backup og meta

Supraventricular Tachycardia (နှလုံးခုန်မြန်သော ပြဿနာတစ်မျိုး)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Supraventricular Tachycardia (နှလုံးခုန်မြန်သော ပြဿနာတစ်မျိုး) ကဘာလဲ။

supraventricular tachycardia ဆိုသည်မှာ နှလုံးခုန်အရမ်းမြန်သည့်အခါ နှလုံးနေရာအားလုံးကို သွေးကောင်းစွာ မလည်ပတ် မရောက်ရှိနိုင်ခြင်း ဖြစ်သည်။ နှလုံးသည် ပုံမှန်အားဖြင့် တစ်မိနစ်လျှင် အချက် ၆၀ မှ ၁၀၀ အထိခုန်လေ့ရှိသည်။

သို့သော် supraventricular tachycardia ဖြစ်လျှင် နှလုံးခုန်နှုန်းသည် ၁၅၀ မှ ၂၅၀ အထိရောက်နိုင်သည်။ supraventricular tachycardia အမျိုးအစားများ များစွာရှိသည့်အနက် chronic atrial fibrillation (AFIB)၊ paroxysmal sinus tachycardia၊ atrioventricular nodal reentry tachycardia (AVNRT) နှင့် atrioventricular reciprocating tachycardia (AVRT)၊ Wolff-Parkinson-White syndrome တို့ပါဝင်သည်။

သင့်တွင် supraventricular tachycardia ရှိသည်ဟု ထင်လျှင် ဆေးကုသမှု ချက်ချင်းရယူသင့်ပါသည်။

Supraventricular Tachycardia (နှလုံးခုန်မြန်သော ပြဿနာတစ်မျိုး) က ဘယ်လောက်အဖြစ်များသလဲ

supraventricular tachycardia သည် အမျိုးသားများနှင့် အမျိုးသမီးများ အားလုံးတွင် ဖြစ်နိုင်သည်။ သို့သော် အမျိုးသမီးများတွင် ပို၍ ဖြစ်ပွားနိုင်သည်။ supraventricular tachycardia သည် ကလေးငယ်များတွင် အဖြစ်အများဆုံးဖြစ်သော နှလုံးခုန်မမှန်ခြင်း ဖြစ်သည်။

ဖြစ်ပွားနိုင်ချေများသော အကြောင်းရင်းများကို လျော့ချခြင်းဖြင့် supraventricular tachycardia ဖြစ်ပွားခြင်းကို လျော့ချနိုင်သည်။ ပိုမို၍ သိရှိနိုင်ရန်သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Supraventricular Tachycardia (နှလုံးခုန်မြန်သော ပြဿနာတစ်မျိုး) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်အများဆုံးမှာ ရင်တုန်ခြင်းနှင့် နှလုံးခုန်နှုန်း မြန်ခြင်းဖြစ်သည်။

အခြားလက္ခဏာများတွင် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ မိုက်ခနဲဖြစ်ခြင်း၊ နှလုံးအောင့်ခြင်း၊ မောပန်းခြင်း၊ ချွေးပြန်ခြင်း၊ နှင့် ပျို့အန်ခြင်း များပါဝင်သည်။ လက္ခဏာများသည် အချိန်တိုအတွင်း ပေါ်လာပြီး ပြန်ပျောက်သွားနိုင်ပါသည်။

အချို့လူများတွင် အထက်ပါ လက္ခဏာများတစ်ခုမှ မတွေ့ကြုံရသည်လည်း ဖြစ်နိုင်ပါသည်။ အချို့သော ပြင်းထန်သော အခြေအနေများတွင် လူနာများ သတိလစ်သည်အထိ ဖြစ်နိုင်ပါသည်။

အထက်တွင် ဖော်ပြထားသည့်အထဲတွင် မပါဝင်သော အခြားသောရောဂါလက္ခဏာများလည်း ရှိနိုင်ပါသည်။ ပိုမိုသိရှိနိုင်ရန် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်တွင် အထက်ပါလက္ခဏာများတွေ့ပါက ဆေးရုံသို့ချက်ချင်းတက်ရန်လိုအပ်ပါသည်။ လူတစ်ယောက်ချင်းစီသည် ခန္ဓါကိုယ်တုံ့ပြန်မှု မတူညီသည့်အတွက် သင့်အတွက် အကောင်းဆုံးဖြစ်နိုင်မည့် နည်းလမ်းကို ရှာရန်သင်၏ ဆရာဝန်နှင့် ပြသဆွေးနွေးပါ။

အကြောင်းရင်းများ

Supraventricular Tachycardia (နှလုံးခုန်မြန်သော ပြဿနာတစ်မျိုး) ကိုဘာတွေကဖြစ်စေသလဲ

