ညအိပ်မပျော်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်
- လိင် – အမျိုးသမီးများတွင် ညအိပ်မပျော်ခြင်း ပိုဖြစ်သည်ဟု ဆိုကြ၏။ ရာသီစက်ဝိုင်းအတွင်း ဟော်မုန်းများပြောင်းခြင်းနှင့် သွေးဆုံးပြီးနောက် ပြောင်းလဲခြင်းတို့သည့် အဓိကအကြောင်းများဖြစ်ပါသည်။
- အသက်အရွယ် – အသက် ၆၀ အထက် ရှိသွားပါက အိပ်ပုံပြောင်းလဲခြင်းနှင့် ကျန်းမာရေးတို့ကြောင့် ညအိပ်မပျော်ခြင်းသည် အရွယ်ကိုလိုက်ပြီး ပိုဖြစ်လာနိုင်၏။
- စိတ်ပြဿနာများ – စိတ်ကျခြင်း၊ စိုးရိမ်စိတ်ဖြစ်ခြင်း၊ Bipolar ဖြစ်ခြင်းနှင့် ထိခိုက်ပြီးနောက်ရသော ဖိစီးမှုပြဿနာတို့ဠို စိတ်ရောဂါများရှိနေလျှင်
- သင့်အလုပ် – ညအခါတွင်ပါ လုပ်နေရသည့် အလုပ်မျိုး သို့မဟုတ် နေ့ည အချိန်ပြောင်း လုပ်ရခြင်းတို့တွင် ညအိပ်မပျော်ခြင်းကို ဖြစ်စေနိုင်ပါသည်။
- ခရီးသွားခြင်း – ခရီးဝေးသွားရသည့်အခါတွင် အိပ်မပျော်နိုင်ချေ ပိုမြင့်ပါသည်။ အချိန်ဇုမ်များစွာကို ဖြတ်ကျော်ခရီးသွားရခြင်းသည်လည်း ညအိပ်မပျော်ခြင်းကို ဖြစ်စေနိုင်ပါသည်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Insomnia (ညအိပ်မပျော်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ
သင့်အခြေအနေအား ရောဂါအမည်တပ်နိုင်ရန် ဆရာဝန်မှ မေးခွန်းများစွာကို မေးပါလိမ့်မည်။ သင့် အိပ်လိုက်နိုးလိုက်ဖြစ်သည့် ပုံစံကိုသိရန်နှင့် နေ့အချိန် အိပ်ငိုက်သည့်လယ်ဗယ် ဘယ်လောက်ရှိမည်ကို ဆုံးဖြတ်ရန်အတွက် သင့်ကို မေးခွန်းပုံစံများတွင် ဖြည့်ခိုင်းနိုင်ပါသည်။ အိပ်စက်ခြင်းအား မှတ်တမ်းတင်ရန် ဒိုင်ယာရီတစ်ခု ဆရာဝန်မှ ပေးပါလိမ့်မည်။
အိပ်မပျော်ရသည့်အကြောင်းရင်းတစ်ခုခုကို ဆရာဝန်မှ သတိပြုမိပါက စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုများဖြင့် အောက်ခံအကြောင်းရင်း ရှာပါလိမ့်မည်။ တစ်ချို့ဖြစ်ရပ်များတွင် စမ်းသပ်ရမည့် ပစ္စည်းများလည်း ရှိနေပါက သင်အိပ်ပျော်စဉ် ခန္ဓါကိုယ်လှုပ်ရှားမှုများကို စောင့်ကြည့်မှတ်တမ်းတင်ရန် လိုကောင်းလိုနိုင်ပါသည်။ ဥပမာ ဦးနှောက်လှိုင်းများ၊ အသက်ရှုခြင်း၊ နှလုံးခုန်ခြင်း၊ မျက်လုံးနှင့် ခန္ဓါလှုပ်ရှားမှုများ စသည်။
Insomnia (ညအိပ်မပျော်ခြင်း ) ကို ဘယ်လိုကုသပါသလဲ
အိပ်ရေး၀၀ အိပ်စက်နိုင်စေရန်အတွက် သင်၏ အိပ်စက်သည့်ပုံစံနှင့် ဆေးများကို ပြောင်းလဲရန် လိုကောင်းလိုနိုင်ပါသည်။ ဆရာဝန်သည် သင့်အား အိပ်ပျော်စေမည့်နည်လမ်းများ၊ အိပ်စက်မည့်နေရာအား ပြင်ဆင်ပုံများပါသည့် အမူအကျင့်ကုထုံးများနှင့် မိတ်ဆက်ပေးနိုင်ပါသည်။
ထိုနည်းလမ်းများနှင့် ရောဂါအားမကုသနိုင်လျှင် အိပ်စက်အနားယူစေနိုင်မည့် ဆေးများကို ပေးပါလိမ့်မည်။ ဆရာဝန်မှ သင့်အား အိပ်ဆေးများဖြစ်သော zolpidem (Ambien), eszopiclone (Lunesta), zaleplon (Sonata) or ramelteon (Rozerem) အား အိပ်ပျော်စေရန် ပေးပါလိမ့်မည်။ သို့သော် အိပ်ဆေးများသည် နောက်ဆုံးအဆင့်ရွေးချယ်မှုများ ဖြစ်သောကြောင့် ဘယ်ဆေးများကိုရေတိုသာသောက်ပြီး ဘယ်ဆေးများကို ရေရှည်သောက်ရမည်ကို သေချာသိထားရပါမည်။
ဆရာဝန်မှလည်း ဒီတိုင်းဝယ်ယူနိုင်သော ဆေးများကို ပေးနိုင်ပါသည်။ ထိုဆေးများတွင် အိပ်ချင်စိတ်ကို ဖြစ်စေသည်မက ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သော Antihistamine များ ပါရှိပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ညအိပ်မပျော်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ညအိပ်မပျော်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။
- လေ့ကျင့်ခန်းလုပ်ပါ တက်တက်ကြွကြွနေပါ
- ဆေးများကို စစ်ပါ – မှန်မှန်ဆေးသောက်နေရလျှင် အိပ်မပျော်ခြင်းကိုဖြစ်စေသလားဆိုသည်ကို ဆရာဝန်နှင့်ပြသစစ်ဆေးပါ
- တစ်ရေးတစ်မောအိပ်ခြင်းများကို ရှောင်ပါ – ၃၀ မိနစ်ထက်မပိုသော တစ်ရေးတစ်မောအိပ်ခြင်းသည် အဆင်ပြေ၏။ ၃ နာရီနောက်ပိုင်းတွင် အိပ်စက်ခြင်းမပြုပါနှင့်။
- ကဖိန်းနှင့် အရက်ကိုထိန်းပါ၊ နီကိုတင်းမသုံးပါနှင့်။
- အစာအများကြီးစားခြင်းနှင့် အချိုရည်သောက်ခြင်းများကို မအိပ်ခင် မလုပ်ပါနှင့်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။