်မိုင်ဒီးယားပိုး (chlamydia)

• တုပ်ကွေးနှင့်ဆင်တူသော ဗိုင်းရပ်(စ်)ပိုးတို့ဖြစ်သည်။

ရိုးရိုးသွေးဖောက်ခြင်းဖြင့် CRP ပမာဏ နှင့် ကိုလက်စထရော ကို တိုင်းနိုင်သည်။ လူတစ်ဦး၏နှလုံးဖောက်ခြင်းနှင့် လေဖြတ်ခြင်းဖြစ်ပွားနိုင်ချေနှုန်းကို ခန့်မှန်းရာတွင် homocysteine စစ်ဆေး နည်းက ပို၍တိကျပါသည်။

နှလုံးရောဂါအတွက် ဖြစ်နိုင်ချေတစ်ခုအနေဖြင့် CRP ပမာဏကို စစ်ရာတွင် high sensitivity CRP assay(hs-CRP)ကို ထောက်ခံကြပါသည်။ အကြောင်းမှာ ဤနည်းသည် ရောင်ရမ်းမှုကို ရှာဖွေရာတွင် CRP ၏ အရင်နည်းများထက်ပို၍ တိကျသောကြောင့်ဖြစ်သည်။ hs-CRP အတွက် အကောင်းဆုံးရှိသင့်သော အတိုင်းအတာမှာ 1mg/L အောက် ဖြစ်သည်။ 1.0နှင့် 3.0mg/L အကြားအတိုင်းအတာမှာ ပျမ်းမျှဖြစ်နိုင်ချေ နှုန်းကိုညွှန်ပြကာ 3.0mg/L အထက်သည် မြင့်မားသော ဖြစ်နိုင်ချေကို ညွှန်ပြသည်။ ကံကောင်းစွာဖြင့် ကိုလက်စထရောနှင့် CRP အတွက် သွေးစစ်မှုကို တူညီသော သွေးဖောက်နည်း တစ်ကြိမ်တည်းဖြင့် ပြုလုပ်နိုင်သည်။

ဘာတွေက CRP ပမာဏ ကို တက်စေသလဲ။

လူသိများသော နှလုံးရောဂါ ဖြစ်နိုင်ချေ မြင့်စေသည့် အရာများသည် CRP ပမာဏ ကိုတက်စေသည်။ လတ်တလောတင်ပို့မှု၏ အဖြေများအရ ထိုဖြစ်နိုင်ချေများမှာ

• ဆေးလိပ်သောက်ခြင်း

• သွေးတိုးခြင်း

• ကိုယ်အလေးချိန်များခြင်း

• လေ့ကျင့်ခန်းမလုပ်ခြင်းတို့ဖြစ်သည်။

မျိုးရိုးဗီဇသည်လည်း အရေးကြီးသောကဏ္ဍမှ ပါဝင်သည်။ အကယ်၍ သင့်မိဘများ(သို့) နီးစပ်ရာတွင် ဆွေမျိုးများတွင် CRP ပမာဏ မြင့်နေပါက သင်သည်လည်းဤပြဿနာကို ပို၍ကြုံတွေ့နိုင်ပါသည်။

အချုပ်အားဖြင့်ဆိုသော် CRP ပရိုတင်း သည် နှလုံးရောဂါဖြစ်နိုင်ချေကို ခန့်မှန်းရာတွင် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သည်။ နှလုံးရောဂါလူနာများတွင် CRP ပမာဏ နှင့် ၎င်း၏စမ်းသပမှု အကြောင်းကို ပြည့်ပြည့်စုံစုံသိရှိရန် လိုအပ်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။