backup og meta

နည်းပညာက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကူညီနိုင်မှာလား

နည်းပညာက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကူညီနိုင်မှာလား

ယနေ့ ကျွန်တော်တို့ လူသားတွေဟာ နည်းပညာတွေမရှိဘဲ မနေနိုင်ကြပါဘူး။ ဒါ့ကြောင့် ဒီအချက်ဟာ ကျွန်တော်တို့အတွက်  နည်းပညာသည် တကယ်ပဲ လူတွေကို အိပ်ပျော်အောင် ကူညီပေးနိုင်သလား ဆိုပြီး မေးခွန်းထုတ်စေပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး သိရှိသင့်သည်များကို အောက်ပါဆောင်းပါးလေးမှာ ဖော်ပြပေးသွားမှာပါ။

နည်းပညာပစ္စည်းတွေက melatonin ဟော်မုန်းကို ဟန့်တားနိုင်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ နည်းပညာရဲ့မိတ်ဆက်ပေးမှု ကျေးဇူးကြောင့် လူမှုဘဝတွေက အရှိန်အဟုန်နဲ့ ပြောင်းလဲခဲ့ပါတယ်။ အမှန်ပါပဲ။ လူတိုင်းရဲ့အိမ်မှာ အနည်းဆုံး တီဗွီ၊ စမတ်ဖုန်းတစ်လုံးနဲ့ အခြားပစ္စည်းတွေ ရှိနေပါပြီ။ ဒါက ဘာကို သက်သေပြလဲဆိုရင် ကျွန်တော်တို့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေက နည်းပညာနဲ့ လည်ပတ်နေတယ်ဆိုတာကိုပါပဲ။ နည်းပညာဟာ ကျွန်တော်တို့ ဘဝအတွက် အစားထိုးမရတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ။ အကယ်၍ သင်ဟာနည်းပညာကြောင့် အိပ်တဲ့အခါ အခက်အခဲတွေ့နေတယ်ဆိုရင် ဒါဟာ အထူးအဆန်းမဟုတ်ပါဘူးလို့ ပြောလို့ရပါတယ်။

Smartphone ၊ tablet ၊ television လိုမျိုး နည်းပညာပစ္စည်းတွေက ထွက်တဲ့ အပြာရောင်အလင်းက ကျွန်တော်တို့ရဲ့ အိပ်စက်မှုကို သက်ရောက်စေပါတယ်။ အကြောင်းပြချက်ကတော့ အဲ့ဒီနည်းပညာပစ္စည်းတွေက ထွက်တဲ့ အပြာရောင်အလင်းက melatonin ထုတ်လုပ်မှုကို ကန့်သတ်နိုင်ပါတယ်။ melatonin ဆိုတာ သင့်ဦးနှောက်ကို အိပ်ချင်လာအောင် ပြုလုပ်ပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ ဒီဟော်မုန်းလျော့နည်းအောင်ပြုလုပ်တာက သင့်အိပ်ပျော်သွားဖို့နဲ့ တောက်လျှောက်အိပ်ပျော်ဖို့ ခက်ခဲသွားစေမှာပါ။

သူတို့က သင့်ဦးနှောက်ကို နိုးကြားစေပြီး သင့်အိပ်စက်မှုကို နှောက်ယှက်မှာပါ။

အမှန်တကယ်ကတော့ နည်းပညာပစ္စည်းတွေကို သင့်အိပ်ရာနားမှာထားတာက သင့်ကို သင်မတွေးနိုင်တဲ့ နည်းလမ်းမြောက်မြားစွာနဲ့ နှောင့်ယှက်မှာပါ။ ဥပမာ မအိပ်ခင် e-mail နည်းနည်းပါးပါး စစ်လိုက်တာကြောင့် သင့်ရဲ့စိတ်က အလုပ်ထဲရောက်သွားနိုင်ပါတယ်။ ဒါဟာ သင့်ကို အိပ်ပျော်ဖို့ ပိုမိုခက်ခဲအောင် ပြုလုပ်ပါလိမ့်မယ်။ ဒါ့အပြင် သင်ဟာ အိပ်ဖို့ နေသားတကျမဖြစ်ခင် ရုပ်ရှင်အချို့ ကြည့်ဖြစ်မယ်ဆိုရင် အဲ့ရုပ်ရှင်တွေက သင့်ဦးနှောက်ကို သူတို့အကြောင်းအပြည့်အဝခံစားဖို့ လိုအပ်တဲ့ နိုးကြားမှုရှိအောင် လှည့်စားလိုက်ပါလိမ့်မယ်။ ဒါက သင်အိပ်ပျော်ဖို့အတွက် အနှောင့်အယှက်ပေးမှာပါ။

ဒါပေမယ့် ဒါတွေက သင်ကောင်းကောင်းအိပ်ပျော်ဖို့ ကူညီနိုင်ပါတယ်။

ဒါဟာ ဖုန်းကို စွဲစွဲလမ်းလမ်းအသုံးပြုနေတာကြောင့် အိပ်ပျော်ဖို့ ခက်ခဲတဲ့သူတွေအတွက် ထူးဆန်းနေမှာပါ။ ဒါပေမယ့် မှန်မှန်ကန်ကန်အသုံးပြုမယ်ဆို နည်းပညာက သင့်ကို ကောင်းကောင်းအိပ်ပျော်ဖို့ တကယ်ကို ကူညီနိုင်မှာပါ။

တချို့ သူတို့ဘေးပတ်ပတ်လည်မှာ အသံတစ်ခုခုရှိနေမှ အိပ်ပျော်တဲ့သူတွေရှိပါတယ်။ ဥပမာ white noise (noise with many frequencies with same intensity) ၊ ပင်လယ်ပြင်ကြီးရဲ့အသံ၊ ရေတံခွန်ကအသံတို့လိုမျိုးတွေ ဖြစ်ပါတယ်။ အဲ့လိုသူမျိုးတွေအတွက် လွယ်လွယ်အိပ်ပျော်ဖို့ ဖုန်းထဲကို အက်ပလီကေးရှင်း (application) တွေ download လုပ်နိုင်ပါတယ်။

ဆက်တိုက်တိုးတက်လာတဲ့ နည်းပညာနဲ့အတူ သင်ကောင်းကောင်းအိပ်စက်နိုင်ဖို့ ကူညီနိုင်တဲ့ application တွေကို အဖိုးအခပေးစရာမလိုပဲ အလွယ်တကူ download လုပ်လို့ရပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ နည်းပညာဟာ သင်ကောင်းကောင်းအိပ်ပျော်ဖို့ အကူအညီပေးရုံမကပဲ သင်အိပ်ပျော်စေရန် နားထောင်ဖို့လိုအပ်တဲ့ အသံထုတ်ပေးမယ့်စက်အတွက် ရင်းနှီးရမယ့် ငွေကြေးပမာဏကိုလဲ ကာမိစေပါတယ်။

အသံထုတ်ပေးနိုင်တာတင်မကပဲ နည်းပညာက သင့်အိပ်စက်မှုကို ကူညီပေးနိုင်တဲ့ နောက်တစ်ခုကတော့ သင့်ရဲ့အိပ်စက်မှုပုံစံမှာ မူမမှန်တာမျိုးကြုံတွေ့ရခြင်းရှိမရှိသိအောင် သင့်အိပ်စက်ချိန်ကို စောင့်ကြပ်ပေးတာမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် cool mist humidifier (စိုထိုင်းမှုပမာဏထိန်းပေးတဲ့လေအေးပေးစက်) ဟာလည်း နည်းပညာပစ္စည်းတစ်ခုဖြစ်ပါတယ်။ လူတော်တော်များများက အဲ့တာအသုံးမပြုဘဲ မအိပ်နိုင်ကြပါဘူး။

Insomnia ( အိပ်မပျော်တဲ့ရောဂါ ) ကတော့ လူတိုင်း တစ်သက်မှာ တစ်ခါတော့ ကြုံတွေ့ရမှာပါ။ အကယ်၍ သင်ဟာ နည်းပညာကြောင့် အိပ်ပျော်ဖို့ ခက်ခဲနေတယ်ဆိုရင်တော့ သူ့ကြောင့်ဖြစ်ပေါ်လာမယ့် နောက်ထပ်တိုးရောဂါတွေကို ရှောင်လွဲဖို့ နားလည်တတ်ကျွမ်းတဲ့သူနဲ့ အမြန်ဆုံး ပြသဖို့ လိုအပ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference: Accessed December 22, 2016
Scary Ways Technology Affects Your Sleep
https://sleep.org/articles/ways-technology-affects-sleep/

Accessed December 22, 2016.

How to use technology to sleep better
https://www.theguardian.com/technology/2016/apr/25/how-to-sleep-better-with-technology

Accessed December 22, 2016.

Can Technology Really Help You Sleep Better?
http://www.healthline.com/health-news/can-technology-really-help-you-sleep-better-022416

Accessed December 22, 2016.

ယခုပုံစံ

27/08/2020

Wathun Myat Chal မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သန်း ကိုက်တာကို ဘယ်လိုကုသမလဲ

ဖုန်မှုန့်တွေရှူမိတဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲ



Wathun Myat Chal မှ ရေးသားသည်။ · 27/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement