backup og meta

မိမိကိုယ်ကို တန်ဖိုးထားမှုကို ဘယ်လိုမြှင့်တင်မလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 29/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိမိကိုယ်ကို တန်ဖိုးထားမှုကို ဘယ်လိုမြှင့်တင်မလဲ

    လူတွေဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုဆိုတာ ဘာကိုဆိုလိုလဲဆိုတာကို ရှုပ်ထွေးတတ်ကြပါတယ်။ အချို့လူတွေက ဒါဟာ သင်ဘယ်လိုရုပ်ရည်ရှိလဲ (သို့) သူငယ်ချင်းတွေ ကြားမှာ အခြားလူတွေကြားမှာ ဘယ်လောက် ထင်ရှားလဲဆိုတာနဲ့ ဆိုင်တယ်လို့ထင်ကြပါတယ်။ အခြားလူတွေကတော့ လှပတဲ့ ကိုယ်ခန္ဓါ ရှိခြင်းဟာ သင့်ကိုယ်သင် တန်ဖိုးထားမှုကို မြင့်တက်စေတယ်လို့ ယုံကြည်ကြပြီး အချို့ကတော့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု မြင့်မားစေဖို့ တစ်ခုခုကို အောင်မြင်စွာ ပြီးမြောက်ဖို့လိုတယ်လို့ ထင်ကြပါတယ်။

    ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုဆိုတာဟာ ကိုယ်ဘယ်လိုတန်ဖိုးထားလဲဆိုတာနဲ့ ကိုယ့်ကိုယ်ကို ဘယ်လိုထင်လဲ ဆိုတာပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု နည်းတဲ့သူတွေဟာ အောက်ပါအချက်တွေကို ခံစားရနိုင်ပါတယ်။

    • သင့်ကိုယ်သင် မုန်းလား (သို့) မကြိုက်ဘူးလား

    • တန်ဖိုးမရှိသလို၊ မကောင်းသလို ခံစားနေရလား

    • ဆုံးဖြတ်ချက်တွေ မလုပ်နိုင်ဘူးလား၊ ကိုယ်တိုင် ခိုင်ခိုင်မာမာ မရပ်တည်နိုင်ဘူးလား

    • အခြားသူတွေက သင့်ကို မကြိုက်ဘူးလို့ ခံစားနေရလား

    • သင့်အပြစ်မဟုတ်တာတွေအတွက် သင့်ကိုယ်သင် အပြစ်တင်နေလား

    • အချိန် (သို့) ပိုက်ဆံဖြုန်းလိုက်တာကြောင့် အပြစ်မကင်းသလို ခံစားနေရလား

    • သင့်အားသာချက်တွေကို အသိအမှတ် မပြုနိုင်ဘူးလား

    • ပျော်ရွှင်မှုအတွက် မထိုက်တန်ဘူးလား

    • ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျဆင်းနေတာလား

    ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုနဲ့ပတ်သက်ပြီး စစ်တမ်းပြုလုပ်ပါ။

    သင်မသိတဲ့အရာကို ပြင်ဆင်နိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ အသိဉာဏ်နှင့် အပြုအမူဆိုင်ရာ ကုထုံး ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ထိုကုထုံး ကို မလုပ်ခင် သင် တွေးနေတဲ့ ပုံမှန်မဟုတ်တဲ့ အတွေးတွေကို သိနေဖို့လိုအပ်ပါတယ်။

    ဒါဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုအတွက်လည်း မှန်ကန်ပါတယ်။ အရာရာကို ခြုံပြီး ငါဟာ မကောင်းဘူး။ မကောင်းတဲ့လူပဲ။ ဘာမှ မလုပ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကို ပြောခြင်းဟာ တကယ်တမ်းတော့ ရိုးစင်းပေမယ့် ယုံကြည်ဖွယ်ဖြစ်တဲ့ လိမ်ညာမှု တစ်ခုလည်း ဖြစ်ပါတယ်။ ဒါဟာ မမှန်ဘူးလို့ အခုပြောလိုပါတယ်။ လူတိုင်းလူတိုင်းဟာ မကောင်းတဲ့ အချိန်တွေ ရှိပါတယ်။ အဖြေကတော့ ဒီကလို မကောင်းတဲ့အချိန်တွေအတွက် သင့်ကိုယ်သင် မကောင်းတဲ့လူလို့ မမှတ်ယူပဲ ဒါကို အသိအမှတ်ပြုပြီး ဘဝကို ရှေ့ဆက်သင့်ပါတယ်။

    ဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေ ထားပါ။

    တခါတလေမှာ မျှော်လင့်ချက်တွေဟာ သေးငယ်ပေမယ့် မဖြစ်နိုင်ဘူး။ ဥပမာ အမေ (သို့) အဖေက ဝေဖန်နေတာတွေ ရပ်လိုက်ရင် သိပ်ကောင်းမှာပဲလို့ မျှော်လင့်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့ဟာ ဘယ်တော့မှ ရပ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ဝေဖန်မှုတွေဟာ သင့်ကိုယ်သင် (သို့) သင့်တန်ဖိုးကို မထိခိုက်သင့်ပါဘူး။ တကယ်လို့ သူတို့ဟာ သင့်ကို ဆက်ပြီး စိတ်ပျက်စေတယ်ဆိုရင် သင့်မျှော်လင့်ချက်တွေကို ပြန်လေ့လာကြည့်ပါ။ သင့်ကိုယ်သင် တန်ဖိုးထားမှုက သင့်ကို ကျေးဇူးတင်နေမှာပါ။

    ပြီးပြည့်စုံမှုကို ဘေးဖယ်ထားလိုက်ပါ။

    ဘယ်သူကမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ နေပါစေ။ သင်ဟာလည်း ပြီးပြည့်စုံမှာ မဟုတ်ပါဘူး။ သင့်မှာ ပြီးပြည့်စုံတဲ့ ကိုယ်ခန္ဓါ၊ ပြီးပြည့်စုံတဲ့ဘဝ၊ ပြီးပြည့်စုံတဲ့ ဆက်ဆံမှု၊ ပြီးပြည့်စုံတဲ့ ကလေးတွေနဲ့ ပြီးပြည့်စုံတဲ့ မိသားစုဘ၀ ကို ရရှိမှာမဟုတ်ပါဘူး။ ပြည့်စုံခမ်းနားတဲ့ ရုပ်ရှင်ဇာတ်ကောင်၊ ကြော်ငြာတွေကို တွေ့မြင်နေရတာကြောင့် ပြီးပြည့်စုံတဲ့ အရာတွေကို မျှော်လင့်တတ်ကြပါတယ်။ တကယ်တော့ ဒါဟာ လူတွေဖန်တီးထားတဲ့ အရာသက်သက်သာ ဖြစ်ပါတယ်။ တကယ် မရှိပါဘူး။

    သင့်ကိုယ်သင် ကြိုက်နှစ်သက်တဲ့အချက်သုံးချက်ကို ချရေးပါ။

    ချရေးရတဲ့ ကောင်းကျိုးကတော့ နောက်ရက်သတ္တပတ် အနည်းငယ်ကြာရင် ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးပြီး သင်အလိုအပ်ဆုံးဖြစ်တဲ့ နေ့ရက်တွေမှာ ပြောင်းလဲမှုတွေအတွက် အဖြေတွေကို ရရှိမှာ ဖြစ်စာပတယ်။

    သင့်ကိုယ်သင် စူးစမ်းပါ။

    ‘သင့်ကိုယ်သင်သိအောင်ကြိုးစားပါ’ဆိုတဲ့ စကားဟာ နှစ်ပေါင်းများစွာတည်းက ဆင်းလာခဲ့တဲ့ စကားပုံတစ်ခုဖြစ်ပြီး သင့်ကိုယ်သင် စူးစမ်းဖို့ကို အားပေးပါတယ်။ ကိုယ်တိုင် ထိန်းညှိမှုအရှိဆုံးနဲ့ အပျော်ဆုံး လူတွေဟာ ဒီလေ့ကျင့်ခန်းကို လုပ်ထားသူတွေပဲဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ ကောင်းကွက်၊ ဆိုးကွက်တွေကို သိရှိခြင်းထက် ပိုပြီး သင့်ကို အခွင့်အလမ်းအသစ်တွေ ဖွင့်ပေးပြီး အတွေးအသစ်တွေ၊ အမြင်အသစ်တွေနဲ့ သူငယ်ချင်းအသစ်တွေ ရဖို့ကို ကူညီပေးပါတယ်။

    တခါတလေမှာ လူတွေဟာ စိတ်ဓါတ်ကျပြီး သူတို့က ကမ္ဘာကြီးကို (သို့) တခြားသူတွေကို ဘာမှ ပေးစရာမရှိတော့ဘူးလို့ ထင်မြင်တတ်ကြပါတယ်။ ဒါဟာ သူတို့ပေးနိုင်တဲ့ အရာတွေကို မရှာတွေ့သေးလို့သာ ဖြစ်နိုင်ပါတယ်။ ဒီအရာတွေဟာ ဘာတွေလဲလို့ ရှာဖွေခြင်းဟာ မှားလိုက် ပြန်ပြင်လိုက်နဲ့ပဲ သွားရမှာဖြစ်ပါတယ်။ ဒါဟာ သူတို့ဘယ်လိုလူတွေ ဖြစ်ချင်လဲ ဆိုတာကို ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကို ထည့်တွက်ပြီး လုပ်နေကျမဟုတ်တဲ့ အရာတွေကို စမ်းလုပ်ကြည့်ခြင်း ဖြစ်ပါတယ်။

    ကိုယ့်ကိုယ်ကို ဖျက်ဆီးမှုကို ရှောင်ကြဉ်ပါ။

    လူအများစုရဲ့ အဆိုးဆုံးရန်သူတွေဟာ သူတို့ကိုယ်တိုင်ပါပဲ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ခြင်းအားဖြင့် သင့်ဘဝမှာ ပိုမိုထိုက်တန်တဲ့ အရာကောင်းတွေကို ရရှိလာမှာ ဖြစ်ပါတယ်။ ဒါဆို ဒီလိုအရာတွေနောက်ကို လိုက်ရင်း စိတ်တက်ကြွမှု ပိုမို ရရှိလာနိုင်ပါတယ်။ ပြီးတော့ သင့်ကိုယ်သင် ဖျက်ဆီးမှုနည်းပါးမှသာ ဒီလိုအရာတွေကို ရရှိမှာ ဖြစ်ပါတယ်။

    သင့်ကိုယ်သင် အလိုအလျောက်ဆွဲချ သွားနိုင်ပါတယ်။ ဒါပေမယ့် မကောင်းတဲ့ အတွေးတွေနဲ့ ယုံကြည်မှုတွေကို သိမြင်အောင်လုပ်ခြင်းဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြင့်တက်စေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 29/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement