backup og meta

ကလေးတွင် မွေးရာပါ နှလုံးရောဂါရှိခဲ့လျှင် မေးလေ့မေးထရှိသော မေးခွန်းများ

မွေးရာပါ နှလုံးရောဂါ ဖြစ်ခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါတစ်မျိုး ဖြစ်ပါသည်။ မွေးရာပါ ဟူသည့်သဘောမှာ မွေးစဉ်အခါကတည်းက ပါလာသောရောဂါကို ဆိုလိုပါသည်။ မွေးရာပါ နှလုံးရောဂါသည် မွေးကတည်းက ပုံမှန်နှလုံး၏ လုပ်ငန်းစဉ်ကို ထိခိုက်နိုင်သည့် အခြေအနေ ဖြစ်ပါသည်။ အောက်ဖော်ပြပါ မေးခွန်းများသည် မေးလေ့မေးထရှိသော မေးခွန်းများ ဖြစ်ပါသည်။

ကလေးတွင် မွေးရာပါ နှလုံးရောဂါရှိခဲ့လျှင် မေးလေ့မေးထရှိသော မေးခွန်းများ

မွေးရာပါ နှလုံးရောဂါသည် အဘယ်ကြောင့် ဖြစ်လာသနည်း။

အများအားဖြင့် မွေးရာပါ နှလုံးရောဂါဖြစ်သော အကြောင်းအရာကို ရှာမတွေ့ပါ။ သို့သော် ဖြစ်နိုင်ခြေများသော အချက်များ ရှိပါသည်။

• မိခင်တွင် ဝက်သက်စသော ရောဂါ ကိုယ်ဝန်ဆောင်စဉ်တွင် ရှိနေလျှင်

• မိခင်တွင် ဆီးချိုရောဂါရှိလျှင်

• ဒေါင်းရောဂါ ဟုခေါ်သော ကလေး၏ ဦးနှောက်နှင့် ခန္ဓာဖွံဖြိုးမှု နှောင့်နှေးသည့် ရောဂါရှိလျှင်

• တခြား ခရိုမိုဇုန်းဓါတ်များ လိုအပ်သော ရောဂါဖြစ်လျှင် နှလုံးရောဂါဖြစ်နိုင်ခြေ များပြားပါသည်။

မွေးရာပါနှလုံးရောဂါ အများစုမှာ ကလေးမမွေးခင် အချိန်ကတည်းကစ၍ အာထရာဆောင်းနှင့် စစ်ဆေးနိုင်ပါသည်။ သို့သော် အမြဲတမ်းတော့ မစစ်ဆေးနိုင်ပါ။

မွေးရာပါ နှလုံးရောဂါ အမျိုးအစားများမှာ အဘယ်နည်း။

မွေးရာပါ နှလုံးရောဂါ အမျိုးအစားများစွာ ရှိပါသည်။ တစ်ခါတရံ တွဲ၍ပင်ဖြစ်နိုင်ပါသည်။

• နှလုံးတွင် အပေါက်ဖြစ်ခြင်း၊ နှလုံးအကန့် နှစ်ကန့်ကြားတွင် အတားအဆီး မရှိ၍ အပေါက်ဖြစ်သောကြောင့် ဖြစ်နိုင်ပါသည်။

• ပင်မသွေးကြောကြီး သေးသွယ်နေခြင်း

• သွေးလွှတ်ကြောကြီး နေရာပြောင်းနေခြင်း

• အဆုတ်ထဲသို့သွားသည့် သွေးလွှတ်ကြောအဆို့ရှင် ကျဉ်းနေခြင်း – ထို့ကြောင့် သွေးသည် ညာဘက်နှလုံးခန်းသို့ သွေးလုံလောက်စွာ မရရှိနိုင်ခြင်းတို့ ဖြစ်ပါသည်။