ပုံမှန်အားဖြင့် နှလုံး၏ sinoatrial (SA) node မှစတင်သော လျှပ်စစ်အချက်ပြမှုများသည် နှလုံးအပေါ်အခန်းများ ကျုံ့ခြင်းကို ဖြစ်စေသည်။ ထို့နောက် နှလုံးအောက်အခန်းများကို ကျုံ့စေသည်။ supraventricular tachycardia သည် နှလုံးတွင် လျှပ်စစ်အချက်ပြမှု အပိုများဖြစ်ပေါ်သောကြောင့် နှလုံးပိုခုန်လာသောအခါတွင် ဖြစ်ပေါ်လာသည်။

supraventricular tachycardia ဖြစ်စေသော အကြောင်းရင်းများတွင် အောက်ပါအချက်များပါဝင်သည်။

• digoxin, theophylline ကဲ့သို့သော ဆေးဝါးများ

• ရေတာရှည် အဆုတ်လမ်းကြောင်းများ ပိတ်သောရောဂါ ကဲ့သို့သော အဆုတ်ရောဂါများ

• အရက်၊ ကဖင်းဓါတ်၊ ဥပဒေအရပိတ်ပင်ထားသော ဆေးဝါးများ၊ နှင့် ဆေးလိပ်သောက်ခြင်း များသည် supraventricular tachycardia ကို ဖြစ်နိုင်ချေပိုများစေသည်။

supraventricular tachycardia အမျိုးအစား တစ်ခု ဖြစ်သော Wolff-Parkinson-White (WPW) syndrome သည် မျိုးရိုးဗီဇအရ ဖြစ်ပွားနိုင်သည်။

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

Supraventricular Tachycardia (နှလုံးခုန်မြန်သော ပြဿနာတစ်မျိုး) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

ဤရောဂါကို ပို၍ဖြစ်စေနိုင်သော အကြောင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • နှလုံးတစ်သျှူးများထိခိုက်ခြင်း။
  • မွေးရာပါနှလုံးရောဂါ။
  • သွေးအားနည်းခြင်း။
  • သွေးတိုးခြင်း။
  • အပြင်းအထန်လေ့ကျင့်ခန်းလုပ်ခြင်း။
  • စိုးရိမ်ပူပန်မှုများခြင်း၊ ရုတ်တရက် ကြောက်စိတ်လွန်ကဲခြင်း ကဲ့သို့သော ရုတ်တရက်စိတ်ဖိစီးမှုများခြင်း။
  • ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ နှင့် ကဖင်းဓါတ်ပါဝင်သော အရည်များသောက်ခြင်း။
  • ကိုကိန်း ကဲ့သို့သော မူးယစ်ဆေးဝါးများသောက်သုံးခြင်း။
  • လျှပ်စစ်အချက်ပေးမှုလုပ်ဆောင်ခြင်းတွင် လိုအပ်သော သတ္တုဓါတ်များနှင့် အခြားဓါတ်များမညီညွှတ်ခြင်း။
  • သိုင်းရွိုက်ဂလင်း အလွန်အမင်းအလုပ်လုပ်ခြင်း။ တို့ပါဝင်သည်။

အထက်ပါအချက်များ မရှိခြင်းကြောင့် supraventricular tachycardia မဖြစ်နိုင်ဟု မဆိုလိုပါ။ ထိုအချက်များသည် ပြဌာန်းချက်သာလျှင်ဖြစ်ပြီး ထပ်မံ၍ အသေးစိတ်သိရှိလိုပါက သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Supraventricular Tachycardia (နှလုံးခုန်မြန်သော ပြဿနာတစ်မျိုး) ကို ဘယ်လိုအတည်ပြုပါသလဲ

ECG သည် သမားတော်များ တွင်ကျယ်စွာအသုံးပြုသော အသုံးဝင်သော supraventricular tachycardia နှင့် အခြား နှလုံးသွေးကြော ပြသနာများကို ရောဂါရှာဖွေအမည်တပ်ရန်အတွက် စက်တစ်မျိုးဖြစ်သည်။

ဆရာဝန်သည် ရောဂါအမည်တပ်နိုင်ရန်အတွက် နှလုံးခုန်သံနားထောင်ခြင်းဖြင့် သိနိုင်သည်။ သွေးသည် နှလုံးအဆို့ရှင်များကို ပုံမမှန်စွာ ဖြတ်သန်းသွားသည့်အတွက် murmur ဟုခေါ်သော ပုံမှန်မဟုတ်သော နှလုံးခုန်သံများကို နားကြပ်နှင့် နားထောင်သည့်အခါ ကြားရနိုင်ပါသည်။ ကြားရသည့် အချိန်နှင့် နေရာပေါ်မူတည်ပြီး မည်သည့် အဆို့ရှင် ထိခိုက်နေသည်ကို ဆရာဝန်မှ သိရှိနိုင်ပါသည်။

ဆရာဝန်များသည် ရောဂါရှာဖွေရန်အတွက် ခန္ဓါကိုယ်ကို စစ်ဆေးခြင်း၊ ရောဂါရာဇဝင်မေးမြန်းခြင်း၊ ECG ရိုက်ခြင်း၊ ဓါတ်ခွဲခန်းတွင်စစ်ဆေးခြင်းများ၊ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းများ ကို ပြုလုပ်လေ့ရှိပါသည်။

