backup og meta

နှလုံးသွေးကြောကျဉ်းရောဂါဆိုင်ရာ အတွေးအမြင်အသစ်များ။

နှလုံးသွေးကြောကျဉ်းရောဂါဆိုင်ရာ အတွေးအမြင်အသစ်များ။

ကျွန်ုပ်တို့တွေးထားသည့် နှလုံးသွေးကြောကျဉ်း ရောဂါ နှင့် ၎င်းကုသမှုတွင် သိသာသောပြောင်းလဲမှုများရှိလာပါသည်။ ယနေ့အချို့ နှလုံးပါရဂူများသည် နည်းလမ်းအသစ်ဖြင့် တွေးတောနေစဉ် အခြားသူများက ရှေးရိုးအစဉ်အလာနည်းထဲတွင် ကျန်ရှိနေတုန်းဖြစ်သည်။

နှလုံးသွေးကြောကျဉ်းရောဂါကို ရှေးအစဉ်အလာနည်းဖြင့် စဉ်းစားခြင်း

အစဉ်အလာအားဖြင့် နှလုံးသွေးကြောကျဉ်း ရောဂါသည် နှလုံးသွေးလွှတ်ကြောထဲတွင် သွေးစီးဆင်းမှုနည်းစေသော ပိတ်ဆို့မှုတစ်ခု ထက်မကရှိကြောင်းဆိုလိုပါသည်။

ဤအခြေအနေသည် ရင်ဘတ်စူးအောင့်ခြင်းကို ဖြစ်စေသည့်အပြင် ပိုဆိုးလာပါက ပိတ်ဆို့မှုများသည် ရုတ်တရက်လုံးဝပိတ်သွားကာ နှလုံးကြွက်သားကို သွေးစီးဆင်းသည့် သွေးလွှတ်ကြောများကို သေစေနိုင်သည်။

၎င်းကို နှလုံးကြွက်သားပုပ်ခြင်း (သို့) နှလုံးဖောက်ခြင်းဟု သိထားကြသည်။ ထိုအချိန်တွင် လူအများစုသည် အဓိကပြဿနာမှာ ပိတ်ဆို့မှုကြောင့် ဖြစ်သည်ဟု ရှင်းပြကြသည်။ ထို့ကြောင့် ကုသမှု အများစုမှာ ပိတ်ဆို့မှုကို ဖယ်ရှားစေရန် လုပ်ရမည်ဖြစ်သည်။

ထိုကုသမှုများကို နှလုံးလမ်းကြောင်းလွှဲခွဲစိတ်ခြင်း(သို့) ပြွန်ချောင်းထည့်၍ ချဲ့ခြင်းတို့ဖြင့် ပြုလုပ်နိုင်သည်။

နှလုံးသွေးကြောကျဉ်းရောဂါ၏ ရှေး အစဉ်အလာနည်းက ပိတ်ဆို့မှုပေါ်တွင် အဓိကအာရုံထားသောကြောင့် ၎င်းကို ရှာဖွေရာတွင် အသေးစိတ်သော ခန္ဓါဗေဒတည်နေရာနှင့် ပိတ်ဆို့မှုအတိုင်းအတာတို့က အရေးကြီးပါသည်။

အကယ်၍ ရောဂါရှာဖွေနည်းများက အချက်အလက်မပေးနိုင်လျှင် ကုသမှုက ပိတ်ဆို့မှုကိုမလျှော့ချနိုင်လျှင် အပြည့်အဝကောင်းမွန်ခြင်းကို မရနိုင်ပါ။

ထို့အပြင် အစဉ်အလာနည်းအတိုင်း စဉ်းစားသောနှလုံးပညာရှင်များက နှလုံးထဲသို့ပိုက်ထည့်ရှာဖွေသည့်နည်းကို အဓိကရှာဖွေသည့်နည်းအဖြစ် တိုက်တွန်းကြသည်။ ဤနည်းနှင့် ပြွန်ချောင်းဖြင့်ချဲ့သည့် နည်းကသာလျှင် သင့်တော်သည့်ကုသနည်းဟု ပြောလိုခြင်းဖြစ်သည်။