မွေးရာပါ နှလုံးရောဂါ၏ ရောဂါလက္ခဏာများမှာ အဘယ်နည်း။

• အသက်ရှူမြန်ခြင်း

• နှလုံးခုန်မြန်ခြင်း

• အသားပြာခြင်း

• ချွေးထွက်များခြင်း

• အလွန်အမင်း ပင်ပန်းခြင်းနှင့် နုံးခြင်း

• ကလေးကို အစာကျွေးသည့် အချိန်များတွင် အသက်ရှူမြန်၍ မောခြင်းတို့ ဖြစ်ပါသည်။

ထိုလက္ခဏာများသည် မွေးမွေးပြီးချင်း သတိထားမိပါသည်။ အနည်းငယ်သော ချို့ယွင်းမှုများမှာ ဘဝတစ်လျှောက်လုံး လက္ခဏာမပေါ်ပေါက်နိုင်ပါ။ ရောဂါရှိမှန်းတောင် မသိလိုက်ပါ။

မွေးရာပါ နှလုံးရောဂါသည် ကုသနိုင်ပါသလား။

မည်မျှ အခြေအနေ ဆိုးရွားသည်ကို ကြည့်၍ ကုသ၍ ရ၊ မရ ဆုံးဖြတ်ရပါမည်။ အနည်းငယ်သာ ချို့ယွင်းချက်ရှိလျှင်၊ ဥပမာ နှလုံးအပေါက်ငယ် ဖြစ်ခြင်းတွင် ကုသရန် မလိုပါ။ သူ့ဟာသူ ပျောက်ကင်းနိုင်ပါသည်။ အပေါက်ကြီးလျှင် ခွဲစိတ်ရန်နှင့် ပစ္စည်းအစားထိုး ကုသရန် လိုအပ်ပါသည်။ ယခု တိုးတက်လာသော နည်းပညာများသည် နှလုံးကို ပုံမှန်ဖြစ်အောင် ပြန်လည်ပြုပြင်နိုင်ပါသည်။ ကုသမှု၏ ၈၀ ရာခိုင်နှုန်းသည် အကောင်းအတိုင်း ပြန်လည်ဖြစ်နိုင်ပါသည်။

သို့သော် ရှုပ်ထွေးသော နှလုံးရောဂါ အမျိုးအစားများတွင် တစ်သက်လုံး ကုသရမည့် အခြေအနေမျိုးလည်း ရှိပါသည်။ ကြီးလာသည်အထိ နှလုံးရောဂါ အထူးကုများနှင့် ကုသရလေ့ ရှိပါသည်။ ပို၍ ဆိုးရွားသော အခြေအနေများတွင် သက်ဆိုး မရှည်နိုင်ပါ။ ထို့ကြောင့် နှလုံးရောဂါရှိသော ကလေးများ၏ မိဘများမှာ နှလုံးအထူးကုများနှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

မွေးရာပါ နှလုံးရောဂါရှိသော ကလေးများအဖို့ ထိုရောဂါကို အလွန်ပင် ထိတ်လန့် စိုးရွံ့နေပါလိမ့်မည်။ သို့သော် ထိုရောဂါမှာ ဖြစ်လေ့ရှိသော ရောဂါဖြစ်ပြီး စမ်းသပ်ချက်များဖြင့် ချို့ယွင်းချက်နေရာများကို ဖော်ထုတ်နိုင်ပါသည်။ သို့သော် ၁၀၀ ရာခိုင်နှုန်းတော့ အာမခံချက် မပေးနိုင်ပါ။ သို့သော် နှလုံးရောဂါရှင် ကလေးအများစုမှာ ပျော်ပျော်ရွှင်ရွှင်နှင့် ဘဝကို ဖြတ်သန်းသွားနိုင်ပါသည်။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Congenital Heart Disease. http://www.webmd.com/heart-disease/congenital-heart-disease#1. Accessed January 21st, 2017.

What Are Congenital Heart Defects?. https://www.nhlbi.nih.gov/health/health-topics/topics/chd. Accessed January 21st, 2017.

Congenital Heart Defects. http://www.heart.org/HEARTORG/Conditions/CongenitalHeartDefects/Congenital-Heart-Defects_UCM_001090_SubHomePage.jsp. Accessed January 21st, 2017.

ယခုပုံစံ

16/02/2022

Dr. Zin Thu Thu Win မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှလုံးကြီးနေရင် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!

နှလုံးသွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ!


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Zin Thu Thu Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/02/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