ဆရာဝန်မှ ၂၄ နာရီအတွင်း နှလုံးခုန်ပုံမမှန်ခြင်း ဘယ်လောက်ဖြစ်ပေါ်သည်ကို သိရှိနိုင်ရန် Holter monitor, နှင့် portable 24-hour ECG များကို သုံး၍ စောင့်ကြည့်နိုင်ပါသည်။ ပိုမိုတိုကျသော အဖြေကို ရရှိနိုင်ရန် electrophysiology study (EPS) ကိုလည်း အသုံးပြုနိုင်ပါသည်။

Supraventricular Tachycardia (နှလုံးခုန်မြန်သော ပြဿနာတစ်မျိုး) ကို ဘယ်လိုကုသပါသလဲ

ရောဂါလက္ခဏာမပြသူမျာတွင် ကုသမှုမလိုအပ်ပါ။

ရောဂါလက္ခဏာရှိသူများတွင် Valsalva maneuver ကဲ့သို့သော vagal maneuvers ကုသမှု သို့မဟုတ် ချောင်းဆိုးခြင်း၊ မျက်နှာပေါ်သို့ ရေခဲရေဖြန်းခြင်းများကို ပြုလုပ်နိုင်ပါသည်။

adenosine, diltiazem နှင့် verapamil ကဲ့သို့သော ဆေးဝါးများနှင့်လည်း ကုသနိုင်ပါသည်။ ဆရာဝန်သည် အရေးပေါ်ကုသမှုအတွက် အခြားကုသမှုများအလုပ်မဖြစ်လျှင် electrical cardioversion ကို အသုံးပြုနိုင်ပါသည်။

ပြန်ဖြစ်ပေါ်သော supraventricular tachycardia အတွက် beta-blockers ကဲ့သို့သော ဆေးများပေးခြင်း၊ နှလုံးစက်တပ်ခြင်း၊ ပိုက်တပ်ခြင်း နှင့် ခွဲစိတ်ကုသခြင်းများနှင့် ကုသနိုင်ပါသည်။

ဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသခြင်းနည်းလမ်းများ

supraventricular tachycardia ရောဂါကို ကုသရန် မည်ကဲ့သို့ နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုသခြင်းနည်းလမ်းများကို သုံးနိုင်ပါသနည်း။

အောက်ပါတို့သည် ဤရောဂါကို သက်သာအောင်ပြုလုပ်နိုင်သောနည်းလမ်းများဖြစ်ပါသည်။

• အရက်သောက်ခြင်းကို အတိုင်းအတာနှင့်သောက်ပါ။ သို့မဟုတ် ဖြတ်ပါ။

• များများအနားယူပါ။

• ကော်ဖီ နှင့် လက်ဘက်ရည်ကို လျော့သောက်ပါ။

• ကိုကိန်း ကဲ့သို့သော မူးယစ်ဆေးများမသုံးပါနှင့်။

• လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပြီး ကျန်းမာရေးနှင့်ညီညွှတ်အောင် စားသောက်ပါ။

• ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ ကိုယ်အလေးချိန်များခြင်းသည် နှလုံးသွေးကြောရောဂါများကို ဖြစ်ပွားနိုင်ချေ များစေသည်။

• သွေးပေါင်ချိန်နှင့် ကိုလက်စထရောကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပါ။

• ဆေးလိပ်ဖြတ်ဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

• နှလုံးခုန်မြန်စေသော ဆေးများကို သတိနှင့် သုံးပါ။ သင်ရှောင်ရမည့် ဆေးများကို သိရှိရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

• စိတ်ဖိစီးမှုကို ဖြေရှင်းနိုင်ဖို့ကြိုးစားပါ။

• နှလုံးခုန်မမှန်ခြင်းကို စောင့်ကြည့်ပြီး ဘာကြောင့်ဖြစ်သည်ကို သိရှိအောင်လုပ်ထားပါ။ ဥပမာ ကော်ဖီသောက်ခြင်း။

သင့်တွင် မေးမြန်လိုသည်များရှိပါက သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး သင့်အတွက် အကောင်းဆုံးနည်းလမ်းကို ရှာဖွေပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders/Elsevier, 2012. Print edition.

Supraventricular tachycardia. http://www.emedicinehealth.com/supraventricular_tachycardia-health/article_em.htm. Accessed July 17, 2016.

Tachycardia. http://www.mayoclinic.org/diseases-conditions/tachycardia/basics/causes/con-20043012?p=1. Accessed July 17, 2016.

supraventricular tachycardia. https://www.nlm.nih.gov/medlineplus/ency/article/000183.htm. Accessed July 17, 2016.

Tachycardia. http://www.heart.org/HEARTORG/Conditions/Arrhythmia/AboutArrhythmia/Tachycardia_UCM_302018_Article.jsp#.V4u6avmLTIU. Accessed July 17, 2016.

ယခုပုံစံ

12/05/2020

Dr. Su Sandy မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှလုံးမကြီးအောင် ဘယ်လို ကာကွယ်ကြမလဲ !

နှလုံးကြီးနေရင် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement