brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာ ကောင်းသလား

သင်က ညဘက်အိပ်ရင် မီးဖွင့်ထားမှ အိပ်ပျော်တယ်။ အသက်ရှူချောင်တယ်ဆိုတဲ့သူလား။ ဒါမှမဟုတ် မီးမှောင်နေမှ အိပ်ပျော်တာလား။ ညဘက်အိပ်ရင် မီးဖွင့်ပြီး အိပ်တာကောင်းတယ်ထင်လား။ ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာ ကောင်းတယ်ထင်လား။ အဖြေလေး မပေးခင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ဦးနော်။

ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာ ကောင်းသလား

ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာ ကောင်းသလား

ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာ ကောင်းသလား

ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာ ကောင်းသလား ဆိုတော့ အမှောင် ကြောက်တတ်သူတွေကတော့ မကောင်းဘူးလို့ ပြောကောင်းပြောနိုင်ပေမယ့် အမှောင်မကြောက်သူတွေကတော့ သတင်းကောင်းပါ။ ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

အိပ်ပျော်လွယ်စေတယ်

ညအိပ်ချိန်မှာ အလင်းရောင်ကို မှိန်မှန်လေး ထားတာ၊ အိပ်ခန်းမီးတွေ အားလုံးပိတ်ပြီး အမှောင်ချ အိပ်တာက သက်သောင့်သက်သာ ဖြစ်စေပြီး မြန်မြန် အိပ်ပျော်အောင် ထောက်ကူပေးနိုင်တဲ့ မယ်လ်လာတိုနင် ထွက်ရှိမှုကို လှုံ့ဆော်ပေးပါတယ်။

ညဘက်အိပ်တဲ့အခါ မီးဖွင့်အိပ်တာက မယ်လ်လာတိုနင် ထွက်ရှိမှုကို အနှောင့်အယှက်ဖြစ်စေပြီး နေ့ညမှားတဲ့ အိပ်စက်မှုပြဿနာကို ခံစားရစေနိုင်ပါတယ်။

စိတ်ဖိစီးမှု ကင်းစေတယ်

ညအိပ်တဲ့အခါ မီးဖွင့်ပြီး အိပ်တာက နှလုံးခုန်နှုန်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်က ဇီဝနာရီက စည်းချက်မကိုက်ဘဲ အိပ်စက်ရမယ့်အချိန်ကို ဇီဝဖြစ်စဉ်က မမှတ်မိတာမျိုး ဖြစ်စေပါတယ်။

ဒီလို ခံစားရမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှု လျော့ကျလာပြီး စိတ်ဖိစီးမှုကို ခံစားရစေနိုင်ပါတယ်။

ကိုယ်အလေးချိန် ထိန်းပေးနိုင်တယ်

လေ့လာမှုတွေအရ ညအိပ်တဲ့အခါ မီးဖွင့်ပြီး အိပ်တာက ကိုယ်အလေးချိန် တိုးစေနိုင်ခြေ ပုံမှန်ထက် ၅၀ ရာခိုင်နှုန်း ပိုများနေပါတယ်။ အကြောင်းကတော့ မီးဖွင့်ထားတာက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို အနှောင့်အယှက် ဖြစ်စေတာကြောင့်ပါ။

ဒါကြောင့် ကိုယ်အလေးချိန်ကို ထိန်းချင်တယ်ဆိုရင်တော့ ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာက အကောင်းဆုံး နည်းလမ်း တစ်ရပ်ပါ။ ညဘက် အမှောင်ချ အိပ်တာက အဝမလွန်အောင်လည်း ကာကွယ်ရာရောက်ပါတယ်။

မျက်လုံးတွေကို ကျန်းမာစေတယ်

ညအိပ်တဲ့အခါ အမှောင်ချ အိပ်တာက မျက်လုံးတွေကို အနားရစေပြီး မျက်လုံး ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ညဘက်အိပ်ချိန်မှာ မီးဖွင့်အိပ်တာက အဝေးမှုန်တာလိုမျိုး အမြင်အာရုံ ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။

ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာက ခန္ဓာကိုယ်ရဲ့ အင်ဆူလင် ထုတ်လုပ်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါက ဆီးချိုဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေပါတယ်။

အာရုံစူးစိုက်မှု ကောင်းစေတယ်

ညဘက် အိပ်တဲ့အခါ အမှောင်ချ အိပ်တာက နှစ်ခြိုက်စွာ အိပ်ပျော်စေတာကြောင့် အာရုံစူးစိုက်မှု ကောင်းစေသလို တစ်နေ့တာမှာ လန်းဆန်းတက်ကြွနေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်များတာတွေ၊ စိတ်ဓာတ်ကျတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အိပ်ရေးဝဝ အိပ်ရစေတာကြောင့် ပင်ပန်းနွမ်းနယ်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

အရွယ်တင်စေနိုင်တယ်

ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာက ခန္ဓာကိုယ်ကိုရော အသားအရေကိုပါ ပြည့်ပြည့်ဝဝ အနားရစေပြီး ဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေနိုင်တာကြောင့် အရွယ်တင်စေနိုင်ပါတယ်။ ဟော်မုန်းတွေကို ထိန်းညှိပေးနိုင်တာကြောင့် အရွယ်တင်စေဖို့ ကူညီပေးပါတယ်။ ရောင်ရမ်းမှုတွေကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ညဘက်အိပ်တဲ့ အခါ အမှောင်ချ အိပ်တာက ကျန်းမာစေနိုင်ပါတယ်။

ညဘက်အိပ်တဲ့အခါ အမှောင်ချအိပ်တာက ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေပြီး ကိုယ်တွင်း ဇီဝဖြစ်စဉ်တွေကို စည်းချက်ညီစေတာကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 24/10/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။