သို့သော်တစ်ခါတစ်ရံတွင် ကြီးမားသော(သို့) ခက်ခဲသော ပိတ်ဆို့မှုများတွင် နှလုံးခွဲစိတ်ဆရာဝန်များကို စိတ်မပါစွာနှင့် ပါဝင်ခွင့်ပြုကြရပါသည်။

နှလုံးသွေးကြောကျဉ်းရောဂါဆိုင်ရာ အတွေးအမြင် အသစ်များ

နည်းပညာတိုးတက်မှုကို ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့သည် နှလုံးသွေးကြောကျဉ်းရောဂါသည် ပိတ်ဆို့မှုထက်ပိုကြောင်းကို ယခုသိလာကြသည်။ နှလုံးသွေးကြောရောဂါကို နာတာရှည်ပို၍ ဆိုးဝါးလာသောရောဂါဟု သိကြသည်။ ပိတ်ဆို့ခြင်းထက်ပို၍ကျယ်ပြန့်လာသည်။

အရေးကြီးသည်မှာ ပုံမှန်မဟုတ်သောအဖတ်များသည် သွေးလွှတ်ကြောများတွင်ရှိတတ်သည်ကို သိထားရမည်။ ၎င်းသည် နှလုံးကိုမှန်ပြောင်းထည့်၍ကြည့်ခြင်းတွင် “ပုံမှန်” အဖြစ်မြင်တွေ့နိုင်သည်။ သို့သော်လူနာများ၊ အထူးသဖြင့် အမျိုးသမီးများတွင် အမှန်တကယ်ပိတ်ဆို့မှုမရှိဘဲ နှလုံးသွေးလွှတ်ကြော အများအပြားကျဉ်း၍ဖြစ်သော နှလုံးသွေးကြောကျဉ်းရောဂါများကို တွေ့ကြုံနိုင်သည်။

ထို့အပြင် ထိုအဖတ်ပေါက်သွားလျှင် သွေးခဲတစ်ခုဖြစ်ပေါ်ကာ ရုတ်တရက်သွေးလွှတ်ကြောကို ပိတ်၍နှလုံးရပ်စေပါသည်။ နှလုံးသွေးကြောရောဂါ၏ အဓိကအကြောင်းအရင်းမှာ ပိတ်ဆို့မှုများရှိမရှိနှင့် မဆိုင်ဘဲ နှလုံးသွေးလွှတ်ကြောရှိ အဖတ်များ(၎င်းတို့သည် ပိတ်ဆို့မှုများဖြစ်လေ့မရှိပါ) ရှိခြင်းနှင့်သာ အဓိကဆိုင်ပါသည်။

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကြာမျှတွင် နှလုံးသွေးကြောကျဉ်းရောဂါအတွက် တွေးတောမှုများသည် ပြောင်းလဲလာပါသည်။ ပြွန်ချောင်းဖြင့်ချဲ့သည့် ကုသမှုပြုလုပ်ရမည့် ပိတ်ဆို့မှုရောဂါ မှ ပိတ်ဆို့မှုရှိရှိ၊မရှိရှိ အဖတ်များကြောင့်ဖြစ်သော နာတာရှည်နှလုံးသွေးကြောကျဉ်းရောဂါ ရောဂါဟူ၍ပြောင်းလဲလာပါသည်။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The New Way of Thinking About Coronary Artery Disease. https://www.verywell.com/the-
new-way- of-thinking- about-coronary- artery-disease- 1745905. Assessed January 19, 2017.

Understanding Coronary Artery Disease. https://www.cardiosmart.org/News-and-
Events/2016/06/Understanding-CAD. Assessed January 19, 2017.

ယခုပုံစံ

18/01/2022

Dr. Kaung Thar မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှလုံးမကြီးအောင် ဘယ်လို ကာကွယ်ကြမလဲ !

နှလုံးကြီးနေရင် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/01/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