အိပ်ရေးပျက် ခြင်း ဆိုတာ အမှတ်တမဲ့ သတိမထားမိတတ်တဲ့ အန္တရာယ်ပါ။ တစ်ရက်နှစ်ရက်လောက် စိတ်ဖိစီးပြီး အိပ်မပျော်တာ ပြဿနာမဟုတ်ဘူး။ စိတ်ဖိစီး နေရတဲ့ အလုပ် နဲ့ အိပ်ရေးမမှန်တာ နှစ်ချီနေပြီဆို ခွန်အားအရင်းအမြစ်တွေ မလုံလောက်တော့ဘဲ ဆိုးကျိုး အန္တရာယ်တစ်ခု မဟုတ် တစ်ခု ရှိလာနိုင်ပါတယ်။