နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

နှလုံးက လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာတဲ့အခါ နှလုံးခုန်နှုန်း စည်းချက် မမှန်တာတွေ ခံစားလာရနိုင်ပါတယ်။ ဒီလို ဖြစ်တဲ့အခါ နှလုံး ခုန်နှေးတာမျိုး ဖြစ်နိုင်သလို နှလုံး ခုန်နှုန်းမြန်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီအနေအထားက ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ နှလုံးခုန်မမှန်သည့် ရောဂါများအကြောင်းကို ဒီကဏ္ဍလေးမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

ရှိသင့်တဲ့နှလုံးခုန်နှုန်း ကို ဘယ်လိုတွက်ချက်မလဲ။

နှလုံးခုန်တယ်လိုက်တိုင်းမှာ သွေးတွေက ခန္ဓာကိုယ်အနှံ့ကို စီးဆင်းသွားတာကြောင့် ရှိသင့်တဲ့နှလုံးခုန်နှုန်း ရှိနေဖို့ လိုပါတယ်။ လူတိုင်းက နားနေတဲ့ အချိန်နဲ့ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ ရှိတဲ့နှလုံးခုန်နှုန်းက မတူပါဘူး။ နှလုံးခုန်နှုန်းက များလွန်းရင်လည်း မကောင်းသလို နည်းလွန်းရင်လည်း မကောင်းတာကြောင့် ရှိသင့်တဲ့ ပမာဏအတွင်းမှာ ထိန်းထားဖို့ လိုပါတယ်။ ဒီလိုထိန်းဖို့ ကိုယ့်ရဲ့ နှလုံးခုန်နှုန်းက ဘယ်လောက်ရှိသင့်သလဲ။ ဘယ်လိုထိန်းမလဲဆိုတာ သိဖို့ လိုပါတယ်။ ရှိသင့်တဲ့နှလုံးခုန်နှုန်း ဆိုတာ ဘာလဲ။ ရှိသင့်တဲ့နှလုံးခုန်နှုန်းဆိုတာ သင်လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ ဖြစ်လာသင့်တဲ့ နှလုံးခုန်နှုန်းပဲ ဖြစ်ပါတယ်။ ဒါက ဂဏန်းတစ်ခုဆိုတာထက် rangeတစ်ခုထဲကို ဝင်နေရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ နှလုံးခုန်နှုန်းက နားနေချိန်ထက် များနေမှာ ဖြစ်ပါတယ်။ သင်ကိုယ်တိုင်လည်း လေ့ကျင့်ခန်း လုပ်နေရင်းနဲ့ ခဏရပ်ပြီး သင့်နှလုံးခုန်နှုန်းက ရှိသင့်တဲ့ ပမာဏထဲ ရောက်ရဲ့လားလို့ စစ်ဆေးနိုင်ပါတယ်။ ဒီပေါ်မူတည်ပြီး […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း