backup og meta

အိပ်ရေးပျက်ခြင်းက စိတ်ကျန်းမာရေးကို ဘယ်လိုတွေတောင် ထိခိုက်စေမလဲ

အိပ်ရေးပျက်ခြင်းက စိတ်ကျန်းမာရေးကို ဘယ်လိုတွေတောင် ထိခိုက်စေမလဲ

အိပ်ရေးပျက်တာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သလို လူတိုင်းလည်း အိပ်ရေးပျက်တာကို ကြုံဖူးမှာပါ။ အိပ်ရေးပျက်တာက ဆီးချို၊ သွေးတိုးလိုမျိုး နာတာရှည် ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တယ်ဆိုတာကိုတော့ အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ ဒါပေမယ့် အိပ်ရေးပျက်ခြင်းက စိတ်ကျန်းမာရေးကို ဘယ်လိုတွေတောင် ထိခိုက်စေမလဲ ဆိုတာကိုရော သိပြီးပြီလား ….. မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

အိပ်ရေးပျက်ခြင်း နဲ့ စိတ်ကျန်းမာရေး သံသရာ

အိပ်ရေးပျက်တာနဲ့ စိတ်ကျန်းမာရေး ထိခိုက်မှုတွေက တော်တော်လေးကို ဆက်စပ်နေတဲ့အရာပါ။ အိပ်ရေးပျက်တာက စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေကို ဖြစ်စေနိုင်သလို စိုးရိမ်စိတ်များနေတာ စိတ်ဖိစီးနေတာတွေကလည်း အိပ်ရေးပျက်တာ၊ အိပ်မပျော်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုတွေ သံသရာလည်နေတာပါ။ ဒါပေမယ့် အိပ်ရေးပျက်တာက ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်ပါတယ်။

အိပ်စက်မှုက စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ အရေးကြီးတယ်လို့ ပြောရတဲ့ အကြောင်းအရင်း

ညဘက်မှာ ကောင်းကောင်းအိပ်ပျော်တာက စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေတယ်ဆိုတာကို အားလုံး သိထားပြီး ဖြစ်မှာပါ။ အခြားတစ်ဖက်က ပြောမယ်ဆိုရင်တော့ အိပ်ရေးပျက်ထားရင် အရာရာကို အာရုံစိုက်ဖို့ ခက်သလို စိတ်ခံစားမှုတွေပါ မကောင်းတော့တာကို ခံစားမိမှာပါ။ အိပ်ရေးပျက်တာ အိပ်မပျော်တာတွေက စိတ်ဖိစီးမှုကို ဖြစ်စေပြီး စိတ်ခံစားမှု ကောင်းစေဖို့ရာမှာ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

အိပ်စက်မှုက ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေ ဟန်ချက်ညီစေဖို့ရော ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ငန်းစဉ်တွေ ဟန်ချက်ညီစေဖို့ပါ အားဖြည့်ပေးပါတယ်။ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့လည်း အားဖြည့်ပေးပါတယ်။

အိပ်ရေးဝတာက သိမြင်မှုစွမ်းဆောင်ရည်တွေဖြစ်တဲ့ အာရုံစူးစိုက်မှု၊ သင်ယူနိုင်မှု နဲ့ မှတ်မိနိုင်မှု စွမ်းရည်တွေကို တိုးတက်စေနိုင်ပါတယ်။ အိပ်ရေးပျက်တာ နေ့စဉ် ပြဿနာ အသေးအဖွဲလေးတွေကို ဖြေရှင်းဖို့တောင် ခက်ခဲစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်လည်း အိပ်စက်မှုက စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ အရေးကြီးတယ်လို့ ပြောရတာပေါ့။

အိပ်ရေးပျက်ခြင်းက စိတ်ကျန်းမာရေးကို ဘယ်လိုတွေတောင် ထိခိုက်စေမလဲ

အိပ်ရေးပျက်ခြင်းက စိတ်ကျန်းမာရေးကို ဘယ်လိုတွေတောင် ထိခိုက်စေမလဲ ဆိုတော့ အဆိုးဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ အိပ်ရေးပျက်တာက အချိန်ကြာမြင့်လာလေလေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ များလာလေလေပွ။ အိပ်မပျော်ခြင်းကနေ စိုးရိမ်စိတ် လွန်ကဲတာ၊ စိတ်ဓာတ်ကျတာတွေကို ဖြစ်စေနိုင်သလို ရာသီအကူးအပြောင်းမှာ စိတ်ဓာတ်ကျတာ၊ စိတ်အတက်အကျ မြန်တာ၊ ကိုယ့်အသက်ကို အဆုံးစီရင်တာမျိုးတွေအထိ ဖြစ်စေနိုင်ပါတယ်။

အိပ်ရေးပျက်တာက ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန် ချမှတ်နိုင်ဖို့ အခက်အခဲ ဖြစ်စေသလို အထီးကျန်တာကိုလည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် လူတွေမှာ ပြည့်ဝလုံလောက်တဲ့ အိပ်စက်ခြင်း ရှိမှ စိတ်ရောကိုယ်ပါ ကျန်းမာစေမယ်လို့ ပြောကြတာပေါ့။

