angina ဆိုတာ နှလုံးကို သွေးမရောက်နိုင်ခြင်းတို့ကြောင့် ဖြစ်လေ့ရှိတဲ့ နှလုံးအောင့်ခြင်းကို ခေါ်ပါသည်။ ဒါဟာ ခန္ဒါကိုယ်တွင်း သွေးကြောများ ကျဉ်းခြင်း သို့ ပိတ်ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ သင့်ရဲ့ နှလုံးဟာ သွေးများ သယ်ယူရန် oxygen( အောက်ဆီဂျင်) လိုအပ်ပါတယ်။ Angina ၃ မျိုးရှိပါတယ်။ ၎င်းတို့မှာ

ရင်ဘတ်အောင့်တိုင်းလည်း angina မဟုတ်ပါဘူး။ သင်ရင်ဘတ်အောင့်တဲ့ အခါ ဆရာဝန် နှင့် ချက်ချင်း ပြသင့်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် လူတိုင်း angina ရနိုင်ပါတယ်။ နှလုံးရောဂါ အခံရှိသူတွေမှာ angina ပိုဖြစ်တတ်ပါတယ်။ အသက် ၄၅ နှစ်အထက် အမျိုးသားတွေ နှင့် အသက် ၅၅ နှစ် အထက် အမျိုးသမီးတွေမှာ ဖြစ်နိုင်ချေ ပိုများပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Angina ရဲ့ ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေကတော့
ရောဂါလက္ခဏာတွေက သင့်မှာ ရှိတဲ့ angina အမျိုးအစား အလိုက် ပြောင်းလဲနိုင်ပါတယ်။
Stable angina
Stable angina ဖြစ်လျှင် ရင်ဘတ်အောင့်ခြင်းဟာ ပုံမှန် အားဖြင့် လှုပ်ရှားမှု သို့ စိတ်ဖိစီးမှုတွေ နဲ့ အတူဖြစ်လေ့ရှိပါတယ်။ ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်းတွေက လှုပ်ရှားမှု ပမာဏတစ်ခု သို့ စိတ်ဖိစီးမှု အတိုင်းအတာတစ်ခုရောက်မှ ဖြစ်လေ့ရှိပါတယ်။
သင့်မှာ stable angina ဖြစ်ပြီဆိုလျှင် သူ့ရဲ့ ဖြစ်လာနိုင်မယ့် အချိန်ကို ဖြစ်တဲ့ ပုံစံကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။ သင်အနားယူလိုက်ချိန် သို့ ဆေးသောက်လိုက်ချိန်မှာ အောင့်တာက မိနစ်ပိုင်းအတွင်း သက်သာသွားတတ်ပါတယ်။
Unstable angina
Unstable angina ကတော့ ရောဂါလက္ခဏာတွေ အမျိုးမျိုးပြောင်းလဲတတ်ပါတယ်။ သင် ညဘက်အိပ်နေတဲ့ အချိန် မှာ ဖြစ်လေ့ရှိပါတယ်။ stable angina ထက်ပိုပြင်းထန်စွာ ဖြစ်လေ့ရှိပါတယ်။ unstable angina က သင့်မှာ လှုပ်ရှားမှုတစ်ခုပြုသည်ဖြစ်စေ သို့ မပြုသည် ဖြစ်စေ ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ အနားယူ ဆေးသောက်လျှင်လည်း မသက်သာပါဘူး။
Variant angina
Variant angina ကတော့ ရှားပါတယ်။ coronary artery နှလုံးသွေးကြော ပိတ်လို့ရှိလျှင် ဖြစ်တတ်ပါတယ်။ သူဟာ သင်အနားယူနေတဲ့ အချိန်မှာ ဖြစ်လေ့ရှိပြီး ပြင်းထန်နိုင်ပါတယ်။ သူဟာ ညသန်းခေါင်ချိန် နှင့် မနက် အစောပိုင်းတွေမှာ ဖြစ်တတ်ပါတယ်။ ဆေးသောက်လျှင် သက်သာနိုင်ပါတယ်။
သင့်မှာ angina ရောဂါလက္ခဏာတွေ ပြလာလျှင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ Stable angina က heart attack မဟုတ်သေးပေမယ့် နောင်တစ်ချိန်မှာ heart attack ဖြစ်လာနိုင်ပါတယ်။
Unstable anginaကတော့ အန္တရာယ်များပြီါ် အရေးပေါ်ကုသမှု လိုအပ်ပါတယ်။ ဒီ ANGINA အမျိုးအစားက သိပ်မကြာခင်မှာ heart attack ဖြစ်တော့မယ်လို့ ဆိုလိုပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
Angina က နှလုံးကို သွေးရောက်မှု နည်းပါးခြင်းကြောင့် ဖြစ်တာပါ။ အောက်ပါတို့က ၎င်းကို ဖြစ်စေတဲ့အရာများ ဖြစ်ပါတယ်။
angina ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ရောဂါကို အတည်မပြုမီ ဆရာဝန်က အောက်ပါစစ်ဆေး စမ်းသပ်မှုတွေ လုပ်ပါမယ်။
ရည်ရွယ်ချက်ကတော့ နှလုံးသွေးလွှတ်မှု ကောင်းမွန်ဖို့ သို့ နှလုံး၏ ဝန်ကို လျှော့ချပေးဖို့ပါပဲ။ အနားယူခြင်းနှင့် လှုပ်ရှားမှုတွေ လျှော့ခြင်းက ပထမကုသနည်းပါပဲ။
Aspirin က သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ Nitrates တွေဖြစ်တဲ့ nitroglycerin ကတော့ သွေးကြောကျယ်စေပြီး သွေးလမ်းကြောင်းကို ကောင်းစွာ စီးဆင်းစေပါတယ်။ တခြားဆေးတွေကတော့ betablockers တွေက နှလုံးခုန်နှုန်းကို လျှော့ချပေးပြီး နှလုံး၏ဝန်ကို ပေါ့စေပါတယ်။
ပုန်းကွယ် ငုပ်လျှိုးနေတဲ့ ရောဂါတွေ ဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ arrhythmias နှင့် ကိုလက်စထရော များခြင်းတို့ကို လည်း ကုသဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေနဲ့ အလုပ်မဖြစ်လျှင် ခွဲစိပ်ရပါမယ်။ ခွဲစိပ်မှုတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် angina ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
• ဆေးပြင်းလိပ်သောက်ခြင်းကို ရပ်ပါ။
• အဆီစားတာ လျှော့ပြီး ဟင်းသီး ဟင်းရွက်နှင့် အသီးအနှံများ စားပေးပါ။
• သင့်တော်တဲ့ နေ့စဉ် လေ့ကျင့်ခန်းလုပ်ရန် ဆရာဝန် နဲ့ တိုင်ပင်ပါ။
• သင်ဟာ ကိုယ်အလေးချိန်များနေလျှင် သင့်ကျန်းမာရေးအခြေအနေအတွက် ကိုယ်အလေးချိန်လျှော့ချတဲ့ နည်းလမ်းကို ဆရာဝန်အား မေးပါ။
• ဆရာဝန်ရက်ချိန်းတွေ ကို မှန်မှန်သွားပြီး ညွှန်ကြားတဲ့ အတိုင်းလုပ်ပါ။
• Angina က သွေးတိုး၊ ဆီးချို နှင့် ကိုလက်စထရောများ ခြင်းကြောင့် ဖြစ်တယ်ဆိုလျှင် အဲ့ဒီ ရောဂါတွေကို အရင် ကုပါ။
• လုံလောက်စွာ အနားယူဖို့ အချိန်ပေးပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။