အိပ်မပျော်ခြင်းပြဿနာကို ကုသခြင်း
အိပ်မပျော်ခြင်းပြဿနာဟာ အကြောင်းအရင်း မျိုးစုံကြောင့် ဖြစ်နိုင်ပြီး ကုသဖို့ နည်းလမ်းလည်း မျိုးစုံ ရှိပါတယ်။ အိပ်မပျော်ခြင်းပြဿနာကို နှစ်ရှည်လများ ခံစားလာရသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေလည်း ရှိပါတယ်။
မိမိဖာသာ လိုက်နာ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ အဓိကအားဖြင့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်း ဖြစ်ပါတယ်။ အိပ်ချိန် မတိုင်မီ ကဖိန်းပါသော အရည်များ (ကော်ဖီ၊ လက်ဖက်ရည်) သောက်ခြင်း၊ အိပ်ခါနီး လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အိပ်ရာပေါ်မှာ မအိပ်ဘဲ ဖုန်းသုံးခြင်း၊ တီဗီ ကြည့်ခြင်း စတာတွေကို ရှောင်ရှားပေးရပါမယ်။
စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေးပြဿနာရှိနေရင်လည်း ထိရောက်စွာ ကုသသင့်ပါတယ်။ ရောဂါအခံကြောင့် အိပ်မပျော်ခြင်း ကြုံတွေ့နေရတာ ဖြစ်နိုင်ပါတယ်။ အိပ်ဆေးတွေကို သုံးမယ်ဆို သတိထားပါ။ ဘယ်ဆေးဝါးမဆို ဘေးထွက်ဆိုးကျိုးရှိနိုင်တာမို့ ရေရှည်သုံးစွဲရမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
အိပ်ခန်း ပတ်ဝန်းကျင်မှာလည်း ရနံ့သင်းပျံ့တဲ့ အပင်ငယ်လေးတွေ ထားသို စိုက်ပျိုးနိုင်ပါတယ်။ မွှေးရနံ့ ထွက်စေတဲ့ ပစ္စည်းကလေးတွေလည်း အိပ်ရာအနားထားနိုင်ပါတယ်။
ဒီလို နည်းလမ်းပေါင်းစုံနဲ့ အိပ်မပျော်တဲ့ ပြဿနာကို မဖြေရှင်းနိုင်ရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
အိပ်မပျော်ခြင်း ပြဿနာက သာမန်လူမှုဘဝပြဿနာ မဟုတ်ပါဘူး။ ရေရှည်မှာ ကျန်းမာရေး ထိခိုက်လာနိုင်တာ ဖြစ်တဲ့အတွက် သတိထားပြီး ဂရုစိုက်ဖို့ လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။