အိပ်စက်ချိန်က အသက်အရွယ်ကို လိုက်ပြီး အချိန် လိုအပ်ချက် ကွာခြားနိုင်ပါတယ်။ အကြမ်းဖျင်း ပြောပြရရင် ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေ နဲ့ လူကြီးတွေက လူလတ်ပိုင်းတွေထက် ပိုပြီး အိပ်စက်ချိန် ရရှိဖို့ လိုမှာပါ။ ဆယ်ကျော်သက်တွေ နဲ့ ကလေးတွေက တစ်ညကို အိပ်ချိန် ၈ နာရီ ကနေ ၁၀ နာရီကြား ရရှိဖို့ လိုပြီး အသက် ၆၅ နှစ်အထက် လူကြီးတွေကတော့ တစ်ညကို အိပ်ချိန် ၇ နာရီ ကနေ ၈ နာရီ ရရှိဖို့ လိုပါမယ်။ လူလတ်ပိုင်းတွေကတော့ ၇ နာရီထက် မနည်းတ့ အိပ်စက်ချိန် ရရှိရင်ကို လုံလောက်ပါပြီ။

ဒီတော့ ညဘက်တွေမှာ ဂိမ်းဆော့တာ၊ ဆိုရှယ်မီဒီယာတွေပေါ်မှာ အချိန်ဖြုန်းတာတွေ မလုပ်ဘဲ အိပ်စက်ပေးတာက စိတ်လေးကို ကျန်းမာအောင် စောင့်ရှောက်ပြီး ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ မြှင့်တင်ရာ ရောက်ပါတယ်။

အိပ်ရေးပျက်တာကြောင့် စိတ်ကျန်းမာရေး မထိခိုက်စေဖို့ ဘာတွေ သတိထားရမလဲ

အိပ်ရေးပျက်တာကြောင့် စိတ်ကျန်းမာရေး မထိခိုက်စေဖို့ ဆိုရင်

  • အိပ်ချိန် သေချာသတ်မှတ်ပါ
  • အိပ်ရာဝင်ခါနီးမှာ သက်သောင့်သက်သာဖြစ်စေမယ့် လေ့ကျင့်ခန်းမျိုးလုပ်ပါ
  • ပုံမှန် အိပ်မပျော်ဖြစ်နေရင် နေ့ခင်းနေ့လယ်အိပ်စက်တာမျိုး ရှောင်ကြဉ်ပါ
  • နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ
  • အခန်းထဲက ပစ္စည်းတွေကို နေရာပြောင်းလဲထားကြည့်ပါ
  • သက်သောင့်သက်သာဖြစ်စေမယ့် မွေ့ရာ၊ ခေါင်းအုံး၊ စောင်တွေနဲ့ အိပ်စက်ပါ
  • အိပ်ခန်းထဲမှာ တောက်ပတဲ့အလင်းမျိုး ဖွင့်မထားပါနဲ့
  • အရက်၊ ဆေးလိပ်နဲ့ ပမာဏများပြားတဲ့ အစားအစာတွေကို ညပိုင်းမှီဝဲတာမျိုးမလုပ်ပဲ ရှောင်ကြဉ်ပါ
  • အိပ်ရာဝင်ခါနီးမှာ ဖုန်း၊ တီဗီ၊ ကွန်ပျူတာ၊ တက်ဘလက် သုံးတာလျှော့ပါ
  • စိတ်လက်အေးချမ်းစေမယ့် စာမျိုးကို မိနစ် အနည်းငယ်လောက်ဖတ်ပေးပါ။

စကားလက်ဆောင်


အိပ်ရေးမဝတာက စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ စားသောက်မှု မူမမှန်တာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားရစေပြီး နေ့စဉ်ဘဝ လူမှုဆက်ဆံရေးကိုရော လုပ်ငန်းတာဝန်တွေကိုပါ ထိခိုက်စေနိုင်လို့ ဇီးကွက်လေးတွေ လုပ်နေတာကို ခုချက်ချင်းပဲ စွန့်လွှတ်လိုက်တော့နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Effects of Lack of Sleep on Mental Health https://www.verywellmind.com/how-sleep-affects-mental-health-4783067 Accessed Date 21 December 2022

Mental Health and Sleep https://www.sleepfoundation.org/mental-health Accessed Date 21 December 2022

Sleep deprivation can affect your mental health https://www.health.harvard.edu/newsletter_article/sleep-and-mental-health Accessed Date 21 December 2022

How to cope with sleep problems https://www.mind.org.uk/information-support/types-of-mental-health-problems/sleep-problems/about-sleep-and-mental-health/ Accessed Date 21 December 2022

How Sleep Deprivation Impacts Mental Health https://www.columbiapsychiatry.org/news/how-sleep-deprivation-affects-your-mental-health#:~:text=While%20insomnia%20can%20be%20a,anxiety%2C%20and%20even%20suicidal%20ideation. Accessed Date 21 December 2022

ယခုပုံစံ

07/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိပ်ရေးပျက်တာကြောင့် မျက်လုံးတွေ ကျိန်းစပ်လာတဲ့အခါ

အိပ်ရေးပျက်ရင် ဝက်ခြံထွက်မှာလား


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 07/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement