backup og meta

နှလုံးအစားထိုးကုသခြင်း။ သင်သိသင့်သော အသေးစိတ်အချက်အလက်များ။

နှလုံးအစားထိုးကုသခြင်း။ သင်သိသင့်သော အသေးစိတ်အချက်အလက်များ။

နှလုံးအစားထိုးခြင်းဆိုသည်မှာ ခွဲစိတ်ဆရာဝန်များမှ ရောဂါဖြစ်သည့်နှလုံးကိုဖယ်ကာ ကိုယ်တွင်းအင်္ဂါလှူဒါန်းသူဆီမှ ကျန်းမာသော နှလုံးနှင့် အစားထိုးသည့် နည်းလမ်းတစ်ခုဖြစ်သည်။

အရေးကြီးသည်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ၂ယောက်နှင့် အထက်မှ ကိုယ်တွင်းအင်္ဂါလှူဒါန်းသူသည် ဦးနှောက်သေဆုံးပြီဟု တရားဝင်ကြေညာပြီးမှသာ နှလုံးကို ဖယ်ရှားရမည်ကိုသိထားရမည်။

ဘာကြောင့်ကျွန်ုပ် နှလုံးအစားထိုးဖို့လိုအပ်တာလဲ။

သင့်နှလုံး အလုပ်မလုပ်လျှင်(သို့) အခြားကုသမှုများမထိရောက်လျှင် ဆရာဝန်မှ နှလုံးအစားထိုးခြင်းကိုထောက်ခံပေးနိုင်ပါသည်။ နောက်ဆုံးအဆင့် နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း (heart failure) သည် နှလုံးကြွက်သားမှ ခန္ဓါကိုယ် တစ်လျှောက်ကို သွေးမညှစ်ပေးနိုင်ခြင်းဖြစ်သည်။

ဤအဆင့်တွင် အခြားကုသမှုများ အလုပ်မလုပ်တော့ဟု ဆိုလိုခြင်းမဟုတ်ပါ။

နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း၏ အကြောင်းရင်းများ

နှလုံးစွမ်းဆောင်ရည်ကျဆင်း (heart failure) စေသော အကြောင်းရင်းများတွင် နှလုံးကြွက်သားကို ဗိုင်းရပ်စ် ပိုးဝင်ခြင်း၊ နှလုံးဖောက်ခြင်းတို့ ပါဝင်သည်။ နှလုံးရောဂါဖြစ်သည့် သွေးတိုးခြင်း၊ နှလုံးအဆို့ရှင်ရောဂါ၊ မွေးရာပါနှလုံးချို့ယွင်းခြင်းနှင့် နှလုံးခုန်မမှန်ခြင်းတို့က ဤအခြေအနေကိုဖြစ်စေသည်။

နှလုံးရောဂါမဟုတ်ဘဲ အခြားအကြောင်းများမှာ အဆုတ်တွင်သွေးပေါင်ချိန်များခြင်း(pulmonary hypertension)၊ အရက်သောက်ခြင်း(သို့) ဆေးစွဲခြင်း၊ နာတာရှည် အဆုတ်လမ်းကြောင်း ကျဉ်းမြောင်းပိတ်ဆို့ရောဂါ(COPD)၊ သွေးနီဥနည်းခြင်း တို့ဖြစ်သည်။

နှလုံးအစားထိုးခြင်း၏ ဆိုးကျိုးတွေက ဘာတွေလဲ။

အခြားခွဲစိတ်မှုကဲ့သို့ပင် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်ပွားနိုင်သည်။ နှလုံးအစားထိုးခြင်း၏ ဖြစ်နိုင်သော ဆိုးကျိုးများမှာ ပိုးဝင်ခြင်း၊ ခွဲစိတ်နေစဉ်နှင့် ခွဲစိတ်ပြီးသွေးထွက်လွန်ခြင်း၊ နှလုံးရပ်ခြင်းဖြစ်စေသည့် သွေးခဲခြင်း၊ လေဖြတ်ခြင်း(သို့) အဆုတ်ပြဿနာများဖြစ်သည်။

အချို့လူနာများတွင် အသက်ရှူခြင်းဆိုင်ရာ ပြဿနာများ၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးသွေးကြောအစားထိုးခြင်းကြောင့်ဖြစ်သည့် သွေးကြောဆိုင်ရာပြဿနာ (သို့) သေဆုံးသည်အထိဖြစ်နိုင်သည်။

အန္တရာယ်အရှိဆုံးမှာ သင့်ခန္ဓါကိုယ်၏ ခုခံအားစနစ်မှ နှလုံးအသစ်ကို ပယ်ချနိုင်ပါသည်။ နှလုံးအသစ်ရသည့်အခါ သင့်ခုခံအားစနစ်မှ ပြင်ပ ပစ္စည်းအဖြစ်သတ်မှတ်ကာ တိုက်ခိုက်နိုင်ပါသည်။ ဤအင်္ဂါကိုခန္ဓါကိုယ် အသစ်တွင်ရှင်သန်ရန် ဆေးဝါးများ သောက်ရမည်။ ဆေးဝါးများမှ ခုခံအားစနစ်၏ အလုပ်ကိုလျှော့ချပြီး အစားထိုးခြင်းကိုလက်ခံအောင် လုပ်ပေးပါသည်။

ကံမကောင်းစွာဖြင့် ဤဆေးဝါးများတွင်လည်း ဘေးထွက်ဆိုးကျိုးများရှိသည်။ ဆိုးကျိုးများတွင် လတ်တလော(သို့)ထပ်ခါထပ်ခါ ရောဂါပိုးဝင်ခြင်း၊ သွေးလည်ပတ်မှုအား မကောင်းခြင်းတို့ ပါဝင်သည်။

ထို့အပြင် အချို့လူနာများတွင် ခွဲစိတ်မှု ဒဏ်ကို မခံနိုင်သည့် ရောဂါများရှိနိုင်သည့်အပြင် အစားထိုးပြီးနောက် ပိုကောင်းမလာနိုင်သည့် ကျန်းမာရေးပြဿနာများခံစားရနိုင်သည်။

ကျန်းမာရေးအခြေအနေပေါ်လိုက်၍ အခြားဆိုးကျိုးများလည်းရှိပါသည်။ ထို့ကြောင့် ခွဲစိတ်မှု မလုပ်ခင် ဆရာဝန်နှင့် ရောဂါအကြောင်း သေချာဆွေးနွေးရန် အရေးကြီးပါသည်။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Heart Transplant. http://www.webmd.com/heart-disease/heart- transplant-15646.
Assessed January 26, 2017.

Heart Transplant.
http://www.hopkinsmedicine.org/healthlibrary/test_procedures/cardiovascular/heart_tra
nsplant_92,P07974/. Assessed January 26, 2017.

ယခုပုံစံ

12/05/2020

Dr. Kaung Thar မှ ရေးသားသည်။

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှလုံးမကြီးအောင် ဘယ်လို ကာကွယ်ကြမလဲ !

နှလုံးကြီးနေရင် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!



Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement